တစ်ပတ်တာအမောတွေကို ပြေစေဖို့အတွက် ဂိမ်းတွေ ကစားခြင်းကလည်း နည်းလမ်းတစ်ခုပါပဲ။ ကျွန်တော်တို့က စိတ်လှုပ်ရှားစရာ ဂိမ်း တွေထဲမှာ နစ်မြောပြီး အနိုင်ယူလိုက်တာက စိတ်ပင်ပန်းတွေကို လျော့ပါးစေပြီး စိတ်ပိုင်းဆိုင်ရာ ပြန်လည်တတ်ကြွလာစေပါတယ်။ ဒီနေ့မှာတော့ ကွီးတို့အတွက် စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းမှုတွေကို ပြေးလမ်းပေါ်မှာ အပီကြမ်း ရင်း ဖျောပစ်ဖို့ အမိုက်စား Racing Games တွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
Gear.Club – True Racing
Source : Eden Games
ကွီးတို့အတွက် ပြေးလမ်းပေါ်မှာ အပီကြမ်း ဖို့ ပထမဆုံးဖော်ပြပေးချင်တဲ့ ဂိမ်းလေးကတော့ Gear.Club – True Racing ဆိုတဲ့ မိုဘိုင်းလ်ပြိုင်ကား ဂိမ်းလေးပါ။ ဒီဂိမ်းကို ကစားသမားများက သူငယ်ချင်းများနဲ့ အွန်လိုင်းမှာပါ ယှဉ်ပြိုင်နိုင်ရန်အတွက် ပုံဖော်ထားသော ဂိမ်းလေးဖြစ်ပါတယ်။ ဒီဂိမ်းထဲမှာ ပြိုင်ပွဲလမ်းကြောင်းများတွင် ထူးခြားဆန်းပြားသောတည်နေရာများကို စူးစမ်းလေ့လာနိုင်ပါတယ်။ ဒါ့အပြင် ထိပ်တန်းစွမ်းဆောင်ရည်အတွက် ကားများစုဆောင်းကာ မတူညီသော ကားအစိတ်အပိုင်းများကို အဆင့်မြှင့်တင်နိုင်ပြီး ကစားနိုင်ပါတယ်။
Real Racing 3
Source : Real Racing
ဒီမိုဘိုင်းလ်ဂိမ်းက ကွီးတို့စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ ကားအစီးရေ ၃၀၀ ကျော် ပါဝင်တဲ့ ခေတ်မီပြိုင်ကားဂိမ်းတစ်ခု ဖြစ်ပါတယ်။ Ford၊ Aston Martin၊ McLaren နဲ့ Bugatti တို့လို အကောင်းဆုံးကားတွေကို Real Racing 3 မှာ ဂိမ်းကစားသူတွေအတွက် စိတ်လှုပ်ရှားစရာဖြစ်အောင် ထည့်သွင်း ဖန်တီးထားပါတယ်။ ကားတွေကို စိတ်ကြိုက်ရွေးချယ်ပြီး ကစားချင်တဲ့သူတွေအတွက်တော့ အမိုက်စားဂိမ်းပါပဲ။ ဒါ့အပြင် ဒီဂိမ်းမှာ နိုင်ငံတကာလမ်းကြောင်းများပေါ်တွင် ကားများကို မတိုက်မိစေရန် အပြည့်အဝလုပ်ဆောင်နိုင်သော နောက်ကြည့်မှန်များကို အသုံးပြုနိုင်ပါတယ်။
SBK16
Source : Digital Tales
ကွီးတို့အနေနဲ့ ပြိုင်ကားဂိမ်းတွေကစားရတာ ပျင်းလာပြီဆိုရင် ဆိုင်ကယ်တွေနဲ့ ပြိုင်လို့ရပါတယ်။ ဒီ SBK16 က အခမဲ့ကစားနိုင်တဲ့ ဆိုင်ကယ်ပြိုင်ဂိမ်း တစ်ခုဖြစ်ပါတယ်။ ဂိမ်းထဲမှာ သြစတြေးလျရှိ Phillip ကျွန်း၊ ထိုင်းရှိ Chang၊ နယ်သာလန်ရှိ Assen၊ အီတလီရှိ Imola၊ မလေးရှားရှိ Sepang နှင့် အင်္ဂလန် ရှိ Donington ကဲ့သို့သော ကမ္ဘာတစ်ဝှမ်းမှ အံ့သြဖွယ်ကောင်းသော နေရာများကို ပြေးလမ်းအဖြစ် ကစားနိုင်ပါတယ်။
CarX Highway Racing
Source : Game fuel TV
ဒီဂိမ်းကိုတော့ CarX Technologies မှ ဖန်တီးထားပြီး Android ရော iOS မှာပါ ကစားနိုင်ပါတယ်။ ကစားသမားများအနေဖြင့် ဩစတေးလျ၊ ပြင်သစ်နှင့် ရုရှားတို့ရဲ့ လမ်းမများအပေါ်မှာ Campaign မုဒ်ဖြင့် လူအများနဲ့ ပြိုင်ဆိုင်နိုင်ပြီး Free Ride မုဒ်ဖြင့်လည်း ကန့်သတ်ချက်မရှိဘဲ စိတ်ကြိုက်မောင်းနှင်နိုင်ပါတယ်။ ဒီဂိမ်းကရော စိတ်လှုပ်ရှားမှု အပြည့်အဝပေးနိုင်လားဆိုတာ ကစားကြည့်လိုက်ရအောင်ဗျာ။
Rebel Racing
Source : Rebal Racing
ဒီဂိမ်းကို Graphic အမိုက်စားတွေနဲ့ ဖန်တီးထားပြီး Ford GT၊ Lotus 3-Eleven နှင့် Ariel Nomad ကဲ့သို့သော စူပါကားများဖြင့် American West Coast ရဲ့ လမ်းမများပေါ်တွင် ကစားနိုင်ပါတယ်။ ကစားသမားများက ငွေသားစုဆောင်းပြီး ကားများကိုသော့ဖွင့်ဖို့အတွက် အင်္ဂါရပ်လည်း ပါရှိပါတယ်။ ကားများကို အဆင့်မြှင့်တင်ရန်နဲ့ ကိုယ်ထည်အရောင်၊ ဘီးအရောင်နှင့် ပုံသဏ္ဍာန်များကို စိတ်ကြိုက်ပြင်ဆင်ရန်အတွက်လည်း ငွေသားကို အသုံးပြုနိုင်ပါတယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ပြေးလမ်းပေါ်မှာ အပီချဲရင်း စိတ်လှုပ်ရှားဖွယ်ကစားရမယ့် Racing Games တွေပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ Android မှာရော iOS မှာပါ ကစားနိုင်တဲ့ Racing Games တွေ အများကြီး ရှိသေးတာကြောင့် ဖော်ပြပေးပါဦးမယ်။
Source : GAMERANT
Featured Photo : Winzo