မကြာခင်မှာ ၂၀၂၂ ကုန်ဆုံးပြီး ၂၀၂၃ ကို‌ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ နှစ်ဟောင်းကနေ နှစ်သစ် ကို ကူးပြောင်းတဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ညမှာ ကမ္ဘာပေါ်က မြို့ကြီးတော်တော်များများမှာ နှစ်သစ်ကို ကြိုဆိုတဲ့ ပွဲအခမ်းအနာတွေ၊ Count Down ပွဲတွေ နှစ်စဉ်၊ နှစ်တိုင်း ခမ်းခမ်းနားနား မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပလျက်ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နှစ်သစ် ကို ရင်သပ်ရှုမောဖွယ် ကြိုဆိုကြတဲ့ ကမ္ဘာပေါ်က မြို့ကြီးများ အကြောင်းကို ဗဟုသုတ အနေနဲ့ ဖော်ပြပေးချင်ပါတယ်။

Sydney, Australia

နှစ်သစ် မြို့ကြီးများ

Photo : CBC

သြစတေးလျနိုင်ငံ၊ Sydney မြို့မှာကျင်းပလေ့ရှိတဲ့ နှစ်သစ်ကူး အကြိုညက စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ကြည်နူးဖွယ် အတွေ့အကြုံကို ပေးဆောင်နိုင်တာကြောင့် နှစ်သစ် ကူးကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲချင်ကြတဲ့ ခရီးသွားများအကြား ရေပန်းစားတဲ့ မြို့ကြီးများ ထဲက တစ်ခုဖြစ်ပါတယ်။ Sydney ဆိပ်ကမ်းပေါ်ရှိ ဖောက်သော မီးရှူးမီးပန်းများသည် လုံးဝကို ရင်သက်ရှုမောဖွယ်ကောင်းတာကြောင့် ခရီးသွားများရဲ့ အာရုံကို ဖမ်းစားလေ့ရှိတယ် လို့ဆိုပါတယ်။

New York, United States

နှစ်သစ် မြို့ကြီးများ

Photo : Secret NYC

New York ရဲ့ အထင်ကရနေရာဖြစ်တဲ့ Times Square Ball Drop တွင် ကျင်းပလေ့ရှိတဲ့ နှစ်သစ်ကူးပွဲများကို တကယ်ကို ပြိုင်ဘက်ကင်းလောက်အောင် လှပပါတယ်။ Central Park နှင့် New York Harbor တို့တွင် စွဲမက်ဖွယ်ကောင်းသော မီးရှူးမီးပန်းများဖြင့် နှစ်သစ်ကို ကြိုဆိုခြင်းက လူအများအပြားနဲ့ ခရီးသွားများကို ဆွဲဆောင်လေ့ရှိပါတယ်။  New York သည် Eve’s Celebration များအတွက် အကန့်အသတ်မရှိ ရွေးချယ်စရာများ ပေးစွမ်းသောကြောင့် ကမ္ဘာပေါ်တွင် နှစ်သစ်ကူးပွဲ ဆင်နွှဲရန် အကောင်းဆုံးနေရာ တစ်ခုလည်းဖြစ်ပါတယ်။

Gao, India

နှစ်သစ် မြို့ကြီးများ

Photo : Nerd’s Travel

အိန္ဒိယနိုင်ငံ Gao ဒေသဟာ အိန္ဒိယနိုင်ငံကို အလည်အပတ်ရောက်ခဲ့လျှင် မဖြစ်အနေ လည်ပတ်ရမဲ့ နေရာထဲမှာ ပါပါတယ်။ ဒီဒေသမှာ ကျင်းပလေ့ရှိတဲ့ နှစ်သစ်ကူးပွဲတွေဟာလည်း တကယ်ကို အထင်ကရပါပဲ။ ရင်သပ်ရှုမောဖွယ်ကမ်းခြေပါတီများ၊ ကလပ်များ၊ ကာစီနိုများနှင့် မတူညီသောနှစ်သစ်ကူးပွဲများနှင့်အတူ ရင်သပ်ရှုမောဖွယ် မီးရှူးမီးပန်းများဖြင့်၊ Goa သည် နှစ်သစ်ကူးတွင် ဘတ်ဂျက်ကို ကြည့်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသော ညတစ်ညကို ရှာဖွေနေပါက မှန်ကန်သော ရွေးချယ်မှုပါပဲ။

Tokyo, Japan

New Year Eve

 

Photo : Destination 360

နှစ်သစ် ကို ရင်သပ်ရှုမောဖွယ် ကြိုဆိုကြတဲ့ ကမ္ဘာပေါ်က မြို့ကြီးများ ထဲမှာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့လည်း အပါအဝင်ဖြစ်ပါတယ်။ တိုကျိုမှာ နှစ်သစ်ကူးပွဲတော်ကို ဒီဇင်ဘာ ၂၉ ရက်မှ စတင်ကာ ဇန်နဝါရီ ၄ ရက်အထိ ဆက်လက် ကျင်းပလေ့တာကြောင့် နှစ်သစ်ကူးကို ရက်ကြာကြာလေး ဆင်နွှချင်တဲ့ သူတွေအတွက် တကယ်ကို ရွေးချယ်စရာတစ်ခုပါပဲ။ တိုကျိုတွင် နှစ်သစ်ကို ခမ်းခမ်းနားနား ဆင်နွှဲရန် အကောင်းဆုံးနေရာများထဲမှ တစ်ခုမှာ မြို့တွင်းရှိ နတ်ကွန်းတစ်ခုဖြစ်တဲ့ ခရီးသွားများ နှင့် ပြည့်နေသော Meiji Shrine ဖြစ်ပါတယ်။

Bangkok, Thailand

New Year Eve

Photo : Lifestyle Aisa

ကွီးတို့ အနေနဲ့ နှစ်သစ်ကူးကို နီးနီးနားနားခရီးသွားရင်း ဆင်နွှဲချင်တယ်ဆိုရင် အိမ်နီးချင်းနိုင်ငံ ဘန်ကောက်မြို့ ရှိပါတယ်။ ခရီးသွား အများအပြားကို ဆွဲဆောင်နေတဲ့ Central World Square က မြို့တော်ရဲ့ အထင်ကရနေရာဖြစ်ပြီး မီးရှူးမီးပန်းများနဲ့ ရင်ပြင်တွင် ဘားများနှင့် ကလပ်များ အစုံရှိကာ တကယ်ကို အသက်ဝင် လှုပ်ရှားတတ်ကြွလာစေပါတယ်။ စိတ်အပန်းပြေစေတဲံ နှစ်သစ်အတွေ့အကြုံအတွက် လှပသော ကောင်းကင်ယံနှင့် မီးရှူးမီးပန်းများက သက်သေခံပါလိမ့်မယ်။

Source : My Holidays

Featured Photo : Sky News Australia