ကွီးတို့ နေ့ရက်တိုင်းကို လန်းဆန်းတက်ကြွမှု အပြည့်နဲ့ ဖြတ်သန်းချင်ပါသလား ? ဒါဆိုရင်တော့ ဒီဆောင်ပါးမှာ ကွီးတို့ လုပ်ဆောင်ရမယ့် Tips လေးတွေကို မျှဝေပေးပါမယ်။ ငွေတပြားတချပ်မှ မကုန်ပဲ နေ့ရက်တိုင်း လန်းဆန်း တက်ကြွနေစေဖို့အတွက် လူတိုင်းလုပ်ဆောင်နိုင်မယ့် အချက်လေးတွေ ဖြစ်ပါတယ်။

(၁) အပျက်သဘောဆောင်တဲ့ အတွေးတွေ ရှင်းထုတ်ထားပါ

Happy smiling man

Photo : YourDOST

တစ်နေ့တာလုံး ခွန်အားအပြည့် ၊ လန်းဆန်းတက်ကြွမှု အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ မနက်ခင်းမှာ မကောင်းတဲ့ အတွေးတွေ ၊ စိတ်ပူပန်စရာတွေကို မေ့ပျောက်ထားဖို့ လိုပါမယ်။ အမှတ်မထင် ကြုံလာရတဲ့ စိတ်ညစ်စရာတွေကိုလည်း အတက်နိုင်ဆုံး မေ့ပျောက်ထားပါ။ မဟုတ်ရင်တော့ ကွီးတို့ရဲ့တစ်နေ့တာလုံးက စိတ်ညစ်စရာတွေနဲ့ ဖြတ်သန်းနေရနိုင်ပြီး တက်ကြွမှုဆိုတာလည်း ရှိနိုင်မှာ မဟုတ်ပါဘူး။

(၂) ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပါ

Fitness Man

Photo : Eat This Not That

ခန္ဓာကိုယ်က တစ်ညလုံး အိပ်စက်ထားတဲ့အတွက် ကြွက်သားတွေ လေးလံပြီး လူက ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က အကြောအချဉ်တွေ ပြေလျော့စေပြီး လန်းဆန်းတက်ကြွမှု အပြည့်နဲ့ နေ့သစ်ကိုစတင်နိုင်ဖို့ မနက်ခင်းမှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း တစ်ခုခု လုပ်ဆောင်ပေး သင့်ပါတယ်။ လမ်းလျောက်ခြင်း ၊ ပြေးခြင်း ၊ စက်ဘီးနင်းခြင်း စတဲ့ ငွေကုန်ကြေးကျမရှိတဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုခုကို လုပ်ဆောင်ပါ။

(၃) ရေအေးနဲ့ ရေချိုးပါ

Take A Shower

Photo : Brickell Men’s Products

မနက်ခင်းမှာ ရေချိုးခြင်းက ကျန်းမာရေးနဲ့ ညီညွှတ်သလို အပူကင်းပြီး ကိုယ်လက်ပေါ့ပါး လန်းဆန်းစေပါတယ်။ အများစုကတော့ မနက်ခင်းမှာ အေးလို့ အချိန်မရလို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ကိုယ်လက်သန့်ရှင်းတာ မျက်နှာသစ် သွားတာလောက်ပဲလုပ်ဆောင်ပြီး ညနေအပြင်ကပြန်ရောက်မှ ရေအဝချိုးတက်တာပါ။ တကယ်တော့ မနက်ခင်းမှာ ရေချိုးလိုက်ခြင်းက အညောင်းအညာ ပြေစေသလို စိတ်ကြည်လင်လန်းဆန်းစေပြီး စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။

(၄) အာဟာရပြည့်ဝတဲ့ မနက်စာစားပါ

Breakfasts
Photo : Men’s Health

သုတေသီတွေကတော့ မနက်ခင်းမှာ အာဟာရပြည့်ဝတဲ့ မနက်စာကောင်းကောင်း စားသုံးသင့်တယ်လို့ အကြံပြုထားပါတယ်။ အများစုက မနက်စာကို သေချာပြင်ဆင်လေ့မရှိပဲ ကြုံသလိုပဲစားလိုက်ပြီး တစ်ခါတစ်လေ မနက်စာမစားဖြစ်တဲ့ ရက်တွေတောင်မှ ရှိကြပါသေးတယ်။ တကယ်တော့ ဒါဟာမှားယွင်းတဲ့ အယူအဆတစ်ခုပါ။ မနက်ခင်းမှ အဟာရပြည့်ဝတဲ့မနက်စာကောင်းကောင်း စားသုံးဖို့ လိုအပ်ပြီး ဒါမှလည်း Energy အပြည့်နဲ့ တစ်နေ့တာကို ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

Source : Nuzest SG

Featured Photo :  Country Living Magazine