A-List ဝင်ထားတဲ့ သရုပ်ဆောင် မင်းသားတော်တော်များများသည် ဖက်ရှင် နဲ့ ပတ်သက်လာလျှင် အမြဲတမ်းနောက်ဆုံးပေါ် ဖက်ရှင်တွေကိုသာ ဝတ်ဆင်ကြပြီး လူအများကြားမှာ ထင်းခနဲ လင်းခနဲ ပေါ်လွင်ဖို့ရန်အတွက် အရောင်တောက်တောက်တွေ ဆင်မြန်းလေ့ရှိကြပါတယ်။ ဒါပေမဲ့ Ryan Reynolds ကတော့ အဲ့လိုမဟုတ်ပါဘူး။
သူသည် ပေါ့ပေါ့ပါးပါး အဝတ်အစားများကိုသာ ဝတ်ဆင်လေ့ရှိပြီး အပြင်သွားတဲ့ အခါမှာလည်း မင်းသားတစ်ယောက်လိုမျိုး ရှိုးစမိုးအပြည့်နဲ့ ဟိတ်ဟန်ထုတ်လေ့မရှိဘဲ သာမန်လူငယ်လေးတစ်ယောက်လို ဝတ်စားသွားလာလေ့ရှိပါတယ်။ ထိုအချက်ကြောင့်လည်း သူ့ကို လူအများက ချစ်ခင်လေးစားကြတာ ဖြစ်ပါတယ်။
သူသည် ကော်ဇောနီပေါ်မှာ လျှောက်လှမ်းရတဲ့အချိန်မှာတောင်မှ နောက်ဆုံးပေါ် နာမည်ကြီးဘရန်းတွေအစား သူ့အတွက် သက်သောင့် သက်သာဖြစ်စေပြီး စမတ်ကျစေတဲ့ အဝတ်အစားမျိုးကိုသာ ရွေးချယ်လေ့ရှိပါတယ်။
ဒီလိုမျိုး ဟိတ်ဟန်နည်းပြီး ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်တတ်တဲ့ ကမ္ဘာကျော်မင်းသားကြီး Ryan Reynolds ရဲ့ စတိုင်လ် အချို့ကို သူ့ရဲ့ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ရပါတယ်။
အနောက်တိုင်း ဝတ်စုံပြည့်ဖက်ရှင်
ပေါ့ပါးလွတ်လပ်တဲ့ ဂျင်းဖက်ရှင်

ဝတ်စုံရွေးချယ်မှုကို အရိုးရှင်းဆုံးရွေးချယ်ထားပြီး နက်ခ်တိုင်ဒီဇိုင်းကိုလည်း ရိုးရိုးရှင်းရှင်းသာ ပြုလုပ်ထားတာဖြစ်ပါတယ်

မီးခိုးရောင်နှင့် အပြာရောင်ရဲ့ လိုက်ဖက်တဲ့အသွင်အပြင်ကို ဒီဖက်ရှင်ကနေ လေ့လာနိုင်ပါတယ်

စမတ်ကျကျ ခန့်ညားလှပတဲ့အသွင်အပြင်ကိုတော့ ဒီဖက်ရှင် Look ကနေ မြင်တွေ့နိုင်ပါတယ်

ဂျက်ကတ်ဖက်ရှင်နဲ့ ရှိုးထုတ်ခြင်းသည်လည်း ဖက်ရှင်တစ်မျိုး ပြောင်းလဲသွားစေပါတယ်

ဝတ်စုံပြည့် ဝတ်ဆင်တဲ့အခါမှာလည်း ကိုယ့်ခန္ဓာကိုယ်နဲ့ Fit ဖြစ်နေအောင် အမြဲတမ်း ဝတ်ဆင်လေ့ရှိတဲ့ Ryan Reynolds

တီရှပ်ဖက်ရှင်ကလည်း ပေါ့ပါးလွတ်လပ်တဲ့အသွင်ကို ဖန်တီးပေးနိုင်ပါတယ်

သူ့ရဲ့ဇနီးချောနဲ့ ပွဲအတူတူတက်တဲ့အခါ တွေ့မြင်ရတဲ့ စုံတွဲဖက်ရှင်

လူကြီးဆန်ပြီး ကြည့်ကောင်းစေမယ့်ဖက်ရှင် Look

အနက်ရောင် အနောက်တိုင်းဝတ်စုံကတော့ ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ ဖက်ရှင်တစ်ခုပေါ့

စုံတွဲလိုက် ပွဲတက်ဖက်ရှင်

ဗွီပုံသဏ္ဍာန် လည်ပင်းပေါက်ရှိသော တီရှပ်နဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ ဂျက်ကတ်ဖက်ရှင်

သူတို့နိုင်ငံရာသီဥတုနဲ့တော့ Layering လို့ခေါ်တဲ့ အင်္ကျျီနှစ်ထပ်၊ သုံးထပ် ဝတ်ဆင်ခြင်းက အဆန်းမဟုတ်တော့ပါဘူး

ပေါ့ပေ့ါပါးပါး Freestyle ဖက်ရှင်

ကမ္ဘာကျော်မင်းသားတစ်ယောက်ရဲ့ ဖက်ရှင်တွေက ပေါ့ပေါ့ပါးပါးနဲ့ ဟိတ်ဟန်မရှိဘဲ ဖက်ရှင်ကျနေတာကို ကွီးတို့တွေ မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကွီးတို့ရော သူ့ရဲ့ဖက်ရှင်ထဲကနေ မှီငြမ်းကာ အတုယူချင်တဲ့ ဖက်ရှင်စတိုင်လ်တစ်မျိုးမျိုးလောက် တွေ့ခဲ့ရဲ့လား။
Source: Fashionbeans.com
Featured Image: Fashionbeans.com

