ဂိမ်းကစားခြင်းသည် စိတ်ဖိစီးစရာများကို ဖြေဖျောက်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ပိုက်ဆံ ကုန်ပေါက်တွေကို ဖန်တီးနေတဲ့ ဂိမ်း တွေက ကွီးတို့ကို အမှန်တကယ် စိတ်အပန်းပြေစေပါ့မလား။ သေချာစဥ်းစားကြည့်နော်။

ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မကုန်ဘဲ ဖရီးကစ်လို့ရတဲ့ ဂိမ်း တွေ ဆော့ကစားရတာက ရှာထားသမျှ ပိုက်ဆံတွေကို ကုန်သွားအောင် ဖန်တီးနေတာမဟုတ်တော့ စိတ်အပန်းပြေစေမှာ အမှန်ပါပဲ။

ဖရီးဆော့လို့ရတဲ့ မိုဘိုင်းလ်ဂိမ်းတွေကလည်း ရွေးချယ်စရာ အများအပြားရှိတာဆိုတော့ ကွီးတို့စိတ်ကြိုက် ရွေးချယ်လို့ရပါတယ်။ ထိုအထဲကမှ လူကြိုက်အများဆုံး၊ လူအများအပြား ဒေါင်းလုတ်ချမှု အများဆုံး ဂိမ်းတွေကို ဝေမျှပေးချင်ပါတယ်။ လူကြိုက်အများဆုံး နံပါတ် (၁) ဂိမ်းကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးထိ ဆက်ဖတ်ကြည့်လိုက်ပါ။

(၅) The Impossible Game 2

ဘယ်သူမဆို ဒီဂိမ်းကို ဖရီးဆော့လို့ရပါတယ်။ ကွီးတို့အနေနဲ့ ပြိုင်ပွဲဝင်ပေါင်း အယောက် ၆၀ ကျော်နဲ့ ယှဥ်ပြိုင် ဆော့ကစားရမှာဖြစ်ပြီး ဘယ်သူက နောက်ဆုံး အနိုင်ရသလဲဆိုတာကို စာရင်းထဲမှာ ကြည့်နိုင်ပါတယ်။ အတုံးတွေ တစ်တုံးပြီး တစ်တုံးပေါ် ခုန်ပျော်ကျော်လွှားကာ ဆော့ကစားရမှာဖြစ်ပြီး အတားအဆီးများကိုလည်း ကျော်လွှားပစ်ဖို့ လိုအပ်ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတဲ့ ဂိမ်းမို့လို့ တစ်ခါလောက် ဆော့ကစားကြည့်လိုက်ပါ။

(၄) Sky: Children of the Light

ဒီဂိမ်းလေးကတော့ ဘော်ဒါတွေ အများကြီးနဲ့ ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ ဂျပန် Anime ကာတွန်းတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အားလုံး အကြိုက်တွေ့မယ့် ဂိမ်းတစ်မျိုးပဲဖြစ်ပါတယ်။ ဒီဂိမ်းသည် ၂၀၁၉ တုန်းကဆိုရင် BEST IPHONE GAME OF THE YEAR ဆုကို ရရှိထားတာပဲဖြစ်ပါတယ်။ iOS သမားတွေမှသာမက Android သမားတွေလည်း အကြိုက်တွေ့ကြတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။

(၃) Rocket League Sideswipe

လူကြိုက်အများဆုံး နံပါတ် (၃) နေရာမှာ ရပ်တည်နေတဲ့ ဂိမ်းကလည်း တကယ့် အမိုက်စားပါ။ ကားချစ်သူတွေ၊ ဘောလုံးချစ်သူများအားလုံး အကြိုက်တွေ့ကြမယ့် ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဆူးချွန်ပုံသဏ္ဍာန် ဘောလုံးကို အသုံးပြုပြီး ဂိုးသွင်းရမှာဖြစ်ပြီး ရမှတ်တွေ တိုးလာလေ ကွီးတို့ရဲ့ ပြိုင်ကားလေးကိုလည်း အဆင့်မြင့်နိုင်မှာ ဖြစ်ပါတယ်။

(၂) Vampire Survivors

Vampire Survivors ဆိုတဲ့ ဂိမ်းအတိုင်း သွေးစုပ်ဖုတ်ကောင်တွေကို အမြစ်ပြတ်အောင် ချေမှုန်းရမယ့် ဂိမ်းပဲဖြစ်ပါတယ်။ အဆင့် တစ်ဆင့် တက်သွားတိုင်းမှာ လက်နက် ကိရိယာမျိုးစုံကိုလည်း ပြောင်းလဲကာ အဆင့်မြင့်နိုင်မှာ ဖြစ်ပါတယ်။ ပိုက်ဆံ မကုန်ဘဲ စိတ်ညစ်စရာတွေသာ ပြောင်စင်သွားစေမယ့် ဂိမ်း တစ်ခုပဲဖြစ်ပါတယ်။

(၁) Marvel Snap

လူကြိုက်အများဆုံး နံပါတ် (၁) ဂိမ်းကတော့ Marvel Snap ဂိမ်းပဲဖြစ်ပါတယ်။ ကတ်တစ်ကတ်ချင်းစီသည် Marvel ကာရိုက်တာ တစ်ခုချင်းစီကို ကိုယ်စားပြုပြီး ကာရိုက်တာတွေရဲ့ အသံသည်လည်း ရုပ်ရှင်ထဲက ပုံစံအတိုင်း တစ်ပုံစံတည်းတူအောင် ဖန်တီးထားတာ တွေ့ရမှာပါ။

မယုံဘူးဆိုရင်တော့ ကွီးတို့ ကိုယ်တိုင်သာ ဆော့ကစားကြည့်လိုက်ပါ။

ဒီလို ဖရီးကစ်လို့ရတဲ့ ဂိမ်းတွေရှိနေမှတော့ ပိုက်ဆံကုန်ပေါက် ဖန်တီးနေတဲ့ ဂိမ်းတွေ လိုပါဦးမလား။

Source: Androidpolice

Featured Image: Gohenry