ဒီ နှစ် ထဲမှာ အသစ် ထွက်ရှိမယ့် အမိုက်စား စမတ်ဖုန်း မော်ဒယ်တွေကို စောင့်မျှော်နေပါသလား။ ဒီ နှစ် ထွက်မယ့် စမတ်ဖုန်း တွေကို စောင့်ပြီးမှ ဖုန်းအသစ်လဲချင်တဲ့ ကွီးတို့အတွက် အခုဖော်ပြပေးမယ့် ဖုန်း မော်ဒယ်အသစ်တွေကို စောင့်မျှော်နိုင်ပါတယ်။
(၁) Asus ROG Phone 8 Pro

ဒီမော်ဒယ်အမျိုးအစားကတော့ ဂိမ်းချစ်သူ ကွီးတို့အတွက် ရည်ရွယ်ကာ ထုတ်လုပ်ထားတဲ့ Gaming Phone အမျိုးအစားပဲဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းကလည်း ပြောစရာမလိုအောင် မိမိုက်နေပြီး အရောင်စပ်ထားတာကလည်း ရှယ်မိုက်ပါတယ်။ တရားဝင် ရောင်းချမှုကိုတော့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကမှ စတင် ရောင်းချထားတာပဲ ဖြစ်ပါတယ်။
(၂) Samsung Galaxy S24

မနှစ်က ၂၀၂၃ မှာတော့ Galaxy S23 ၊ S23+ နဲ့ S23 Ultra တို့ကို ထုတ်လုပ်ထားပါတယ်။ ဒီနှစ်ထဲမှာတော့ S24 စီးရီးတွေ ထွက်ရှိမယ်လို့ သတင်း ကြေညာထားပါတယ်။ တရားဝင် Launch လုပ်မယ့်ရက်ကတော့ ဇန်နဝါရီလ ၁၇ ရက်နေ့လို့ သတင်းကြားသိရပါတယ်။
(၃) Apple iPhone 16 Series

Apple ကတော့ နှစ်တိုင်းဆိုသလို စက်တင်ဘာလမှာ သူ့ရဲ့ iPhone စီးရီးတွေကို မိတ်ဆက်ပေးလေ့ရှိပါတယ်။ ဒီနှစ်ထဲမှာလည်း သူ့ရဲ့ အိုင်ဖုန်း စီးရီးအသစ်တွေကို မိတ်ဆက်ပေးသွားမယ်ဆိုတာ သံသယ ဝင်စရာမရှိပါဘူး။ တစ်ခုပါပဲ။ ဒီ နှစ် ထဲ ထွက်မယ့် စမတ်ဖုန်း စီးရီးကရော ပြီးခဲ့တဲ့ နှစ်က ထွက်ခဲ့တဲ့ iPhone 15 စီးရီးတွေနဲ့ ဘယ်လောက်တောင် သိသိသာသာ ပြောင်းလဲသွားမှာ မို့လို့လဲ ဆိုတာကတော့ လူအတော်များများ စိတ်ဝင်စားနေကြတဲ့ အချက်ပါပဲ။
(၄) Nothing Phone 3

Nothing Phone 3 ကတော့ ဇူလိုင်လမှာ ထွက်ရှိလိမ့်မယ်လို့ ကောလဟလ ထွက်ရှိထားပါတယ်။ ဈေးနှုန်း အရမ်း မမြှောက်ဘဲနဲ့ ကွာလတီကောင်းကောင်းလေး သုံးချင်တာဆိုရင်တော့ Nothing Phone မော်ဒယ် အမျိုးအစားတွေကို ရွေးချယ်သင့်ပါတယ်။
(၅) Xiaomi 14 Series

Xiaomi 14 နဲ့ 14 Pro တို့က Qualcomm Snapdragon 8 Gen 3 ချစ်ပ်ကို သုံးထားတာပဲ ဖြစ်ပါတယ်။ တရုတ်မှာကတော့ နိုဝင်ဘာလကတည်းက တရားဝင် ရောင်းချနေတာပဲဖြစ်ပါတယ်။ ကမ္ဘာအနှံ့မှာတော့ ဒီနှစ် အစောပိုင်းမှာ တရားဝင် ရောင်းချလိမ့်မယ်လို့ ကြေညာထားပါတယ်။ ကွီးတို့က Xiaomi ချစ်သူတွေဆိုရင်တော့ ဒီမော်ဒယ်အမျိုးအစားကို သုံးကြည့်သင့်ပါတယ်။
(၆) Honor Magic 6 Pro

Honor Magic 6 Pro တွေကတော့ Pre Order လုပ်လို့ရနေပါပြီ။ 5G စမတ်ဖုန်းတစ်မျိုးဖြစ်ပြီး ဆင်းကဒ် နှစ်ခု ထည့်ကာ အသုံးပြုနိုင်တဲ့အတွက်ကြောင့် ကွီးတို့လည်း သဘောကျမှာပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၉၀၀ ဝန်းကျင် ပေးဝယ်ရမှာပဲ ဖြစ်ပါတယ်။
ကွီးတို့ရော ဒီနှစ်ထဲမှာ ထွက်ရှိမယ့် စမတ်ဖုန်းတွေ အကုန်လုံးကို စောင့်ပြီးမှ အသစ်ပြောင်း ကိုင်တော့မှာလား။
Source : Stuff
Featured Photo : Cnet
