အခုလို ရာသီအကူးအပြောင်းကာလ အထူးသဖြင့် ဆောင်းဝင်လာတာနဲ့အမျှ နှာရည်ယို ၊ နှာစေးခြင်းတွေဟာ အဖြစ်များဆုံး ရာသီရောဂါ လက္ခဏာရပ်တစ်ခု ဖြစ်ပါတယ်။ နှာရည်ယိုနှာစေးရတဲ့အကြောင်းအရင်း တွေကတော့ အမျိုးမျိုးရှိပြီး အအေးပတ်ခြင်း ၊ ဖျားနာခြင်းနဲ့ ဓာတ်မတည့်ခြင်း စတဲ့အချက်တွေကြောင့် ဖြစ်စေနိုင်ပါတယ်။ နှာရည်ယို ၊ နှာစေးခြင်းဟာ အင်မတန်နေရထိုင်ရခက်စေတဲ့ ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်တာကြောင့် ဒီတစ်ခေါက်မှာတော့ နှာရည်ယို နှာစေးခြင်းကို အမြန်ဆုံး သက်သာစေမယ့် အိမ်တွင်းနည်းလမ်း အချို့ကို ပြောပြပေးပါမယ်။

(၁) ဆားရည်အစက်ချပါ


Photo : Shutterstock

ဆားရည်ဟာ နှာရည်ယိုနှာစေးခြင်းအတွက် အဓိရောက်ဆုံး အိမ်တွင်း‌ဆေးစွမ်းကောင်း တစ်လက် ဖြစ်ပါတယ်။ ရေနွေး ၂ ဖန်ခွက်ကို ဆား စားပွဲတင်ဇွန်း ၁ ဇွန်းခွဲခန့် ရောစပ်ပြီး ဖျော်ပေးပါ။ ထို့နောက် ဆားရည်ကို အအေးခံပြီး အစက်ချကိရိယာ Dropper နဲ့ နှာခေါင်းအတွင်းသို့ အစက်ချပေးရမှာ ဖြစ်ပါတယ်။ ဆားရည်ဟာ ချွဲသလိပ်တွေကို ပျော်စေတဲ့အတွက် နှာရည်ယိုခြင်း ၊ နှာစေးခြင်းနဲ့ နှာခေါင်းပိတ်ခြင်းတွေကို အလျှင်အမြန်ဆုံး သက်သာစေပြီး အသက်ရှုရ ပိုမိုလွယ်ကူစေဖို့ ကူညီပေးနိုင်ပါတယ်။

(၂) ရေနွေးငွေ့ရှုပါ

Photo : Quora

ရေနွေးငွေ့ရဲ့ အနွေးဓာတ်က နှာခေါင်းကို ပိတ်စေတဲ့ ချွဲတွေကို ချေဖျက်ပေးပြီး အသက်ရှုလမ်းကြောင်းအတွင်းက သွေးကြောတွေကို ပွင့်စေတဲ့အတွက် နှာရည်ယိုနှာစေးခြင်း ဖြစ်နေချိန်မှာ ပိုပြီးသက်တောင့်သက်သာ ဖြစ်စေဖို့နဲ့ အသက်ရှုရ ပိုမိုလွယ်ကူစေဖို့ ကူညီပေးပါတယ်။ ရေနွေးဇလုံကို ပုဝါအုပ်ပြီး ၁၀ မိနစ်ခန့် ရှုပေးပါ။ နှာရည်ယို ၊ နှာစေးခြင်း ဝေဒနာတွေ အလျင်မြန်ဆုံး သက်သာပျောက်ကင်းသွားစေမှာ ဖြစ်ပါတယ်။

(၃) ဂျင်းလက်ဖက်ရည်သောက်ပါ

Photo : Pinterest

ဂျင်းမှာ Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး အအေးမိဖျားနာခြင်းနဲ့ ရာသီတုပ်ကွေးကဲ့သို့ ရောဂါဝေဒနာပေါင်းများစွာကို တွန်းလှန်ကုသပေးနိုင်တဲ့ ဂုဏ်သတ္တိတွေများစွာ ပါရှိပါတယ်။ နှာရည်ယို ၊ နှာစေးခြင်းနဲ့ အအေးမိဖျားနာခြင်းတွေ ကြုံတွေ့နေရချိန်မှာ ဂျင်းကိုခပ်ပါးပါးလှီးပြီး ရေနွေးပူပူထဲ ဆားအနည်းငယ်ထည့်ကာ စိမ်သောက်ပေးပါ။ တစ်နေ့တာအတွင်း မကြာခဏဆိုသလို ဂျင်းလက်ဖက်ရည် ခပ်နွေးနွေးလေး သောက်ပေးခြင်းဖြင့် နှာရည်ယို ၊ နှာစေး ဝေဒနာကို သက်သာစေနိုင်ပါတယ်။

(၄) ကြက်သွန်ဖြူ ဝါးပါ

Photo : Recipe Marker

ကြက်သွန်ဖြူ မကြိုက်တဲ့သူတွေအတွက် အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်နိုင်ပေမယ့် ကြက်သွန်ဖြူဟာ ခန္ဓာကိုယ်ကို အမှန်တကယ် နွေးထွေးစေပြီး နှာရည်ယို နှာစေးခြင်းတွေကို သိသိသာသာ သက်သာစေနိုင်စွမ်း ရှိပါတယ်။ ကြက်သွန်ဖြူမှာ တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပြီး နှာရည်ယိုခြင်းကို ဖြစ်စေတဲ့ ရောဂါပိုးမွှားတွေကို သေစေနိုင်တဲ့ လက္ခဏာတွေ ပါရှိပါတယ်။ တစ်နေ့ကို ကြက်သွန်ဖြူ ခပ်သေးသေး ၃ – ၄ မွှာလောက် ဝါးစားပေးပါ။

(၅) ပန်းသီးရှာလကာရည် သောက်ပါ

Photo : Taste of Home

ပန်းသီးရှာလကာရည်မှာ ဘက်တီးရီးယား ပိုးမွှားတွေနဲ့ ဗိုင်းရပ်စ်ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေ ပါရှိတာကြောင့် နှာရည်ယိုနှာစေးခြင်းတွေကို ကုသရာမှာ အရမ်းကို အသုံးဝင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ပေါ်က ရောင်ရမ်းခြင်းနဲ့ ဓာတ်မတည့်မှုတွေကိုလည်း သက်သာစေနိုင်စွမ်း ရှိပါတယ်။ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ကို သစ်ကြံပိုးခေါက်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ ၊ ပျားရည်စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ရောစပ်ပြီး ရေနွေးတစ်ဖန်ခွက်ထဲမှာ ထည့်ဖျော်ပြီး ပူပူလေး သောက်ပေးခြင်းဖြင့် နှာရည်ယိုနှာစေးခြင်းတွေကို အလျင်မြန်ဆုံး သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ တစ်ရက်ကို ၂ ကြိမ်ခန့် သောက်ပေးနိုင်ပါတယ်။

Featured Photo : Medical News Today