ပူ အိုက်တဲ့ ရာသီမှာ ချိုင်း ချွေးနံ့ ပိုထွက်ပြီး အနံ့ ပိုပြင်းတာက ပုံမှန်ပါပဲ။ ဘာ့ကြောင့် ဒီလိုမျိုး ချိုင်းချွေးနံ့ ထွက်ရသလဲဆို ကျွန်တော်တို့ ချွေးထွက်တဲ့အခါ အဆီ၊ ဆားနှင့် ရေဓာတ်က ပေါင်းစပ်သွားပြီး အရေပြားပေါ်တွင် ဘက်တီးရီးယားများအဖြစ် ပေါက်ဖွားလာတာပဲ ဖြစ်ပါတယ်။ ထိုဘက်တီးရီးယားများကြောင့် ချိုင်းချွေးနံ့က ပြင်းထန်လာရခြင်း ဖြစ်ပါတယ်။

ဘာ့ကြောင့် ချိုင်းမှာ အလွန်အကျွံ ချွေးထွက်ရသလဲ

smelly armpit

ကွီးတို့ရဲ့ မျိုးရိုးကြောင့် ချိုင်းချွေးနံ့က ပြင်းထန်ရတာလည်း ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ကွီးတို့ စိတ်ဖိစီးနေတဲ့အချိန် စိတ်ပူပန် သောက ရောက်နေရတဲ့အချိန်၊ လေ့ကျင့်ခန်း ပြုလုပ်ပြီးနောက်မှာလည်း ချွေးထွက်တတ်ပါတယ်။ ဒါ့အပြင် ကွီးတို့ ခန္ဓာကိုယ် အလေးချိန်က လိုအပ်သည်ထက် ပိုနေတဲ့အချိန်မျိုးမှာလည်း ချိုင်းချွေးနံ့ နံတတ်ပါတယ်။​ ဒါ့အပြင် ချိုင်းမှာ အမွှေးအမျှင်များ ထူထူထဲထဲ ပေါက်နေရင်လည်း ဘက်တီးရီးယားများ ပိုမိုခိုအောင်းနိုင်တာကြောင့် အထူးဂရုစိုက်သင့်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ပူ အိုက်ချိန်မှာ ချိုင်း ချွေးနံ့ နံလာခဲ့ရင် စိတ်မညစ်လိုက်ပါနဲ့။ သဘာဝအတိုင်း ကုသနိုင်မယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်။

Green Tea အသုံးပြုပါ

green tea

Green Tea သည် ကွီးတို့ ချိုင်းမှာ ချွေးပေါက်တွေ ပိတ်နေခြင်း၊ ချွေး အလွန်အကျွံ ထွက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ အသုံးပြုရမယ့် နည်းကလည်း လွယ်ကူပါတယ်။ လက်ဖက်စိတ်အိတ်ကို ရေနွေးထဲမှာ ထည့်စိမ်းလိုက်ပါ။ ထို့နောက် လက်ဖက်စိမ်းအိတ်ကို ရေနွေးထဲကနေ ထုတ်ပြီး ခေတ္တခဏ အအေးခံလိုက်ပါ။ ပြီးတော့မှ ချိုင်းကြားထဲမှာ မိနစ် အနည်းငယ်အကြာ ညှပ်ထားလိုက်ပါ။ ဒီနည်းလမ်းကို မှန်မှန် အသုံးပြုမယ်ဆိုရင် ချိုင်း ချွေး အလွန်အကျွံ ထွက်ခြင်းနှင့် ရနံ့ ပြင်းထန်ခြင်းတို့မှ ကင်းဝေးသွားပါလိမ့်မယ်။

သံပုယိုရည် အသုံးပြုပါ

ပူ ချိုင်း ချွေးနံ့

သံပုယိုရည် ထဲတွင် ပါဝင်တဲ့ စီထရစ် အက်စစ်သည် ဘက်တီးရီးယားများကို သေစေနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။ ပြုလုပ်နည်းကလည်း လွယ်ကူပါတယ်။

သံပုယိုသီးကို အရည် ညှစ်ပြီးနောက် ရေ အနည်းငယ်ဖြင့် ရောလိုက်ပါ။ ထို့နောက် သမအောင် မွှေပြီးနောက် စပရေးဘူးထဲ ထည့်သိမ်းထားပါ။ ထို့နောက် ချိုင်းကြားထဲကို စပရေးဘူးဖြင့် ပက်ဖြန်းပေးလိုက်ပါ။ တကယ်လို့ စပရေးဘူး မရှိဘူးဆိုရင်လည်း ရိုးရိုးပုလင်း (သို့) ဘူးအလွတ် တစ်လုံးထဲ ထည့်သိမ်းထားနိုင်ပါတယ်။

နနွင်းမှုန့်

ပူ ချိုင်း ချွေးနံ့

နနွင်းမှုန့်ကလည်း ချွေးနဲ့ အနံ့ဆိုးများ ထွက်စေတဲ့ ဘက်တီးရီးယားများကို သေစေနိုင်တဲ့ အစွမ်းသတ္တိများ ရှိပါတယ်။

အရင်ဦးဆုံး နနွင်းမှုန်းကို ရေ အနည်းငယ်ဖြင့် ရောနှောပြီး အနှစ်ဖြစ်သွားအောင် ပြုလုပ်နိုင်ပါ။ ရရှိလာတဲ့ အနှစ်ကို ချိုင်းကြား အသားအရေပေါ် သုတ်လိမ်းပြီး မိနစ်အနည်းငယ်ကြာ အခြောက်ခံထားလိုက်ပါ။ ခြောက်သွားပြီဆိုရင်တော့ ရေနဲ့ ဆေးချလိုက်ပါ။

ဒီနည်းလမ်းကို မှန်မှန် အသုံးပြုရင်တော့ ချိုင်းချွေးနံ့ အနံ့ဆိုး ထွက်ခြင်းမှ ပျောက်ကင်း သွားပါလိမ့်မယ်။

ကွီးတို့ရဲ့ ချိုင်းရော ချိုင်းချွေးတွေကြောင့် အနံ့ဆိုးတွေ အလွန်အကျွံ ထွက်ပြီလား???

Source: Pharmeasy.in

Featured Image: Socialcitizen.shop