နှလုံးကျန်းမာရေးသည် အင်မတန်မှ အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ ကွီးတို့ နှလုံး ကျန်းမာရေးက ဒေါင်ဒေါင်မြည်နေမှသာလျှင် ကိုယ် လုပ်ချင်တာတွေကို လုပ်နိုင်မှာပဲဖြစ်ပါတယ်။ နှလုံး မကျန်းမာရင် လုပ်ချင်တာလည်း မလုပ်ရ၊ ချစ်တင်းနှော ချင်တာလည်း မနှောရတာမျိုးလည်း ဖြစ်ပေါ်နိုင်ပါတယ်။
ကွီးတို့မှာ နှလုံး ရောဂါ ရှိတယ်ဆိုရင် ချစ်တင်းနှော ဖို့ အန္တရာယ် ဖြစ်နိုင်သလား
ချစ်တင်းနှောခြင်းသည် နှလုံးခုန်နှုန်းကို မြန်ဆန်စေပါတယ်။ ဒါပေမဲ့လည်း နှလုံး ရောဂါက အခြေအနေ အရမ်းမဆိုးရင်တော့ ချစ်တင်းနှော ဖို့ရန်အတွက် စိတ်ပူစရာမလိုပါဘူး။ တကယ်လို့ ကွီးတို့သည် နှလုံးရောဂါ ရှိပေမဲ့ လှေကား တက်တဲ့အခါမျိုး၊ လမ်းမြန်မြန် လျှောက်ခြင်းတို့ကို အခက်အခဲမရှိဘဲ ပြုလုပ်နိုင်တယ်ဆိုရင်တော့ ကွီးတို့သည် ချစ်တင်းနှောဖို့အတွက်လည်း အဆင်ပြေနိုင်ပါတယ်။ ဒါပေမဲ့ သာမန် ကျန်းမာနေတဲ့ လူလိုမျိုးတော့ စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။
နှလုံးကျန်းမာနေအောင် ဘယ်လိုလုပ်ဆောင်ရမလဲ
လုပ်ဆောင်လို့ရတဲ့ နည်းလမ်းတွေကတော့ အများကြီးပါပဲ။ ကွီးတို့ ကိုယ်တိုင် လိုက်လုပ်သင့်တဲ့ အချက်တွေပဲဖြစ်ပါတယ်။ ဒါမှသာလျှင် နှလုံးရောဂါလို ရောဂါတစ်ခုက ကွီးတို့ဆီကို တံခါးခေါက်ပြီး ရောက်မလာမှာပါ။
ဒါဆိုရင် နှလုံး ရောဂါ မဖြစ်အောင် ဘယ်လိုမျိုး ပြုမူနေထိုင်ရမလဲ
ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများ စားသုံးပါ
အာဟာရဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာများကို များများ စားသုံးသင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများကို စားသုံးပြီး ကွီးတို့ရဲ့ ကျန်းမာရေးကို မြှင့်တင်သင့်ပါတယ်။ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာများကို များများ စားသုံးသင့်ပါတယ်။ အဆီအဆိမ့်များကို လျော့စားပြီး အသင့်စား အစားအစာများကိုလည်း မစားသုံးသင့်ပါဘူး။
ကိုယ်လက် လှုပ်ရှားမှု ရှိပါစေ
ကိုယ်လက် လှုပ်ရှားမှုကတော့ နှလုံးရောဂါ သမားမှ မဟုတ်ပါဘူး။ လူတိုင်း လူတိုင်း နေ့စဥ် ပြုလုပ်ရမယ့်အရာပဲ ဖြစ်ပါတယ်။ တစ်နေ့လျှင် မိနစ် ၃၀ ခန့် လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းအားဖြင့် ကျန်းမာရေးနဲ့ ညီညွှတ်အောင် ပြုမူနေထိုင်လို့ ရပါတယ်။
အထက်ဖော်ပြပါ အချက်များကတော့ အရေးအကြီးဆုံး အချက်တွေပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ယေဘုယျ ကျန်းမာရေးကို မြှင့်တင်ပေးမှာဖြစ်ပြီး ကွီးတို့ကို တစ်နေ့တာလုံး နေလို့ ထိုင်လို့ကောင်းအောင် ကူညီဆောင်ရွက်ပေးမှာပဲ ဖြစ်ပါတယ်။
ထိုအချက်များအပြင် ကိုယ်အလေးချိန်ကို ထိန်းညှိခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ သွေးပေါင်ချိန် မှန်ကန်အောင် ထိန်းညှိခြင်း အစရှိသည့် အချက်များကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။
ဒါဆိုရင်တော့ ကွီးတို့ရဲ့ နှလုံး ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည် ကျန်းမာလာမှာဖြစ်ပြီး ချစ်တင်းနှော ဖို့အတွက်လည်း ရယ်ဒီဖြစ်မှာပဲ ဖြစ်ပါတယ်။
Source : Pennmedicine
Featured Photo : Mindbodygreen