ပန်းသီးမှ ပန်းသီးဆိုတဲ့ ကွီးတို့ရေ မကြာခင် အချိန်အတွင်းမှာ အသစ်ထွက်ရှိလာတော့မယ့် ပန်းသီး ၁၅ ကို စောင့်မျှော်နေတဲ့ ကွီးတို့ ရှိပါသလား။ လာမယ့် စက်တင်ဘာလလောက် အတွင်းမှာ Apple က‌နေပြီးတော့ iPhone 15၊ iPhone 15 Plus၊ iPhone 15 Pro နှင့် iPhone 15 Pro Max စတဲ့ iPhone 15 စီးရီး အသစ်ထွက်ရှိလာတော့မယ်လို့ ခန့်မှန်းထားကြပါတယ်။ iOS ကိုပဲ တစိုက်မတ်မတ် သုံးလာကြပြီး iPhone အသစ်ထွက်တိုင်း ကိုင်လေ့ရှိသူများအတွက်တော့ ရင်ခုန်စွာ စောင့်စားရမယ့် အချိန်ပါပဲ။

ဒီနေ့မှာတော့ အသစ်ထွက်ရှိလာမယ့် iPhone 15 စီးရီးမှာ ဘာတွေပြောင်းလဲလာမလဲ၊ ဘယ်လို အင်္ဂါရပ်တွေ မြင်တွေ့ရမလဲဆိုတဲ့ ကောလဟာလတွေနဲ့ ခန့်မှန်းချက်အချို့ကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

ပန်းသီး ၁၅

Photo : AppleInsider

iPhone 15 စီးရီးမှာ 6.1 and 6.7-inch Sizes၊ A17 Chip၊ Periscope Zoom Lens၊ USB-C port နဲ့ Qualcomm Modem Chip စတဲ့ အင်္ဂါရပ်တွေ ပါဝင်မယ်လို့ ခန့်မှန်းနေကြပါတယ်။ iPhone 15 Pro နှင့် Pro Max တို့က iPhone 14 Pro နှင့် Pro Max တို့နှင့် ဆင်တူမည်ဟု မျှော်လင့်ရပြီး 6.1 နှင့် 6.7 လက်မ OLED မျက်နှာပြင်များ၊ Face ID Hardware နဲ့ ကင်မရာတို့ အတွက် Dynamic Island Cutout တို့ပါရှိမယ်လို့ ခန့်မှန်းနေကြပါတယ်။ Pro မော်ဒယ်နှစ်ခုရဲ့ ကိုယ်ထည်ပိုင်းမှာ ပြောင်းလဲမှုအချို့ပါရှိမယ်လို့လည်း ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။

 

Photo : Think Apple

Leaker ShrimpApplePro မှ ပြောကြားချက်အရ iPhone 15 Pro မော်ဒယ်များက iPhone 14 Pro မော်ဒယ်များနှင့် နှိုင်းယှဉ်ပါက ပိုမိုပါးလွှာနိုင်ပြီး Curved Bezels အသွင်အပြင်ကို မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါတယ်။ iPhone 15 Pro ရဲ့ ဘေးဘောင်များက 1.55mm အတိုင်းအတာ ဖြစ်နိုင်ဖွယ်ရှိပြီး ယင်းမှာ စမတ်ဖုန်းတစ်လုံးတွင် အပါးလွှာဆုံး Bezels များ အဖြစ် စံချိန်ချိုးသွားနိုင်ပါတယ်။ ထွက်ရှိခဲ့ပြီးသား iPhone 14 Pro မှာတော့ 2.17mm Bezels ရှိပါတယ်။

ဒါ့အပြင် iPhone 15 မော်ဒယ်များအားလုံးတွင် 28nm လုပ်ငန်းစဉ်ဖြင့် ထုတ်လုပ်ထားတဲ့ Power-efficient OLED display Driver Chip ပါရှိနိုင်ဖွယ်ရှိပါတယ်။ ၎င်းက ပါဝါ သုံးစွဲမှုကို လျှော့ချနိုင်ပြီး ဘက်ထရီသက်တမ်းကို ပိုမိုကောင်းမွန်လာစေနိုင်တယ်လို့ ဆိုပါတယ်။

ပန်းသီး ၁၅

Photo : Mac Rumors

iPhone တစ်လုံးကို ဝယ်တော့မယ်ဆိုရင် အနည်းနဲ့အများတော့ အရောင်ကို အဓိကထား ရွေးချယ်တတ်ကြတယ် မဟုတ်ပါလား။ Apple က အသစ်ထွက်ရှိတိုင်း အရောင်အသစ်အဆန်းလေးတွေကို သုံးစွဲသူများထံ အရောက်ပို့ပေးလေ့ ရှိပြီး ဒီနှစ်မှာတော့ အခြားသော အရောင်များအပြင် တောက်ပပြီး ဆန်းပြားတဲ့ အနီရောင်ကို အခြေခံသော Deep Red ထွက်ရှိမယ်လို့ ကောလဟာလများ ထွက်ပေါ်နေပါတယ်။

Photo : Mac Rumors

ပန်းသီး ၁၅ ကို စောင့်မျှော်နေတဲ့ ကွီးတို့အတွက် လေ့လာမိသလောက် အချက်အလက် အချို့ကို ဝေမျှပေးလိုက်တာပဲ ဖြစ်ပါတယ်။ တကယ် ထွက်ရှိလာတဲ့ အချိန်မှာရော ခန့်မှန်းတာတွေထက် ပိုပြီး ထူးခြားမလား၊ သုံးစွဲသူတွေအတွက် အရင် iPhone စီးရီးတွေထက် ပိုပြီးအကြိုက်တွေ့စေမလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ် ခင်ဗျာ။

Source : Mac Rumors

Featured Photo : Pocket lint