Semen Allergy လို့ခေါ်တဲ့ သုတ်ရည် ဓာတ်မတည့်မှု ပြဿနာဟာ ဖြစ်တောင့်ဖြစ်ခဲ ရှားပါးဖြစ်စဉ် တစ်ခုဆိုပေမယ့် လိင်မှုဘဝအပေါ် ဆိုးကျိုး အများကြီး သက်ရောက်စေနိုင်ပါတယ်။ အချို့ အမျိုးသမီးတွေမှာ သုတ်ရည်နဲ့ ထိတွေ့မိလိုက်တာနဲ့ ယားယံတာ ၊ ပူစပ်ပူလောင် ခံစားရတာ ၊ ရောင်ရမ်းတာနဲ့ မသက်မသာ ခံစားရတာ စတဲ့ ဓာတ်မတည့်မှု လက္ခဏာတွေ ဖြစ်ပေါ်တက်ပြီး အဓိကအားဖြင့် အမျိုးသမီးတွေရဲ့ ကိုယ်ခံအားစနစ်ဟာ သုတ်ရည်မှာပါဝင်တဲ့ ပရိုတင်းဓာတ်နဲ့ ဓာတ်မတည့် တုန်ပြန့်မှုကို ဖြစ်ပေါ်စေတာကြောင့် ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ လိင်မှုဘဝ သာယာပျော်ရွှင်မှုကို ပျက်စေစီးနိုင်တဲ့ သုတ်ရည်နဲ့ ဓာတ်မတည့်မှု ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ၃ ခု အကြောင်း ပြောပြပေးပါမယ်။

(၁) သုတ်ရည်နဲ့ တိုက်ရိုက် ထိတွေ့မှုမရှိအောင် ရှောင်ပါ

condoms

Photo : Mamavation

Semen Allergy ရှိတဲ့ သူတွေလုပ်ရမယ့် အရိုးရှင်းဆုံး ကာကွယ်ကုသနည်း တစ်ခုကတော့ သုတ်ရည်နဲ့ တိုက်ရိုက် ထိတွေ့မှု မရှိအောင် သတိထား ရှောင်ကြဉ်တာပါပဲ။ သင့်ပါတနာမှာ သုတ်ရည် ဓာတ်မတည့်မှု ပြဿနာ ရှိတယ်ဆိုပါက အတူနေတဲ့ အချိန်တိုင်းမှာ သုတ်ရည် ထိတွေ့မှု မရှိစေဖို့ ကွန်ဒုံးလို အကာအကွယ်တွေကို စနစ်တကျနဲ့ နည်းမှန်လမ်းမှန် အသုံးပြုရမှာ ဖြစ်ပါတယ်။

(၂) ဆေးဝါး မှီဝဲပါ

anti-inflammatory creams

Photo : Med Star Health

သုတ်ရည်နဲ့ ဓာတ်မတည့်မှု ပြဿနာအတွက် ကုသနိုင်မယ့် လိမ်းဆေး ၊ သောက်ဆေးတွေ ရှိပါတယ်။ Semen Allergy ပြဿနာ ကြုံတွေ့နေရတဲ့ သူတွေအနေနဲ့ ကော်တီကိုစတီရွိုက် သို့မဟုတ် အခြား အရေပြားဆိုင်ရာ ဓာတ်မတည့်မှု ၊ ရောင်ရမ်းမှု ပြဿနာတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဆေးဝါးတွေ အသုံးပြုနိုင်တယ်လို့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေက ဆိုထားပါတယ်။ အကောင်းဆုံးကတော့ နားလည်တက်ကျွမ်းတဲ့ ဆရာဝန်နဲ့ အရင်ဆုံးသွားရောက် တိုင်ပင်ပြီး ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေကို မှီဝဲသုံးစွဲဖို့ အကြံပေးချင်ပါတယ်။

(၃) တစ်ကိုယ်ရေ သန့်ရှင်းမှု ဂရုစိုက်ပါ

Vaginal Health
Photo : Times of India

လိင်အင်္ဂါတဝိုက် တစ်ကိုယ်ရေ သန့်ရှင်းရေးကို နေ့စဉ်ပုံမှန် အလေးထား လုပ်ဆောင်ပေးသင့်သလို လေဝင်လေထွက်ကောင်းတဲ့ ချည်သားအတွင်းခံတွေ ဝတ်ဆင်ပေးတာဟာ ဓာတ်မတည့်မှု ပြဿနာ ဖြစ်နိုင်ခြေကို လျော့နည်းစေပြီး နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ရောဂါကူးစက်မှု သို့မဟုတ် ယားယံခြင်း ၊ ရောင်ရမ်းခြင်း ပြဿနာတွေ ဖြစ်နိုင်ခြေကို အတိုင်းအတာ တစ်ခုအထိ တားဆီးကာကွယ် ပေးနိုင်ပါတယ်။

Source : Healthshots

Featured Photo : Hypebae