အိုင်တီခေတ်ကြီးမှာ နေနေပြီး ရိုးရိုးလက်ပတ်နာရီတွေကို ပတ်နေတုန်းလား။ နောက်ဆုံးပေါ် စမတ် နာရီတွေ အသုံးပြုပြီး ဖက်ရှင်ကျကျ မလန်းချင်ဘူးလား။
နောက်ဆုံးပေါ် စမတ် နာရီတွေမှာဆိုရင် အချိန် သိနိုင်တဲ့ ဖန်ရှင်တစ်ခုတည်း ပါဝင်တာ မဟုတ်ပါဘူး။ ဖုန်းပြောနိုင်တာမျိုး၊ နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ ဖန်ရှင်မျိုး အစရှိတဲ့ အမျိုးအစား မျိုးစုံ ပါဝင်ပါတယ်။
အကောင်းစား နောက်ဆုံးပေါ် စမတ် နာရီတွေကလည်း မော်ဒယ်တစ်မျိုးပြီး တစ်မျိုး ပေါ်ထွက်လာနေပါတယ်။ ထိုအထဲကမှ လူကြိုက် အများဆုံး အကောင်းစားလေးတွေကို ကွီးတို့အတွက် လက်တို့ပြီး ဖော်ပြပေးလိုက်ရပါတယ်။
(၁) Apple Watch Series 8

ဒီအမျိုးအစားကတော့ ယေဘုယျ ခြုံငုံကြည့်ရင် အကောင်းဆုံး တစ်ပြေးနေတဲ့ အမျိုးအစားတစ်မျိုးပဲဖြစ်ပါတယ်။ သူ့ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၃၉၉ ဆိုတော့ ၄၀၀ နီးပါးပါပဲ။ သူ့ရဲ့ အားသာချက်ကတော့ ဘက္ထရီသက်တမ်းက အမိုက်စားဖြစ်ပြီး ကားတိုက်မှု ကြုံတွေ့ရတဲ့အခါ အရေးပေါ် ဖုန်းခေါ်ဆိုမှုကို အလိုအလျောက် လုပ်ပေးထားတဲ့ နည်းပညာတစ်မျိုး ထည့်သွင်းထားပါတယ်။
(၂) Samsung Galaxy Watch 5

Android စမတ်နာရီ အကောင်းစား အသုံးပြုချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားကို အသုံးပြုနိုင်ပါတယ်။ သူ့ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၂၈၀ ဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။ သူ့ရဲ့ အားသာချက်ကတော့ ဒီဇိုင်းပိုင်းပဲဖြစ်ပါတယ်။ ဒစ်ဂျစ်တယ် ခလုတ်သေးသေးလေးတွေကလည်း အထာကျကျ မိမိုက်နေတာပဲဖြစ်ပါတယ်။
(၃) Garmin Venu Sq 2
![]()
Garmin Venu Sq 2 ကတော့ ဘက္ထရီအကြာကြီး အသုံးခံချင်တဲ့သူတွေအတွက် ရွေးချယ်သင့်တဲ့ အမျိုးအစားတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၂၅၀ ဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။
(၄) Apple Watch SE (2022)

Apple Watch လည်း အသုံးပြုချင်တယ် ဈေးနည်းနည်း သက်သာတာကို အသုံးပြုချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။ သူကတော့ ဒေါ်လာ ၂၄၀ ဝန်းကျင် ပေးချေရမှာဖြစ်ပါတယ်။
(၅) Apple Watch Ultra

Apple Watch Ultra ကတော့ Outdoor အားကစား ပြုလုပ်သူများအတွက် အသင့်တော်ဆုံးပါပဲ။ နှလုံးခုန်နှုန်း မြန်နေသလား၊ နှေးနေသလား စသည်ဖြင့် တိုင်းတာပေးပြီး ဖန်ရှင်မျိုးစုံ ပါဝင်ပါတယ်။ ဈေးနှုန်းအားဖြင့် ဒေါ်လာ ၈၀၀ ကုန်ကျမှာဖြစ်ပါတယ်။
(၆) Fitbit Sense 2

ဒီအမျိုးအစားလေးကတော့ ဒေါ်လာ ၃၀၀ ဝန်းကျင် ပေးချေရမှာဖြစ်ပါတယ်။ သူ့ဘက္ထရီကလည်း ၅ ရက်တောင် အသုံးခံပြီး စိတ်ဖိစီးမှုကို တိုင်းတာပေးတဲ့ ဖန်ရှင်လည်း ပါဝင်တာကြောင့် စိတ်ဖိစီးမှု များတတ်တဲ့သူတွေအတွက် ကွက်တိပါပဲ။
(၇) Garmin Lily

Garmin Lily ကတော့ လက်ကောက်ဝတ် သေးတဲ့ ကွီးတို့အတွက် အံကိုက်ပါပဲ။ သူ့ရဲ့ တန်ဖိုးအနေနဲ့ကတော့ ဒေါ်လာ ၂၅၀ ပေးချေရမှာပဲဖြစ်ပါတယ်။
(၈) Google Pixel Watch
![]()
Google Pixel Watch ကတော့ ဒေါ်လာ ၃၅၀ ဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။ ECG App လည်း ပါဝင်တဲ့အပြင် Fitness Tracking လိုက်ပေးတဲ့ နည်းပညာကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။
ကွီးတို့ရော အခုဖော်ပြသွားတဲ့ စမတ်နာရီတွေထဲက ဘယ်အမျိုးအစားကို ကြိုက်နှစ်သက်ပါသလဲ။
Source: Pcmag
Featured Image: Wareable
