ချစ်ရသူနဲ့ ခွဲခွာရခြင်းကမှ အသည်းကွဲတာ မဟုတ်ပါဘူး။ ကိုယ်ကချစ်နေပေမယ့် တစ်ဖက်က ကိုယ့်အချစ်ကို မျက်နှာလွဲခဲပစ် လုပ်ခံရတာကလည်း အသည်းကွဲရခြင်း တစ်မျိုးပါပဲ။ ဒီထဲမှာပို ပြီး ခံစားရခက်စေတာတစ်ခုက သူငယ်ချင်းလည်းမဟုတ် ချစ်သူအဆင့်လည်း မတက်နိုင်ပဲ ဟိုမရောက်ဒီမရောက် ဖရန့်ဇုန်ထဲ ပိတ်မိနေသူတွေပါ။ ဒီတစ်ခေါက်တော့ ကွီးတို့က ဖရန့်ဇုန် ထဲ ရောက်ချင်းမလှ ရောက်နေပြီဆိုတာ သိနိုင်မယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) နှစ်ယောက်တည်း ဒိတ်ဖို့ချိတ်တိုင်း သူငယ်ချင်းတွေ အမြဲခေါ်လာတယ်ဆိုရင်
Photo : Psychologies
သူမနဲ့ ရုပ်ရှင်ကြည့်ဖို့ ၊ မုန့်ထွက်စားဖို့ ချိန်းလိုက်တိုင်းမှာ တခြားသူငယ်ချင်းတွေပါ အမြဲကန့်လန့်ကန့်လန့်ပါလာတယ်ဆိုရင် သင်နဲ့ နှစ်ယောက်တည်း ဒိတ်ဖို့အခြေအနေကို ရှောင်လွဲချင်နေတာ ဖြစ်ပုံရပါတယ်။ ဒါက သင်နဲ့ နှစ်ယောက်တည်း ရှိဖို့ကို သူမဘက်က မီးစိမ်းမပြတဲ့ အနေအထားမှာ ရှိပါတယ်။ တနည်းအားဖြင့် တခြားသူငယ်ချင်းတွေနဲ့နည်းတူ သင်ဟာလည်း သူငယ်ချင်းအဆင့် ဖရန့်ဇုန် ထဲမှာ ရှိနေတယ်ဆိုတာကို သွယ်ဝိုက်သောနည်းနဲ့ ဖော်ပြနေခြင်း တစ်မျိုးပါပဲ။
(၂) အကြောင်းရှိမှ ဆက်သွယ်လာတယ်ဆိုရင်
Photo : Promescent
မိန်းကလေးတွေက ပုံမှန် အခြေအနေထက်ပိုပြီး စိတ်ဝင်စားတဲ့ လူတစ်ယောက်နဲ့ အမြဲအဆက်အသွယ် ရှိချင်တက်ကြပါတယ်။ အားလပ်ချိန်တွေတိုင်းမှာ ဖုန်းခေါ်တာ ၊ စာပို့တာ ဒါမှမဟုတ် ဆိုရှယ်မီဒီယာပေါ်ကနေ တနည်းနည်းနဲ့ ဆက်သွယ်နေမှာပါ။ ဒီလိုမှမဟုတ်ပဲ သင့်ကိုအကြောင်းတစ်စုံတစ်ရာရှိမှ ဆက်သွယ်ပြောဆိုတယ် ဆိုရင်တော့ ဖရန့်ဇုန် ထဲမှာပဲ ရှိသေးတယ်ဆိုတာ အခိုင်အမာ ပြောနိုင်ပါတယ်။
(၃) ရည်းစားဟောင်းအကြာင်း ဒါမှမဟုတ် တခြားယောကျာ်းလေး တစ်ယောက်အကြောင်းပွင့်လင်းစွာ ပြောဆိုတိုင်ပင်တယ်ဆိုရင်
Photo : Regain
ဒါက သင့်ကို မနာလိုဖြစ်အောင် တမင်အကွက်ခင်းတာမျိုး မဖြစ်နိုင်ပါဘူး။ သင့်ကို သူမရဲ့သူငယ်ချင်းစစ်စစ်တစ်ယောက်အဖြစ်နဲ့ သတ်မှတ်ထားလို့သာ ဒီလို အကြောင်းအရာတွေကို ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်တဲ့ သဘောဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်လာပြီဆိုရင် သင်ဟာ ဖရန့်ဇုန်ထဲ ရောက်ရှိနေပြီဆိုတာ သိနိုင်ပါတယ်။
(၄) သင့်အရှေ့မှာ မိတ်ကပ်မပါတဲ့ မျက်နှာကို ချပြဖို့ ဝန်မလေးဘူးဆိုရင်
Photo : Dating Scout
မိန်းကလေးတွေက သူတို့ စိတ်ဝင်စားတဲ့ လူတစ်ယောက်အရှေ့မှာ သူတို့ရဲ့ အလှဆုံးပုံစံကိုပဲ ချပြချင်ကြတာပါ။ သူမရဲ့ မိတ်ကပ်မပါတဲ့ မျက်နှာ ဒါမှမဟုတ် အိမ်နေရင်း ပေါ့ပေါ့ပါးပါး အဝတ်အစားနဲ့ ပုံစံတွေကို သင့်အရှေ့မှာ ချပြနိုင်တယ်ဆိုရင်တော့ သူမစိတ်ထဲ သင်မရှိဘူးဆိုတာ သေချာပါတယ်။ သင့်ကို သူငယ်ချင်း တစ်ယောက်အနေနဲ့ပဲ မြင်တာဖြစ်တဲ့အတွက် သူမအပေါ် ဘယ်လိုအမြင်မျိုးကိုမှ ဂရုမစိုက်ပဲ လွတ်လွတ်လပ်လပ်နေတဲ့ သဘောဖြစ်ပါတယ်။
(၅) သင်ဟာ သူမအတွက် သူငယ်ချင်းကောင်းတစ်ယောက်ပါဆိုတဲ့စကားကို မကြာခဏသုံးတယ်ဆိုရင်
Photo : Verily Magazine
ဒါကတော့ ဖရန့်ဇုန် ထဲ ရောက်နေမှန်း သိသာစေတဲ့ အထိရှဆုံး စကားလုံးတစ်ခုပါပဲ။ သင်ဟာ သူမအတွက် သူငယ်ချင်းကောင်းတစ်ယောက်ပါဆိုတဲ့ စကားဟာ သင်ရဲ့ရှေ့ဆက်တိုးချင်နေတဲ့ခြေလှမ်းတွေအားလုံးကို ရပ်တန့်ပစ်လိုက်နိုင်တဲ့ တံတိုင်းကြီးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီစကားကို မကြာမကြာ တွင်တွင်အသုံးပြုနေတယ် ဆိုရင်တော့ သင့်ရဲ့ခြေလှမ်းတွေကို ရှေ့ဆက်မတိုးပဲ တပ်ဆုပ်ပြီး လမ်းကြောင်းပြောင်းလိုက်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
Source : The Gentleman’s Journal
Featured Photo : Rappler