အိပ်ရာထက်မှာ အစွမ်းပြနေတဲ့ ကျားကြီးတွေဆိုတာ ဆန္ဒရှိတိုင်းမှာ ထူထူထောင်ထောင်နဲ့ အမြဲဦးမော့နိုင်သူတွေကို ခေါ်ပါတယ်။ ပြောရရင် ဖွားဖက်တော်ဟာ ပုံမှန်အချိန်မှာ ဖယောင်းလို့ ပျော့နေပေမယ့် ချစ်စိတ်တွေနိုးကြားပြီး လုပ်ငန်းစဖို့ ဦးနှောက်က အမိန့်ပေးလာတာနဲ့ ချက်ချင်းလို မာနိုင်တဲ့ အခြေအနေကို ဆိုလိုပါတယ်။ ဒီလို ခေါ်တိုင်းလာ ၊ နှိုးတိုင်းမှာ အမြဲနိုးနေစေမယ့် သန်သန်မာမာ ဖွားဖက်တော် ကို ပိုင်ဆိုင်နိုင်ဖို့ ကွီးတို့ ဘယ်တွေလုပ်ဆောင်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) ကျားဟော်မုန်း စစ်ပါ

Testosterone Level Test

Photo : Neighborhood Medical Center

တက်စတိုစတီရုန်း (Testosterone) လို့ခေါ်တဲ့ ကျားဟော်မုန်းဟာ ဖွားဖက်တော် ထောင်မတ်မှု ယန္တရားအပေါ် တိုက်ရိုက်မသက်ရောက်ပေမယ့် လိင်စိတ်ဆန္ဒ Libido နဲ့တော့ ဆက်နွယ်မှု ရှိပါတယ်။ ဆိုလိုတာဟာ တက်စတိုစတီရုန်းကျနေပြီး Libido လျော့နေရင် လိင်တံထောင် မတ်နိုင်စွမ်းနဲ့ လိင်မှုစွမ်းဆောင်ရည်တွေအပေါ် အနုတ်ပြတဲ့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ ကျားဟော်မုန်း ပမဏ ပြည့်ဝမှု ရှိမရှိကို ပုံမှန် စစ်ဆေးပေးသင့်ပါတယ်။

(၂) လမ်းများများလျှောက်ပါ

Walking Men

Photo : Giallo Photography

လေ့လာမှုတွေအရ အထိုင်များတဲ့ အမျိုးသားတွေ ၊ လှုပ်ရှားမှု နည်းသူတွေမှာ အဝလွန်ရောဂါနဲ့ ဆက်စပ်ပြီး လိင်မှုဆိုင်ရာ ပြဿနာတွေ အများဆုံး ကြုံတွေ့ရလေ့ ရှိတယ်လို့ ဆိုပါတယ်။ လေ့ကျင့်ခန်း အများကြီး မလုပ်နိုင်ရင်တောင် လမ်းများများလျှောက်ပေးတာဟာ အကောင်းဆုံး ကိုယ်လက်လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး ဖွားဖက်တော် ဆီ သွေးစီဆင်းမှုကို တိုးစေတဲ့အတွက် လိင်တံထောင်မတ်နိုင်စွမ်း အားကောင်းစေဖို့ ကူညီပေးနိုင်ပါတယ်။

(၃) စိတ်ချမ်းသာအောင် နေထိုင်ပါ

Man Breathe Deeply

Photo : Calm

စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာ လိင်မှုဘဝအပေါ် အကြီးအကျယ် အနှောက်အယှက် ဖြစ်စေတဲ့ တရားခံပါ။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေ များတဲ့အခါ ‌ခန္ဓာကိုယ်မှာ ဟော်မုန်းကမောက်ကမတွေ ဖြစ်လာနိုင်ပြီး နောက်တွဲအနေနဲ့ လိင်မှုကိစ္စအပေါ် စိတ်ဝင်စားမှု လျော့ကျတာ ၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းတာ စတဲ့အခြေအနေတွေ ကြုံတွေ့ ရနိုင်ပါတယ်။ အလားတူ စိတ်ဖိစီးမှုတွေဟာ အိပ်စက်မှုစက်ဝန်းကိုပါ ပျက်ပြားစေတဲ့အတွက် အိပ်ရေးပျက်ခြင်း ၊ အိပ်ရေးမဝခြင်းကြောင့် ကြုံရနိုင်တဲ့ လိင်တံကောင်းစွာ ထောင်မတ်မှု မရှိတဲ့ ပြဿနာ ၊ Libido ကျဆင်းတဲ့ပြဿနာ စတာတွေ ကြုံတွေ့ ရနိုင်ခြေ များပါတယ်။

(၄) ဝေါကိ အနည်းငယ် မှီဝဲကြည့်ပါ

Cannabis (Marijuana)

Photo : EarthMed

ဆေးလိပ်သောက်တာက သွေးကြောတွေကို ကျဉ်းစေပြီး သွေးစီးဆင်းမှုကို အဟန့်အတား ဖြစ်စေတာကြောင့် လိင်တံကမောက်ကမ ဖြစ်တဲ့ ပြဿနာ ကြုံတွေ့ရနိုင်ခြေ များပေမယ့် ဝေါကိ (Weed) လို့ ခေါ်တဲ့ Cannabis (Marijuana) ကတော့ ဖွားဖက်တော် ထောင်မတ်နိုင်စွမ်းနဲ့ လိင်မှုစွမ်းဆောင်ရည်အပေါ် အကျိုးပြုတယ်လို့ လေ့လာမှု အချို့က ဆိုထားပါတယ်။ သို့သော်လည်း ဆေးဖြစ်ဝါးဖြစ်အနေနဲ့ သင့်တင့်မျှတတဲ့ ပမာဏကိုသာ သောက်သုံးသင့်ပြီး အလွန်အကျွံဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ရှိလာမှာ ဖြစ်ပါတယ်။

Source : Men’s Health

Featured Photo : British GQ