ပြီး ပြည့်စုံ တဲ့ ဖက်ရှင် ဒီဇိုင်းတစ်ခု ဖန်တီး ဖို့အတွက် ဘယ်အချက်တွေ သိထားရမယ်လို့ ကွီးတို့ ထင်ပါသလဲ။ ဖက်ရှင်ဒီဇိုင်းတွေ ဆိုတာသည် တစ်နှစ်ပြီးတစ်နှစ် အသစ် အသစ်တွေ ပြောင်းသွားတယ် ဆိုပေမယ့် သူ့ရဲ့ အခြေခံအချက်တွေကတော့ ပြောင်းလဲ မသွားပါဘူး။ ကွီးတို့အနေနဲ့ ပြီး ပြည့်စုံ တဲ့ ဖက်ရှင် ဒီဇိုင်းတစ်ခု ဖန်တီး ဖို့ဆိုရင် အခြေခံကျတဲ့ အချက်တွေကို သေချာ ဂရုစိုက်ပြီး လိုက်လုပ်ရုံပါပဲ။ တခြားဘာမှ အထူးတလည် လိုက်လုပ်နေစရာ မလိုပါဘူး။

ဒီအချက်များက ကွီးတို့ကို ပြီး ပြည့်စုံ တဲ့ ဖက်ရှင် ဒီဇိုင်းတစ်ခု ဖန်တီး နိုင်ဖို့အတွက် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

အဝတ်အစား အရောင်များကို သေချာ တွဲစပ်ကာ ဝတ်ဆင်ပါ

man fashion

ဘယ်တော့မှ ဟောင်း မသွားမယ့် ဖက်ရှင် ကို ကွီးတို့ ကိုယ်တိုင် ဖန်တီးချင်တယ်ဆိုရင်တော့ အရောင် အတွဲ အစပ်ကို သေချာ ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်ဖို့ လိုအပ်ပါတယ်။ ဆန့်ကျင်ဘက် အရောင်တွေကိုလည်း သေချာ တွဲစပ်တတ်မယ်ဆိုရင် ကွီးတို့ ဖက်ရှင်က အများကြားမှာ ပေါ်လွင်ပြီး ဆွဲဆောင်မှု ရှိနေမှာပါ။ တကယ်လို့ ကွီးတို့က ဆန့်ကျင်ဘက် အရောင်တွေကို သေချာ မတွဲစပ်တတ်ဘူးဆိုရင်တော့ သဘာဝ ဆန်ဆန် အရောင်တွေကို တွဲဝတ်တာက စိတ်အချရဆုံးပါပဲ။

ကွီးတို့က ရက်ပ်ပါလား

man with big t-shirt

ကွီးတို့က ရက်ပ်ပါတစ်ယောက် မဟုတ်ဘူးဆိုရင်တော့ အင်္ကျီ ပွပွကြီးတွေကို ဝဲပစ်လိုက်တာ အကောင်းဆုံးပါပဲ။ ဖက်ရှင်အပွတွေက ဝတ်ရတာ သက်သောင့်သက်သာတော့ ရှိပါတယ်။ ဒါပေမဲ့ ကွီးတို့ကို ဖက်ရှင်ကျစေမှာ မဟုတ်ပါဘူး။ ဆွဲဆောင်မှု မြင့်မားပြီး ဖက်ရှင်ကျချင်တယ်ဆိုရင် ကွီးတို့ရဲ့ ဖက်ရှင်အပွတွေကို ဝဲပစ်သင့်ပါပြီ။ ဖက်ရှင် အပွတွေအစား ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ ကွက်တိကျစေမယ့် ဖက်ရှင်မျိုးကို ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။

လက်ပတ်နာရီတွေကိုလည်း မေ့မထားပါနဲ့

ပြီး ပြည့်စုံ ဖက်ရှင်

လက်ပတ်နာရီတွေကိုလည်း သေချာ ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။​ ကွလာတီကောင်းပြီး ဒီဇိုင်း မိမိုက်တဲ့ လက်ပတ်နာရီတစ်လုံးက ကွီးတို့ရဲ့ ဖက်ရှင်ကို စမတ်ကျသွားစေမှာ အမှန်ပါပဲ။ လက်ပတ်နာရီ ရွေးချယ်ရတာ ခေါင်းမစားချင်ဘူးဆိုရင်တော့ အနက်ရောင် လက်ပတ်နာရီကို ရွေးချယ်သင့်ပါတယ်။ အနက်ရောင် လက်ပတ်နာရီက နန်းဆန်ပြီး ဘယ်အဝတ်အစားနဲ့မဆို လိုက်ဖက်ပါတယ်။

သူများ စတိုင်လ်ကို အရမ်း မကူးချပါနဲ့

ပြီး ပြည့်စုံ ဖက်ရှင်

ဖက်ရှင် ပိုင်းမှာ ဘယ်သူကို စံနမူနာ ထားသလဲ ကိုယ် စံနမူနာထားတဲ့ အိုင်ဒေါလ် တစ်ယောက်ကို ရွေးချယ်ပါ။ ပြီးရင် ကိုယ့်ရဲ့ ဖက်ရှင်နဲ့ ပေါင်းဖက်ပြီး ကိုယ်ပိုင် စတိုင်လ်တစ်ခုကို တီထွင်ကာ ဝတ်ဆင်တတ်ဖို့ လိုအပ်ပါတယ်။ အခြားသူရဲ့ ဖက်ရှင်ကို တိုက်ရိုက် ကူးချတာမျိုး မဟုတ်ဘဲ ကိုယ်ပိုင်ဟန်နဲ့ ဖန်တီးရမှာ ဖြစ်ပါတယ်။

ဂျင်းဂျက်ကတ်နဲ့ ခပ်မိုက်မိုက် ရှိုးထုတ်တတ်ပါစေ

ပြီး ပြည့်စုံ ဖက်ရှင်

ကွီးတို့ရဲ့ အဝတ်ဘီဒိုထဲမှာ မရှိမဖြစ် ရှိသင့်တဲ့ ဂျက်ကတ်တစ်ထည်ကတော့ ဂျင်းဂျက်ကတ်တွေပါပဲ။ ဘယ်သူမဆို ဂျင်းဂျက်ကတ် တစ်ထည်တော့ ရှိထားသင့်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ခပ်မိုက်မိုက် ဖြစ်အောင် ဝတ်စားချင်တယ်ဆိုရင်တော့ ဂျင်းက ဘုရင်ပါ။ ဂျင်းက ရိုးရှင်းတယ်လို့ ထင်ရသော်လည်းပဲ စတိုင်လ်ကျသော အသွင်အပြင်ကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။ ဒါ့ကြောင့် ပြီး ပြည့်စုံ တဲ့ ဖက်ရှင်ကို ဖန်တီး ချင်ရင်တော့ ဂျင်း ဂျက်ကတ်တွေနဲ့ ရှိုးထုတ်တာ အကောင်းဆုံးပါပဲ။

ကွီးတို့ရော ကိုယ့်ရဲ့ ဖက်ရှင်က ပြီး ပြည့်စုံ တဲ့ ဖက်ရှင် တစ်ခုဖြစ်အောင် ဘယ်လိုမျိုး ရှိုးထုတ်ပါသလဲ။

Source: Fashionbeans

Featured Image: Mensflair.com