ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ၁၀ ခုအနက် ရှစ်ခုက US မှာ ရှိပေမယ့်လည်း US ဟာ ကမ္ဘာ့အဆင့် ပညာအတတ်မြောက်ဆုံးနိုင်ငံ (OECD) ရဲ့ အဆင့်ခြောက်နေရာမှာပဲ တည်ရှိနေတာပါ။ Organisation for Economic Co-operation and Development (OECD) ရဲ့ အဆိုအရ ၂၀၂၂ ခုနှစ်ရဲ့ ကမ္ဘာပေါ်က ပညာရေး အကောင်းဆုံး နိုင်ငံ တွေကို စာရင်းပြုစုထားပါတယ်။

(၁) ကနေဒါ

Photo : Panache Immigration

ကနေဒါနိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ ကမ္ဘာပေါ်က ပညာရေးအကောင်းဆုံး ပညာတတ်တွေများတဲ့ နိုင်ငံအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။ ၂၀၂၂ ဖေဖော်ဝါရီလ ခန့်မှန်းခြေအရ လူဦးရေ ၃၈,၂၅၇,၀၀၁ ရှိပြီးတော့ OECB အရ ကနေဒါရဲ့ စာတတ်မြောက်မှုနှုန်းမှာ ၆၀ ရာခိုင်နှုန်း ရှိပါတယ်။ ကနေဒါနိုင်ငံရဲ့ လူဦးရေ ၈၉ ရာခိုင်နှုန်းနီးပါးထိကို အလယ်တန်းပညာရေးအထိ ရဖို့စီမံထားတာဖြစ်ပြီး ကနေဒါဝန်ကြီးချုပ် Justin Trudeau က ပညာရေးကို နိုင်ငံရဲ့ အကြီးမားဆုံးသော အရင်းအမြစ်အဖြစ် ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

(၂) ရုရှား

Photo : Russia Beyond

OECD အရ ရုရှားဟာ ကမ္ဘာပေါ်က ဒုတိယ ပညာတတ်မြောက်မှု အများဆုံး နိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံရဲ့ စာတတ်မြောက်မှုနှုန်းမှာ ၅၆ ဒသမ ၇၀ ရာခိုင်နှုန်း ရှိပြီး နိုင်ငံလူဦးရေ ၁၄၅,၈၀၅,၉၄၇ ရှိပါတယ်။ ဒါကြောင့် လူဦးရေများတဲ့ ရုရှားနိုင်ငံကို နံပါတ်နှစ်နေရာ ရရှိစေတာပါ။ ရုရှားမှာ ပညာတတ်မြောက်တဲ့လူဦးရေများပေမယ့်လည်း အထက်တန်း ပညာရေး အတွက် အသုံးစရိတ်ကတော့ OECD ရဲ့ ပျှမ်းမျှသတ်မှတ်ချက်အောက် နည်းနေပါသေးတယ်။

(၃) ဂျပန်

Photo : ThoughtCo

ဂျပန်လူမျိုးအများစုကတော့ သင်္ချာ၊ သိပ္ပံနဲ့ အခြားဘာသာရပ်များစွာကို ရေးတတ်ဖတ်တတ် ကြပါတယ်။ စာတတ်မြောက်မှုနှုန်း ၅၂ ဒသမ ၇၀ ရာခိုင်နှုန်ရှိပြီး ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ တတိယမြောက် ပညာတတ်မြောက်ဆုံး နိုင်ငံဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ လူဦးရေ ၁၂၅,၅၈၄,၈၃၈ ရှိပြီး ဂျပန်ကျောင်းစနစ်တွေမှာ မသင်မနေရ ပညာရေး က မူလတန်းကနေ အလယ်တန်းအထက်တန်းအထိ ၉ နှစ်ကြာ သင်ကြားရပါတယ်။

(၄) လူဇင်ဘတ်

Photo : Luxembourg Times

လူဇင်ဘတ်နိုင်ငံကတော့ စာတတ်မြောက်မှုနှုန်း ၅၁ ဒသမ ၃၀ ရာခိုင်နှုန်းရှိပြီး လူဦးရေ ၆၄၂၃၇၁ ရှိကြောင်း OECD မှ သိရပါတယ်။ နိုင်ငံတွင်းရှိ ပညာတတ်လူကြီးတွေ ကိုင်ဆောင်ထားတဲ့ အတွေ့ရအများဆုံး အရည်အချင်းကတော့ မဟာဘွဲ့ ဖြစ်ပါတယ်။ လူဇင်ဘတ် ပညာရေးမှာ ဘာသာစကားမျိုးစုံရှိပြီး အခြေခံ ပညာရေး ၊ အလယ်တန်းပညာရေးနဲ့ အဆင့်မြင့်ပညာရေးတွေပါဝင်ပြီး ကျောင်းအများစုက နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။

(၅) တောင်ကိုရီးယား

Photo : UPI.com

တောင်ကိုရီးယားကတော့ ကမ္ဘာပေါ်မှာ ပဉ္စမမြောက် ပညာအတတ်မြောက်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ စာတတ်မြောက်မှုနှုန်း ၅၀ ဒသမ ၇၀ ရာခိုင်နှုန်းရှိပြီး တောင်ကိုရီးယားနိုင်ငံရဲ့ လူဦးရေမှာ ၅၁,၃၂၉,၈၉၉ ဖြစ်ပါတယ်။ OECD ရဲ့ အဆိုအရ တောင်ကိုရီးယားနိုင်ငံဟာ မူလတန်းနဲ့ အထက်တန်းအဆင့် ပညာရေးတွေမှာ OECD ရဲ့ ပျမ်းမျှသတ်မှတ်ချက်ထက် ပညာရေး အတွက်ကို ပိုမိုသုံးစွဲထားပါတယ်။ ဒါ့အပြင် အထက်တန်း ပညာရေးအသုံးစရိတ်က ပြည်သူ့အသုံးစရိတ်ထက်ကို သိသိသာသာ မြင့်မားပါတယ်။

Featured Photo : Study International