လိင်မှုဆိုင်ရာ သာယာပျော်ရွှင်မှု တိုးစေဖို့ ကွီးတို့ ချစ်သူ ပါတနာရဲ့ ပန်းဖူးလေး ကို နှိုးဆွလှုံ့ဆော်တဲ့အခါ သတိထားရမယ့် ဆောင်ရန်ရှောင်ရန်လေးတွေ ရှိပါတယ်။ ပန်းဖူးလေးဆိုတာဟာ အမျိုးသမီးတွေရဲ့ မိန်းမကိုယ် လိင်အင်္ဂါစေ့ Clitoris ကို ခေါ်ပါတယ်။ Clitoris ဟာ ထိတွေ့ခံစားမှုအာရုံ အမြင့်ဆုံး ဖြစ်သလို လိင်စိတ်နိုးကြားမှုကို ဂိတ်ဆုံးထိရောက်အောင် မြှင့်တင်ပေးနိုင်မယ့် အဓိက နေရာတစ်ခုပါ။ ဒီတစ်ခေါက်တော့ ကွီးတို့ ပန်းဖူးလေးနဲ့ ကစားတဲ့အခါ သတိထားရမယ့် ဆောင်ရန်ရှောင်ရန် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ဖိအား အတိုးအလျှော့ လုပ်ပါ

Clitoral Stimulation

Photo : People’s Choice Compounding Pharmacy

ပန်းဖူးလေး ကို ကစားတဲ့အခါ ဖိအားသက်ရောက်မှုက အရေးကြီးဆုံးပါ။ စစချင်းမှာ အားပြင်းပြင်းနဲ့ ဖိအားသုံးပြီး ကစားမယ်ဆိုရင် မသက်မသာ ခံစားရစေနိုင်ပြီး ခံစားမှုမကောင်းနိုင်ပါဘူး။ ဒါကြောင့် ဖိအားကို အတိုးအလျှော့ / အနှိမ့်အမြင့် သေချာလေး လုပ်ပြီး ကစားပေးသင့်ပါတယ်။ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်ပုံကို ကြည့်ပြီး ဖိအားကို ဖြည်းဖြည်းချင်း တိုးသွားပါ။

(၂) ကြမ်းတမ်းတဲ့ ပွတ်သပ်မှုတွေကို ရှောင်ပါ

Clitoral Stimulation

Photo : VOI

ပန်းဖူးလေး ဧရိယာတဝိုက်ဟာ ခံစားမှုအာရုံမြင့်ပြီး ထိရှလွယ်ပါတယ်။ ကြမ်းကြမ်းတမ်းတမ်း ပွတ်သပ်နှိုးဆွမယ်ဆိုရင် အရေပြား ပွန်းပဲ့တာ ၊ ပူစပ်ပူလောင် ခံစားရတာတွေ ဖြစ်စေနိုင်ပါတယ်။ အဲဒီအစား ညင်သာနူးညံ့စွာပဲ ကွီးတို့ရဲ့ လက်တွေကို ပွတ်သပ်လှုပ်ရှားပေးပါ။ နူးညံ့တဲ့ အတွေ့အထိတွေက လိင်စိတ်ခံစားမှုတွေကို တဟုန်ထိုး မြင့်တက်လာစေဖို့ ကူညီပေးနိုင်ပါတယ်။

(၃) ချောဆီသုံးပေးပါ

Lube

Photo : Quanna

မိန်းမကိုယ်က သဘာဝချောဆီ အလုံအလောက် မထုတ်နိုင်တဲ့အခါ ဒါမှမဟုတ် ခြောက်သွေ့နေတဲ့ အနေအထားမှာ နှိုးဆွလှုံ့ဆော်မှု လုံးဝမလုပ်ဖို့ အကြံပေးချင်ပါတယ်။ မိန်းမကိုယ် ခြောက်သွေ့နေတုန်းမှာ ပွတ်သပ်နှိုးဆွမယ်ဆိုရင် သာယာကျေနပ်ဖွယ် ခံစားမှု မရနိုင်ပါဘူး။ ဒါကြောင့် ရေအခြေခံ ချောဆီ အသုံးပြုပြီး နှိုးဆွပေးသင့်ပါတယ်။ ဒါမှသာ ပွတ်တိုက်မှုကြောင့် ပန်းဖူးလေး နာကျင်တာ ၊ ကျိန်းစပ်တာ ၊ ယားယံတာတွေ မဖြစ်စေတော့ပဲ ချောချောမွေ့မွေ့နဲ့ ခံစားမှုပိုကောင်းစေမှာ ဖြစ်ပါတယ်။

(၄) သန့်ရှင်းမှုကို ဂရုစိုက်ပါ

sex toys

Photo : Covington Women’s Health Specialists

လက်နဲ့ ဖြစ်စေ ၊ လူကြီးကစားစရာတွေနဲ့ ဖြစ်စေ နှိုးဆွလှုံ့ဆော်ပေးတော့မယ်ဆိုရင် သန့်ရှင်းမှုက အရေးကြီးပါတယ်။ ညစ်ပတ်နေတဲ့ လက် သို့မဟုတ် မသန့်ရှင်းတဲ့ Sex Toys တွေကို သုံးမိရင် ဘက်တီးရီးယားပိုးမွှားတွေကနေတဆင့် ရောဂါကူးစက်တာ ၊ ပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပန်းဖူးလေး နဲ့ ကစားတဲ့အခါ အရင်ဆုံး လက်တွေ ၊ Sex Toys တွေကို သေချာလေး သန့်ရှင်းရေး လုပ်သင့်ပါတယ်။

(၅) လက်သိုင်း အမျိုးမျိုး ပြောင်းသုံးပါ

Clitoral Stimulation
Photo : New Scientist

လက်တွေရဲ့ လှုပ်ရှားမှု ၊ သိုင်းကွက် အပြောင်းအလဲဟာ သိပ်ကိုစကား ပြောပါတယ်။ ပန်းဖူးလေး တစ်နေရာတည်းကိုပဲ အာရုံစိုက်ပြီး နှိုးဆွနေရင် ခံစားမှုဟာ ထင်သလောက် မကောင်းနိုင်ပါဘူး။ ပန်းဖူးလေးနဲ့အတူ မိန်းမကိုယ် အတွင်းအပြင် နှုတ်ခမ်းသားတွေကိုပါ ပွတ်သပ်လှုံ့ဆော်ပေးသင့်ပြီး လိုအပ်ပါက ရင်သားတွေကိုလည်း တစ်ပြိုင်နက်တည်း ပွတ်သပ်နှိုးဆွပေးနိုင်ပါတယ်။ ဒါက ခံစားမှု အထွတ်အထိပ်ကို ပိုမိုရောက်ရှိစေပြီး ကျေနပ်မှုတိုးစေမှာပါ။

Source : My Fit Brain 

Featured Photo : MTV Uutiset