သီချင်းနားထောင်တဲ့အခါ စပီကာ ကောင်းကောင်းနဲ့ သီချင်းနားထောင်ရမယ်ဆိုရင် နားထောင်ရတာလည်း ကြည်လင်နေမှာဖြစ်ပြီး ရရှိတဲ့ အတွေ့အကြုံကလည်း ဘာနဲ့မှ လဲနိုင်မှာမဟုတ်ပါဘူး။ အခုနောက်ပိုင်းမှာ နည်းပညာ များသည် တဖြည်းဖြည်း မြင့်မားလာတဲ့အတွက်ကြောင့် အရည်အသွေး ကောင်းတဲ့ စပီကာ များသည်လည်း တစ်စထက် တစ်စ ပိုမိုများပြားလို့လာခဲ့ပါပြီ။
ကွီးတို့အနေနဲ့ နောက်ဆုံးပေါ် နည်းပညာ များနှင့် ထုတ်လုပ်ထားတဲ့ အလန်းစား စပီကာ များကို မဝယ်ခင်မှာ ကြိုတင်လေ့လာချင်ပြီး အကောင်းဆုံး တစ်မျိုးကို ရွေးချယ်ချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့ကို ကူညီပေးပါလိမ့်မယ်။
Sonos One

အရင်ဦးဆုံး ဈေးနှုန်းလေးကို အရင်ပြောချင်ပါတယ်။ သူ့ရဲ့တန်ဖိုးကတော့ ၂၇၉ ဒေါ်လာ ဖြစ်ပါတယ်။ ဒီဇိုင်းလေးကတော့ လေးထောင့်ဆန်ဆန် ဒီဇိုင်းလေးဖြစ်ပြီး Classic ဆန်တဲ့ အနက်ရောင်လေးပဲ ဖြစ်ပါတယ်။ အရောင်ကတော့ အနက်ရောင်နဲ့ အဖြူရောင် ဆိုပြီး အရောင်နှစ်မျိုးနဲ့ လာပါတယ်။ မိမိကြိုက်နှစ်သက်ရာကို ရွေးချယ် ဝယ်ယူနိုင်ပါတယ်။
သူ့ရဲ့ အားသာချက်ကတော့ အသံကွာလတီက အမိုက်စားဖြစ်ပြီး Google Assistant နဲ့ Alexa ဖန်ရှင်တို့လည်း ပါဝင်ပါတယ်။ အားနည်းချက်ကတော့ ဈေးအနည်းငယ် မြှောက်တာပါပဲ။
Amazon Echo Dot

နောက်ထပ် အမျိုးအစားတစ်ခုကတော့ Amazon Echo Dot ပဲဖြစ်ပါတယ်။ စပီကာရဲ့ အထိုင်ကို ပြင်ညီပုံသဏ္ဍာန် ပြုလုပ်ထားပြီး အပေါ်ပိုင်းကိုတော့ ခပ်လုံးလုံး ဒီဇိုင်းမျိုး တီထွင်ထားတာပဲဖြစ်ပါတယ်။ စပီကာနဲ့ အသံ အတိုး အလျော့၊ Play နှင့် Pause အပြင် Microphone Mute တို့လည်း ပါဝင်ပါတယ်။
သူ့ရဲ့ အားသာချက်ကတော့ သေးသေးလေးနှင့် နေရာမယူခြင်းပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၀ ပေးဝယ်ရမှာဖြစ်ပါတယ်။
Apple HomePod Mini

နောက်ဆုံးပေါ် နည်းပညာ နဲ့ ထုတ်လုပ်ထားပြီး လူကြိုက်များတဲ့ စမတ် စပီကာ ကတော့ Apple HomePod Mini ပဲ ဖြစ်ပါတယ်။ Voice Assistant အနေနဲ့ကတော့ Siri ပါဝင်ပြီး စပီကာပေါ်တွင် အသံ အတိုး၊ အလျော့၊ သီချင်းများကို အရှေ့ တစ်ပုဒ် ကျော်ခြင်း (သို့) အနောက် တစ်ပုဒ် ကျော်ခြင်း၊ သီချင်းကို Play လုပ်ခြင်း၊ ခဏ Pause လုပ်ခြင်း စတဲ့ ခလုတ်များ ပါဝင်ပြီး Siri နဲ့ ခိုင်းစေလို့လည်း ရပါသေးတယ်။ ဈေးနှုန်းအားဖြင့်တော့ ဒေါ်လာ ၉၉၊ ၁၀၀ ဝန်းကျင်ပဲဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ အနက်၊ အပြာ၊ အဖြူ၊ လိမ္မော်နှင့် အဝါဆိုပြီး (၅) ရောင် ရွေးချယ်နိုင်ပါတယ်။
Google Nest Audio

ဒီဇိုင်းလှတာကိုမှ ရွေးချယ်ချင်သူများအတွက် Google Nest Audio အမျိုးအစားလည်း ရှိပါသေးတယ်။ သူ့မှာကတော့ Voice Assistant အနေနဲ့ Google Assistant ပါဝင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၆၉ ၊ ၇၀ ဝန်းကျင် ဖြစ်ပါတယ်။ အရောင်ကတော့ အပြာနု၊ အစိမ်းနုနှင့် ပန်းနုရောင်ဆိုပြီး ရွေးချယ်စရာ (၃) မျိုး ရှိပါတယ်။
Bose Smart Speaker 500

နောက်ထပ် လူကြိုက်များတဲ့ အမျိုးအစားတစ်ခုကတော့ Bose Smart Speaker 500 ပဲဖြစ်ပါတယ်။ သူ့မှာတော့ Alexa နှင့် Google Assistant တို့ ပါဝင်ပါတယ်။ စပီကာပေါ်မှာ ခလုတ်ဖန်ရှင်မျိုးစုံလည်း ပါရှိပြီး ဒီဇိုင်းကလည်း Classic ဆန်ပါတယ်။ အသံထွက်အား ကွာလတီက အမိုက်စားဖြစ်ပြီး တန်ဖိုးအနေနဲ့ကတော့ ဒေါ်လာ ၃၇၉ ပေးဝယ်ရမှာဖြစ်ပါတယ်။ အရောင်ကတော့ အနက်နဲ့ အဖြူဆိုပြီး ရွေးချယ်နိုင်ပါတယ်။
Source: Techradar
Featured Image: Billboard
