အမျိုးသမီးတွေဟာ ၅ ခုထက်မနည်း နည်းလမ်းတွေနဲ့ အထွတ်အထိပ် ခံစားချက် အော်ဂဇင် ရနိုင်တယ်လို့ ပြောရင် ကွီးတို့ အံ့ဩသွားမလား ? အမှန်ပါပဲ ကွီးတို့ ထင်သလို မိန်းမကိုယ်အတွင်း ထိုးသွင်းဆက်ဆံမှု တစ်ခုတည်းကနေပဲ အော်ဂဇင် ရနိုင်တာ မဟုတ်ပါဘူး။ အမျိုးသမီးတွေမှာ ပြီးမြောက်ဖို့ အခြား မတူညီတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် လေ့လာကြည့်လိုက်ပါဦး။
(၁) မိန်းမကိုယ် အော်ဂဇင်
Photo : The Irish Independent
ဒါကတော့ ကွီးတို့ အားလုံး သိပြီးသား နည်းလမ်း တစ်ခုပါ။ မိန်းမကိုယ်အတွင်း ထိုးသွင်းဆက်ဆံမှုကနေ ရရှိတဲ့ အထွတ်အထိပ် ခံစားမှု ဖြစ်ပါတယ်။ မိန်းမကိုယ်အစေ့နဲ့ ဆီးလမ်းကြောင်းကြား အကွာအဝေး ပိုတိုတဲ့ အမျိုးသမီးတွေမှာ မိန်းမကိုယ် အော်ဂဇင် ခံစားမှုကို အများဆုံး ရကြပါတယ်။
(၂) စအို အော်ဂဇင်
Photo : Rechtsdepesche
စအိုနဲ့ ဆက်ဆံတာဟာ နာကျင်မှုကို ဖြစ်ပေါ်စေနိုင်တယ် ဆိုပေမယ့် အချို့ အမျိုးသမီးတွေမှာတော့ စအိုနဲ့ ဆက်ဆံမှုကနေပဲ အော်ဂဇင် ရကြပါတယ်။ အကြောင်းကတော့ စအိုအတွင်း ထိုးသွင်းဆက်ဆံချိန်မှာ မိန်းမကိုယ်မှာရှိတဲ့ ခံစားမှု အာရုံကြော တစ်စိတ်တစ်ဒေသကို လှုံ့ဆော်မှု ဖြစ်စေလို့ပါပဲ။
(၃) ပေါင်းစပ် အော်ဂဇင်
Photo : BabyCentre UK
တစ်ပြိုင်နက်တည်း နှိုးဆွမှု တစ်ခုထက်ပိုပြီး လုပ်ဆောင်ခြင်းဟာလည်း အထွတ်အထိပ် ခံစားမှု ရစေမယ့် နည်းလမ်းတစ်ခုပါ။ ဥပမာအားဖြင့် မိန်းမကိုယ်ကို လက်နဲ့ နှိုးဆွပေးစဉ်မှာ တစ်ချိန်တည်းမှာပဲ နှုတ်ခမ်းချင်း နမ်းရှုံ့ပေးတာမျိုးပါ။ ဒီလို မတူညီတဲ့ နှိုးဆွမှု ၂ ကို ပေါင်းစပ်လုပ်ဆောင်ခြင်းဖြင့် အော်ဂဇင် ခံစားမှုကို ထိထိမိမိ ရနိုင်ပါတယ်။
(၄) ရင်သား အော်ဂဇင်
Photo : Conceive Plus
ခံစားမှု အာရုံအမြင့်ဆုံး နေရာတစ်ခုဖြစ်တဲ့ ရင်သား တစ်နည်းအားဖြင့် နို့သီးခေါင်းတွေကို နှိုးဆွပေးတာဟာ အထွတ်အထိပ်ရောက်ဖို့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ နို့သီးခေါင်းတွေကို နှိုးဆွတဲ့အခါ ခန္ဓာကိုယ်က သားအိမ်နဲ့ မိန်းမကိုယ်အင်္ဂါ ကြွက်သားတွေကို ကျုံ့သွားစေတဲ့ အောက်စီတိုစင်ကို ထုတ်လွှတ်ပေးတာကြောင့် နောက်ဆုံးမှာ အော်ဂဇင်ကို ရစေတာ ဖြစ်ပါတယ်။
(၅) မိန်းမကိုယ်အင်္ဂါအစေ့ အော်ဂဇင်
Photo : Romper
Clitoral Stimulation ဖြစ်ပါတယ်။ မိန်းမကိုယ်အင်္ဂါအစေ့ကို နှိုးဆွလှုံ့ဆော်တဲ့ နည်းလမ်းပါ။ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်အင်္ဂါအစေ့မှာ ခံစားမှု အာရုံကြော ထောင်ပေါင်းများစွာ ရှိတဲ့အတွက် အဆိုပါနေရာကို ဖိအားပေး နှိုးဆွလှုံ့ဆော်တာဟာ အထွတ်အထိပ် ခံစားမှုကို ရစေမယ့် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
(၆) ပါးစပ်အော်ဂဇင်
Photo : Fab Magazine
Oral Sex လုပ်ခြင်းကလည်း အော်ဂဇင် ရစေနိုင်ပါတယ်။ အမျိုးသမီး အများစုဟာ ပါးစပ်နဲ့ ချစ်တင်းနှောတဲ့ နည်းလမ်းကို နှစ်သက်ကြပြီး ပါးစပ်နဲ့ ချစ်တင်းနှော ခြင်းကနေပဲ အော်ဂဇင် ခံစားမှုကို ရယူကြပါတယ်။
ကွီးတို့ရော ဘယ်လိုနည်းလမ်းတွေသုံးပြီး ကိုယ့်ချစ်သူ ပါတနာကို အော်ဂဇင်ရအောင် စွမ်းဆောင်ပေးကြလဲ ???
Source : Healthshots
Featured Photo : Men’s Health