နှလုံးဟာ လူခန္ဓာကိုယ် အသက်ရှင်ဖို့အတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခုပါ။ နှလုံးကျန်းမာမှ စိတ်သွားတိုင်း ကိုယ်ပါပြီး ကိုယ်လုပ်ချင်တာတွေကို လုပ်နိုင်မှာပါ။ နှလုံးမကျန်းရင် ကိုယ့်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်နိုင်ရုံသာမက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုကိုလည်း ထိခိုက်စေပါတယ်။ နှလုံးအခြေအနေ မတည်ငြိမ်ရင် သို့မဟုတ် နှလုံးမကောင်းရင် ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှုမဝခြင်း၊ ခံနိုင်ရည်မရှိခြင်းစတဲ့ ယေဘုယျအခြေအနေများအပြင် ဆိုးဝါးသော ကျန်းမာရေးပြဿနာများ ဖြစ်တတ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကလည်း နှလုံးကျန်းမာရေး အပါအဝင် အလုံးစုံသော ကျန်းမာရေးပေါ်မှာ မူတည်ပါတယ်။ နှလုံးကောင်းမှ သာ ကွီးတို့ စကီလေးနဲ့ အပီအပြင် ချစ်နိုင်ပြီး အခြားသော ကိုယ်လုပ်ချင်တဲ့ အရာများကို လုပ်နိုင်၊ စွမ်းဆောင်နိုင်မှာပါ။

နှလုံးကောင်းမှ အပီအပြင်

Photo : Fourth Frontier Blogs

ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ နှလုံးကျန်းမာရေးအောင် ပြုမူနေထိုင်သင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဆေးလိပ်ဖြတ်ပါ

နှလုံးကောင်းမှ အပီအပြင်

Photo : Vista Create

ကွီးတို့က ဆေးလိပ်သောက်တတ်သူ တစ်ယောက်လား။ ဒါဆိုရင်တော့ ဆေးလိပ်ဖြတ်ဖို့ အကြံပေးပါရစေ။ ဆေးလိပ်သောက်ခြင်းက ကွီးတို့ရဲ့ နှလုံးကျန်းမာရေးကိုသာမက အခြားသော ကျန်းမာရေး ပြဿနာများကိုပါ ဖြစ်ပေါ်စေပါတယ်။ လေ့လာမှုများအရ ဆေးလိပ်သောက်ခြင်းကို စွန့်လွှတ်ပြီး တစ်နှစ်ကြာတဲ့အချိန်မှာ နှလုံးဖောက်ခြင်း (Heart Attack) ဖြစ်နိုင်ခြေ ထက်ဝန့်ခန့် လျော့နည်းသွားကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒါတင်မကသေးဘဲ ‌ဆေးလိပ်သောက်ခြင်းက အမျိုးသားတို့ရဲ့ လိင်တံ အရွယ်အစားပေါ် သက်ရောက်နိုင်တာကြောင့် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်နဲ့ ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် စကီလေးနဲ့ အပီအပြင် ချစ်ချင်ရင် ဆေးလိပ်ကို လုံးဝဖြတ်ပါ။

လှုပ်လှုပ်ရှားရှားနေပါ

နှလုံးကောင်းမှ အပီအပြင်

Photo : Vista Create

ကိုယ်လက်လှုပ်ရှားမှု ရှိပြီး တတ်ကြွစွာ နေထိုင်ခြင်းက နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ တစ်ပတ်လျှင် မိနစ် ၁၅၀ ခန့် အေရိုးဗစ်လှုပ်ရှားမှု သို့မဟုတ် တစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် မိနစ် ၃၀ ခန့် လှုပ်ရှားမှုကို ပြုလုပ်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပေးခြင်းက နှလုံးကျန်းမာရေးကို အထောက်အကူပြုစေသည်သာမက လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပြီးသားဖြစ်စေပါတယ်။ သက်လုံလည်းကောင်းစေပါတယ်။

အမျှင်ဓာတ်များများစားပါ

နှလုံးကောင်းမှ အပီအပြင်

Photo : Solution Pharmacy

နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ရန် တစ်နေ့လျှင် အမျှင်ဓာတ် အနည်းဆုံး ၃၀ ဂရမ် စားပေးပါ။ အဆီနှင့် သကြားဓာတ်နည်းသော အစားအစာများ၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ များများစားပါ။ နောက်တစ်ချက်အနေနဲ့ကတော့ ပြည့်ဝဆီများတဲ့ အစားအစာတွေကို လျော့စားပါ။ ပြည့်ဝဆီများတဲ့ အစားအစာတွေ များလွန်းတဲ့အခါ သွေးထဲမှာ ကိုလက်စထရောပမာဏ မြင့်တက်လာပြီး နှလုံးကျန်းမာရေးအပေါ် သက်ရောက်နိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံက နှလုံးအတွက်သာမက အလုံးစုံသော ကျန်းမာရေးကို အထောက်အကူပြုစေပါတယ်။

ဆားလျှော့စားပါ

Photo : Harvard Health

ကွီးတို့ အလုံးစုံသော ကျန်းမာရေးအတွက် ဆားကို လျှော့စားဖို့ လိုပါတယ်။ ကျန်းမာသော သွေးပေါင်ချိန်ကို ထိန်းထားရန်၊ ဟင်းချက်သည့်အခါ ဆားအလွန်အကျွံသုံးခြင်းကို ရှောင်ကြဉ်ပါ။ ဒါ့အပြင် ဆားဓာတ်ပါဝင်မှု မြင့်မားတဲ့ အဆင်သင့်လုပ်ထားတဲ့ အစားအစာများအား မကြာခဏ စားခြင်းကိုလည်း တတ်နိုင်သလောက် ရှောင်ပါ။

စိတ်ဖိစီးမှုများကို လျှော့ချပါ

Photo : Stock

ကျွန်တော်တို့ ရှင်သန်နေထိုင်နေရတဲ့ လူအဖွဲ့အစည်းမှာ ဘက်ပေါင်းစုံကနေ တစ်နည်းမဟုတ် တစ်နည်း စိတ်ဖိစီးမှုတွေ ရနေပါတယ်။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေက နှလုံးကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အဓိက အကြောင်းအရင်းတွေပါပဲ။ စိတ်ဖိစီးမှုတွေကို ရေရှည်ဖြစ်လာရင် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ဆိုးကျိုးများစွာ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် နှလုံးကျန်းမာချင်ရင် စိတ်ဖိစီးမှုများကို လျော့ချဖို့လိုပါတယ်။ စိတ်ဖိစီးတွေကို လျော့ချဖို့ဆိုရင်

  • တရားထိုင်ခြင်း
  • လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်း
  • ယောဂကျင့်ခြင်း
  • သဘာဝတရားနဲ့ ထိတွေ့ခြင်း
  • စာဖတ်ခြင်း
  • ပန်းချီဆွဲခြင်း
  • ကိုယ်ဝါသနာပါရာကို ပြုလုပ်ခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။

ကောင်းစွာ အိပ်စက်အနားယူပါ

Photo : Vista Create

တစ်ညကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ချိန် ၆ နာရီထက် နည်းသူတွေက သွေးပေါင်ချိန်နဲ့ ကိုလက်စထရော မြင့်တက်လာပါတယ်။ ဒါက အဝလွန်ခြင်းနှင့် ဆီးချိုရောဂါ ဖြစ်နိုင်ချေကိုလည်း တိုးစေပါတယ်။ ဒီအချက်နှစ်ခုလုံးက ကွီးရဲ့နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဦးနှောက်၊ နှလုံးနဲ့ အလုံးစုံသော ကျန်းမာရေးတို့အတွက် အိပ်ချိန် အနည်းဆုံး ၇ နာရီမှ ၈ နာရီ ရှိဖို့ လိုအပ်ပါတယ်။

ကွီးတို့ရေ နှလုံးကောင်းမှ အခြားသော လုပ်ငန်းဆောင်တာများအပြင် စကီလေးနဲ့လည်း အပီအပြင် ချစ်နိုင်ပြီး သာယာ‌ပျော်ရွှင်တဲ့ လိင်မှုဘဝကို ရရှိနိုင်မှာပါ။ အခုဖော်ပြပေးလိုက်တဲ့ အချက်တွေက နှလုံးကျန်းမာရေးအတွက်သာမက အလုံးစုံသော ကျန်းမာရေးကို အထောက်အကူပြုတာကြောင့် လိုက်နာကျင့်သုံးဖို့ အလေးအနက်ထား တိုက်တွန်းလိုက်ပါတယ်ဗျာ။

Source : Bluebird Care

Featured Photo : Divine Heart Hospital