Broccoli လို့ ခေါ်တဲ့ ပန်းပွင့်စိမ်းက အမျိုးသား ကျန်းမာရေးအတွက် အင်မတန် ကောင်းတယ်ဆိုတာ ကွီးတို့ သိပြီးပြီလား။ ဟုတ်ပါတယ် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးလို့ လူသိများတဲ့ ပန်းပွင့်စိမ်း ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးသလို အမျိုးသားတွေရဲ့ လိင်မှုဘဝ ကျန်းမာရေးအပေါ်မှာလည်း ကောင်းကျိုးသက်ရောက်မှု များစွာရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ပန်းပွင့်စိမ်းတွေကနေ ကွီးတို့ ရရှိနိုင်မယ့် လိင်မှုဆိုင်ရာ ကျန်းမာရေး ကောင်းကျိုးတွေကို မျှဝေပေးချင်ပါတယ်။
(၁) Libido တိုးစေတယ်
Photo : SheKnows
ပန်းပွင့်စိမ်း မှာ ဖောလိတ် ၊ ဗီတာမင် C နဲ့ အခြား ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေပြီး လိင်စိတ်တက်ကြွမှု Libido ကို တိုးလာစေဖို့ ကူညီပေးပါတယ်။
(၂) ဟော်မုန်း ညီမျှစေတယ်
Photo : Astroglide UK
ပန်းပွင့်စိမ်း မှာ ပါဝင်တဲ့ ပေါကြွယ်ဝတဲ့ ဗီတာမင် C ဓာတ်တွေဟာ လိင်မှုဆိုင်ရာ ဟော်မုန်းထုတ်လုပ်မှုကို အကြီးအကျယ် အဟန့်အတား ဖြစ်စေတဲ့ ကော်တီဆောဟော်မုန်း ပမာဏကို လျှော့ချပေးနိုင်ပါတယ်။ “စိတ်ဖိစီးမှုဟော်မုန်း” လို့လည်း ခေါ်တဲ့ ကော်တီဆောဟော်မုန်းတွေဟာ လိင်စိတ်တက်ကြွမှုနဲ့ လိင်မှုစွမ်းဆောင်ရည်အပေါ် ဆိုးကျိုးများစွာ သက်ရောက်စေတာပါ။ ကော်တီဆော ပမာဏကို လျှော့ချပေးတာဟာ ကွီးတို့ရဲ့ လိင်မှုဆိုင်ရာ ကျန်းမာရေးအပေါ် ကောင်းကျိုးများစွာ ရရှိစေနိုင်ပြီး ကျန်းမာတဲ့ လိင်မှုဘဝကို ရရှိပိုင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။
(၃) သွေးစီးဆင်းမှုကို တိုးစေတယ်
Photo : eDrugstore
ဗီတာမင် K နဲ့ ဖောလိတ်ဓာတ်တွေဟာ သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေဖို့ ကူညီပေးပါတယ်။ အဆိုပါ ဓာတ်တွေကို ပန်းပွင့်စိမ်း မှာ ပေါပေါများများ ရရှိနိုင်တာကတော့ သတင်းကောင်းတစ်ခုလို့ ပြောရမှာပါ။ ဗီတာမင် K နဲ့ ဖောလိတ်ဓာတ်တွေဟာ အဓိကအားဖြင့် ခန္ဓာကိုယ် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေနဲ့ လိင်အင်္ဂါဆီ သွေးစီးဆင်းမှုကို တိုးစေသလို သဘာဝအတိုင်း ချောဆီထုတ်လုပ်မှုကိုလည်း ပံ့ပိုးပေးတဲ့အတွက် လိင်မှုဆိုင်ရာ သာယာတဲ့ ခံစားချက် ၊ လိင်အင်္ဂါ သန်စွမ်းကျန်းမာမှု ၊ လိင်စိတ်နိုးကြား တက်ကြွမှုနဲ့ အထွတ်အထိပ် ခံစားချက် အော်ဂဇင်ရရှိမှု စတဲ့ အချက်တွေမှာ ကောင်းကျိုးတွေ ရရှိစေဖို့ ကူညီပေးပါတယ်။
(၄) မျိုးပွားမှု ကျန်းမာရေးကို အကျိုးပြုပေးတယ်
Photo : Vitabiotics
Free Radicals နဲ့ Antioxidants တွေ မညီမျှမှု ဖြစ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ Oxidative Stress တွေဟာ အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ မျိုးပွားမှု ကျန်းမာရေးကို အနှောက်အယှက် အကြီးအကျယ် ပေးပါတယ်။ ပန်းပွင့်စိမ်းမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေနဲ့ ဗီတာမင်ဓာတ်တွေကတော့ Oxidative Stress လို့ခေါ်တဲ့ ဓာတ်တိုးဖိစီးမှုတွေကို လျှော့ချပေးရာမှာ များစွာ အထောက်အကူဖြစ်စေသလို အမျိုးသားတွေရဲ့ သုတ်ပိုး အရည်အသွေးနဲ့ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်တဲ့အတွက် ကလေးယူဖို့ စဉ်းစားနေတဲ့ စုံတွဲတွေဆိုရင် ပန်းပွင့်စိမ်းကို မကြာခဏ စားသုံးပေးဖို့ အကြံပြုချင်ပါတယ်။
ကွီးတို့ရော လိင်မှုကျန်းမာရေးအတွက်ရော ခန္ဓာကိုယ်အလုံးစုံ ကျန်းမာရေးကိုပါ အကျိုးပြုတဲ့ ပန်းပွင့်စိမ်း တွေကို ကြိုက်နှစ်သက် စားဖြစ်ပါရဲ့လား ???
Source : Healthshots
Featured Photo : Healthline