ကမ္ဘာပေါ်ရှိ အမျိုးသား ၅ ယောက်တွင် ၁ ယောက်လောက်က ရွှေပန်း ညှိုးတဲ့အဖြစ်မျိုးကို ကြုံတွေ့နေရတယ်ဆိုတာကို ကွီးတို့ သိပါသလား။ ကွီးတို့ ရွှေပန်းက လှုပ်ရှား နိုးကြားမှု မရှိတဲ့ ဖြစ်စဥ်က ၆ လထက် ကျော်သွားရင် ထိုဖြစ်စဥ်ကို ပန်းသေ ပန်းညှိုးခြင်းလို့ အတိအလင်း နာမည်တပ်ခံလိုက်ရပြီပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ အချိန်မနှောင်းခင်မှာ အမြန်ဆုံး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် အသက်ကြီးလာပေမယ့် မ ပျက်စီး သေးတဲ့ ဘီးကျဲ တစ်ဗွေ ဖြစ်မှာပါ။
ဒီလိုမျိုး ရွှေပန်း ညှိုးသွားတဲ့ လိင်ကျန်းမာရေးနဲ့ သက်ဆိုင်သော ရောဂါကို ကြုံတွေ့ရတဲ့ အမျိုးသားများထံတွင် အဝလွန်ခြင်း (သို့) နှလုံးရောဂါ အခံ ရှိကြတယ်ဆိုတာကိုလည်း မေ့မထားသင့်ပါတယ်။
ဒါ့ကြောင့်မို့လို့ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့အသက်က တဖြည်းဖြည်း အသက်ရလာပေမယ့် မ ပျက်စီး သေးတဲ့ ဘီးကျဲ တစ်ဗွေဖြစ်ဖို့ဆိုရင် အခုဖော်ပြပေးမယ့် အချက်များကို လိုက်နာဖို့ လိုအပ်ပါလိမ့်မယ်။
(၁) ကိုယ့် ခန္ဓာကိုယ်ကို ချစ်ပါ
ကွီးတို့ ခန္ဓာကိုယ်က ကွီးတို့အတွက် အကောင်းဆုံး မဟာမိတ်ပါပဲ။ ရန်သူ မဟုတ်ပါဘူး။ ဒါ့ကြောင့်မို့လို့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ချစ်ဖို့၊ ဂရုစိုက်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။
ကွီးတို့ ခန္ဓာကိုယ်ကို ချစ်ဖို့ ဂရုစိုက်ဖို့အတွက် ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အပြုအမူမျိုးကိုသာ ဂရုစိုက်ရမှာပဲ ဖြစ်ပါတယ်။ ဥပမာ ရေဓာတ် ပြည့်ဝအောင် နေထိုင်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွှတ်သော အစားအစာများ စားသုံးခြင်း၊ ကိုယ်လက် လှုပ်ရှားမှု ရှိခြင်း အစရှိသည်တို့ပဲဖြစ်ပါတယ်။
(၂) ကိုယ့်ရဲ့ ပါတနာနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ပါ
သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခု ဖန်တီးချင်တယ်ဆိုရင် ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင် ပြောဆိုဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဖဲမွေ့ရာထက်က ချစ်တင်းနှောတဲ့ ကိစ္စတွေမှာ ပွင့်ပွင့်လင်းလင်း ရှိရပါမယ်။ ရှက်ကြောက်နေမယ်ဆိုရင်တော့ နှစ်ဦးသားစလုံး ပျော်ရွှင်မှုအတိ ပြီးတဲ့ ခံစားချက်ကို ခံစားရမှာ မဟုတ်ပါဘူး။
(၃) အချိန်ပေးဖို့ မမေ့ပါနဲ့
ယနေ့ခေတ်မှာ လူတိုင်း လူတိုင်းက စားဝတ်နေရေးကြောင့် ရုန်းကန်နေရပြီး မနက် မိုးလင်းကနေ ည မိုးချုပ်အထိ အလုပ်ချည်းပဲ တကုတ်ကုတ် ပြုလုပ်နေကြရပါတယ်။ ဒီလိုနဲ့ပဲ အလုပ်ရဲ့ ဖိအားတွေ ပိလာပြီး ကိုယ့်ရဲ့ မဟေသီလေးနဲ့ မူစကူး ဒူးဖို့ အတွက် အချိန်ပေးဖို့လည်း မေ့လာတတ်ပါတယ်။ ကွီးတို့သာ ဒီလိုမျိုး ကိုယ့်ရဲ့ ညီလေးအတွက်လည်း အချိန် မပေးဘူးဆိုရင်တော့ ကွီးတို့ ညီလေးက တစ်သက်လုံး စိတ်ကောက်သွားပြီး ရွှေပန်း ညှိုးသွားမှ နောင်တ တပွေ့တပိုက်ကြီး ကြုံတွေ့ရမှာကို မကြောက်ဘူးလား။
(၄) အသက်အရွယ်နဲ့ ကန့်သတ် မထားပါနဲ့
ဖဲမွေ့ရာထက်က ချစ်တင်းနှောခြင်း ကိစ္စတွေက ဘယ်အသက်အရွယ်ရောက်ရင်တော့ ရပ်တန့်သင့်ပြီဆိုတဲ့ ကန့်သတ်ချက်မျိုး မရှိပါဘူး။ လိင်ကျန်းမာရေး ဆိုတာသည်လည်း အသက်အရွယ်တိုင်းမှာ ဂရုစိုက်သင့်တဲ့ အရာတစ်ခုဖြစ်ပြီး ဘယ်အသက်အရွယ်ရောက်မှ ဂရုစိုက်ရမယ်ဆိုတဲ့ ဘောင်နဲ့ ကန့်သတ်ထားလို့ မရတာကိုလည်း သတိချပ်ထားသင့်ပါတယ်။
(၅) အသက်ကြီးလာပေမယ့် မ ပျက်စီး သေးတဲ့ ဘီးကျဲ တစ်ဗွေ ဖြစ်ဖို့ အရေးအကြီးဆုံး အချက်
အရေးကြီးဆုံး အချက်ကတော့ ကွီးတို့ရဲ့ စွမ်းဆောင်ရည်ပါပဲ။ စွမ်းဆောင်ရည် ကောင်းဖို့ဆိုရင် သက်လုံကောင်းပြီး အမောခံနိုင်ရပါမယ်။ ဒါဆိုရင်တော့ လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ဖို့ လိုအပ်လာပါပြီ။ လေ့ကျင့်ခန်း ပြုလုပ်ရုံနဲ့လည်း မပြီးသေးပါဘူး။ အိပ်ရေး ဝဝ အိပ်စက်ဖို့နဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာများ စားသုံးဖို့၊ အဝ မလွန်အောင် ခန္ဓာကိုယ်ကို ထိန်းဖို့ အစရှိတဲ့ အချက်များက တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေတာကိုလည်း မေ့မထားသင့်ပါဘူး။
ကွီးတို့ရော အသက်ကြီးလာပေမယ့် မပျက်စီးသေးဘဲ အမြဲတမ်း ငယ်ရွယ်နုပျိုနေအောင် ဘယ်လိုမျိုး ကျင့်ကြံနေပါသလဲ။
Source: Clinicbarcelona.org
Featured Image: Health.harvard.edu