ခရီးသွားရတာကို နှစ်သက်တဲ့ ကွီးတို့အနေနဲ့ ပုဂံမြို့ သို့ ခရီးသွား ဖြစ်တဲ့အခါ မဖြစ်မနေသွားရောက် မြည်းစမ်းကာ စားသုံးကြည့်သင့်တဲ့ အစားအစာများနှင့် စားသောက်ဆိုင် များကို ဝေမျှပေးချင်ပါတယ်။
ဘယ်စားသောက်ဆိုင်တွေက ပုဂံမြို့ ရဲ့ ခရီးသွား ချစ်သူတွေအကြား နာမည်ကြီးတဲ့ စားသောက်ဆိုင်တွေ ဖြစ်မလဲဆိုတာ အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။
7 Sisters
ဒီစားသောက်ဆိုင်မှာတော့ မြန်မာအစားအစာ၊ ထိုင်းအစားအစာ၊ ဥရောပအစားအစာများနှင့် တရုတ်အစားအစာများ မြည်းစမ်းစားသုံးနိုင်ပါတယ်။ ပုဂံမြို့သစ်မှာ တည်ရှိတာဖြစ်ပြီး အစားအသောက်အပြင်အဆင်ကလည်း ရိုးရိုးရှင်းရှင်းလေးနဲ့ မျက်စိပသာဒဖြစ်စေပါတယ်။
Sharky’s Garden
ဒီနာမည်ကြီး စားသောက်ဆိုင်ကတော့ ညောင်ဦးမြို့ရှိ ရွှေစည်းခုံဘုရားအနီးတွင် တည်ရှိတာဖြစ်ပါတယ်။ ထိုစားသောက်ဆိုင်တွင် ဥရောပအစားအစာများ၊ ကော်ဖီမျိုးစုံအပြင် အခြားအရသာရှိတဲ့ အစားအစာများကို မြည်းစမ်းစားသုံးနိုင်ပါတယ်။
The Moon သားသတ်လွတ် စားသောက်ဆိုင်
ဒီစားသောက်ဆိုင်လေးကတော့ သားသတ်လွတ်ချစ်သူတွေအတွက် သွားရောက်စားသုံးသင့်တဲ့ စားသောက်ဆိုင်တစ်ခုပဲဖြစ်ပါတယ်။ မြန်မာအသုတ်စုံ၊ သစ်သီးဖျော်ရည်မျိုးစုံတို့ကို အရသာရှိရှိ စားသုံးနိုင်ပါတယ်။
Nanda Restaurant
ဒီစားသောက်ဆိုင်လေးကတော့ သူတို့ရဲ့အရသာရှိတဲ့ အစားအစာများကြောင့် နာမည်ကြီးသလို ရုပ်သေးရုပ်ပြပွဲများကြောင့်လည်း နာမည်ကြီးပါတယ်။ အရသာရှိတဲ့ အစားအစာများကို မြည်းစမ်းစားသုံးရင်း မြန်မာ့ရိုးရာရုပ်သေးရုပ်ပွဲကို ကြည့်ရှုခံစားချင်တယ်ဆိုရင်တော့ ဒီစားသောက်ဆိုင်လေးကို သွားရောက်သင့်ပါတယ်။
La terrazza
ဒီစားသောက်ဆိုင်လေးကတော့ သားသတ်လွတ်အစားအစာများအပြင် အီတလီအစားအစာများ။ အနောက်တိုင်း အစားအစာများ၊ ဥရောပအစားအစာများ စားသုံးနိုင်ပါတယ်။ ပုဂံမြို့ သို့ ခရီးသွား နေရင်း အီတလီအစားအစာများ စားချင်တယ်ဆိုရင်တော့ ဒီစားသောက်ဆိုင်လေးကိုသာ အရောက်သွားလိုက်ပါ။ ဒီစားသောက်ဆိုင်လေးကတော့ ပုဂံ၊ ညောင်ဦးမြို့မှာ တည်ရှိတာဖြစ်ပါတယ်။
Weather Spoon’s Restaurant and Bar
ဒီဆိုင်လေးကို သွားရောက်ဖြစ်တယ်ဆိုရင် အမဲသားဘာဂါကို မမေ့မလျော့ မြည်းစမ်းကြည့်လိုက်ပါ။ တကယ့်ကို ဆွေမျိုးမေ့သွားစေမှာဖြစ်ပါတယ်။ အမဲသားရဲ့နူးညံ့ပြီး အရသာရှိတဲ့အပြင် ကော့တေးနဲ့ တွဲသောက်ကြည့်မယ်ဆိုရင်တော့ နတ်သုဒ္ဓါကို စားသုံးနေရသည့်အလား ခံစားရမှာဖြစ်ပါတယ်။
ကွီး တို့အနေနဲ့ ပုဂံမြို့ ကို ခရီးသွား ဖြစ်တဲ့အခါ အခုဖော်ပြသွားတဲ့ စားသောက်ဆိုင် များသို့ မဖြစ်မနေသွားရောက်ကာ အရသာရှိတဲ့အစားအစာများကို မြည်းစမ်းစားသုံးကြည့်လိုက်ပါ။
Source: Theculturetrip