မိုလ်ဘိုင်းဂိမ်း ခပ်မိုက်မိုက်လေးတွေ ရှာနေတဲ့ ကွီးတွေရှိပါသလား ? အမြဲတမ်းဆော့နေကျ ပျင်းစရာကောင်းတဲ့ အဂွမ်းဂိမ်းတွေပဲ ကစားနေရလို့ ငြီးငွေ့နေတယ်ဆိုရင်တော့ ကွီးတို့အတွက် မတူညီတဲ့ ဂိမ်းအတွေ့အကြုံတွေ ၊ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အမိုက်စား ဂိမ်းတွေကို ညွှန်းပေးပါမယ်။ ဂိမ်းအမျိုးအစား အမျိုးမျိုး ပါဝင်တဲ့အတွက် Android ဂိမ်း အမိုက်စားလေးတွေကို ပြောပြမှာဖြစ်တာကြောင့် ဂိမ်းချစ်သူ ကွီးတို့ ဆက်ဖတ်ကြည့်လိုက်ပါဦး။

(၁) Garena Free Fire Max

Source : Garena Free Fire Global

Garena Free Fire Max ကတော့ Garena စီးရီးရဲ့ နောက်ဆုံးထွက်ဂိမ်း ဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်ရတာ ဝါသနာထုံတဲ့ ဂိမ်း ချစ်သူကွီးတို့ အကြိုက်တွေ့စေမှာပါ။ ဒီဂိမ်းက Battle Royale Shooter ဂိမ်းအမျိုးအစား တစ်ခုဖြစ်ပြီး ကစားပွဲတစ်ခုမှာ Players အယောက် ၅၀ ပါဝင်ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။ PUPG ဂိမ်းလို ၄ ယောက်တစ်ဖွဲ့ စုစည်းနိုင်မှာဖြစ်ပြီး လက်နက်တွေရှာဖွေကာ အခြား အဖွဲ့က ကစားသမားတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက် ရမှာပါ။ Graphics ခပ်လန်းလန်း ၊ Controls ခပ်မိုက်မိုက်တွေနဲ့ အခြားလုပ်ဆောင်စရာတွေ အများကြီး ဂိမ်းထဲမှာ ပါပါတယ်။ ဂိမ်းထဲမှာ Bugs တွေ ရှိတက်ပေမယ့်လည်း ပြဿနာအများကြီးတော့ မရှိပါဘူး။ Battle Royale Shooter ဂိမ်းအမျိုးအစား ကြိုက်တယ်ဆိုရင် Free To Play ဆော့လို့ရမယ့် Garena Free Fire Max ကို Try ကြည့်ပါ။

(၂) Roblox

Source : Roblox

အမိုက်စား Multiplayer Gaming Experience ကို ခံစားချင်တယ် ဆိုရင်တော့ Roblox ဂိမ်း ကလုံးဝ ကွက်တိပါပဲ။ ဒီဂိမ်းက ၂၀၀၆ ခုနှစ်ကတည်းက စတင်ထွက်ခဲ့တာဆိုတော့ တော်တော်လေးတော့ ကြာပြီဖြစ်ပေမယ့် လူကြိုက်များမှုက အခုထိ မလျှော့သေးပါဘူး။ Players တွေအနေနဲ့ ကိုယ်ပိုင် Virtual Worlds တွေနဲ့ ဂိမ်းတွေကို ဖန်တီးနိုင်မှာဖြစ်ပြီး ကိုယ်ဖန်တီးထားတဲ့ ကမ္ဘာသစ်ထဲမှာ စွန့်စားခန်းတွေ ၊ စိန်ခေါ်မှုအပြည့်နဲ့ တီထွင်ဖန်တီးမှုတွေ စသည်ဖြင့် စိတ်ကြိုက် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ပုံမှန်ဆော့နေကျ ပျင်းစရာကောင်းတဲ့ ဂိမ်းပုံစံတွေထဲက ကွဲထွက်နေပြီး ထူးခြားတဲ့ ဂိမ်းအတွေ့အကြုံအသစ်တွေကို ခံစားချင်တယ်ဆိုရင် Free To Play လည်းဆော့လို့ရမယ့် Roblox ဂိမ်းလေးကို စမ်းဆော့ကြည့်လိုက်ပါ။

(၃) Old School RuneScape

Source : Old School RuneScape

Old School RuneScape ဂိမ်းလေးက ၂၀၁၃ ခုနှစ်တုန်းက ထွက်ရှိခဲ့တာပါ။ Android ဂိမ်း ချစ်သူတွေကြားထဲမှာတော့ တော်တော်လေး ရေပန်းစားပြီးသားလို့ ပြောလို့ ရပါတယ်။ Gameplay ပုံစံကိုက တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းပြီး ကမ္ဘာကြီးကို ဖြတ်ကျော်ကာ စူးစမ်းမှုတွေ ရှာဖွေတာ ၊ အခြား Players တွေရှာဖွေပြီး ပစ္စည်းတွေရောင်းဝယ် ဖောက်ကားတာ ၊ လူဆိုးတွေနဲ့ ရင်ဆိုင်တိုက်ခိုက်တာ စတာတွေ ပါဝင်ပါတယ်။ ဂိမ်း Community ကြီးက တော်တော်လေး ကြီးတယ်လို့ ပြောလို့ရပြီးတော့ Graphics တွေလည်း မဆိုးလှပါဘူး။ ပိုကောင်းတာတစ်ခုက Free To Play လည်းဆော့ကစားလို့ရနေဆဲ ဖြစ်တာကြောင့် ခပ်မိုက်မိုက် ခပ်လန်းလန်း ဂိမ်းလေးတွေ ကြိုက်နှစ်သက်တဲ့ ကွီးတို့ကတော့ Must Try ပါပဲ။

(၄) Riptide GP: Renegade

Source : Vector Unit

Riptide GP: Renegade ကတော့ လုံးဝအမိုက်စား Racing ဂိမ်း တွေထဲက တစ်ခုပါ။ ဒီဂိမ်းရဲ့ Campaign Mode ကတော်တော်လေး Fun ဖြစ်ပြီး Events တွေ အများကြီး ပါပါတယ်။ ထူးခြားတာက အခြား Racing ဂိမ်းတွေနဲ့ မတူပဲ Storyline ပါတာပါ။ အွန်လိုင်း Multiplayer Option ပါသလို ကစားသမား ၈ ယောက် ပါဝင်ကစားနိုင်မယ့် Head-To-Head Matchups တွေလည်း ပါပါတယ်။ နောက်ပြီး ဒီဂိမ်းက Split-Screen Multiplayer Mode နဲ့ Hardware Controllers တွေကိုလည်း Supports ပေးထားပြီး ဘော်ဒါတွေနဲ့ အတူတကွ ပျော်ပျော်ပါးပါး ၊ Challenging ဖြစ်ဖြစ် ကစားရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းလေးက Free To Play တော့ ဆော့ကစားလို့ရမှာ မဟုတ်ပေမယ့် ၃ ဒေါ်လာဝန်းကျင်နဲ့ တန်တဲ့ ဂိမ်းအတွေ့အကြုံအသစ်ကို ပေးစွမ်းမှာတော့ အသေအချာပါပဲ။

Source : Android Authority

Featured Photo : Garena Free Fire