လူတိုင်း ကိုယ့်ခန္ဓာကိုယ်ကို စိတ်ဝင်စားကြပါတယ်။ ဒါကြောင့်ပဲ ကိုယ့်ကိုယ်လုံးကိုယ်ပေါက် လှဖို့အရေးအတွက် ပိုက်ဆံအကုန်ခံ ၊ အချိန်ကုန်ခံ ၊ စိတ်ပင်ပန်းခံကြတာ ဖြစ်ပါတယ်။ လူတွေ စိတ်ဝင်စားကြတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေထဲမှာ ကိုယ့်လိင်အင်္ဂါအကြောင်းလည်း ပါဝင်ပါတယ်။ ဒါကြောင့် အမျိုးသားတွေအတွက် ကျားလက်နက် ဖွားဖက်တော် နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်တချို့အကြောင်း ဖော်ပြလိုက်ရပါတယ်။

(၁) ပုံမှန်ဆိုဒ်

Photo : Pexels

ယောကျာ်းတစ်ယောက်ရဲ့ ပုံမှန်လိင်တံဟာ ၅ လက်မခွဲဝန်းကျင်ရှိပါတယ်။ မှတ်တမ်းအရ အကြီးဆုံး ဆိုဒ်ပိုင်ရှင်ဟာ ၁၃.၅ လက်မအထိ ရှည်တယ်လို့ ဆိုပါတယ်။ သုတေသနအရ အမျိုးသားတွေရဲ့ ၅၂% ဟာ သူတို့ပစ္စည်းကို ဒီထက် ပိုရှည်ချင်ကြပြီး ၃၂% ကတော့ ပိုတုတ်ဖို့ ဆန္ဒရှိတယ်လို့ ပြောထားပါတယ်။

(၂) ဆေးလိပ်နဲ့ ငယ်ပါ

Cigarette

Photo : Pexels

သင့်ပစ္စည်းကို Quality ကောင်းချင် ၊ ဆိုဒ်ပြည့်ချင်ရင် ဆေးလိပ်ဖြတ်ဖို့ အကြံပေးချင်ပါတယ်။ ဆေးလိပ်သောက်တာဟာ သင့်လိင်တံကို ၁ စင်တီမီတာအထိ တိုစေနိုင်ပါတယ်။ ဆေးလိပ်တို့ အရက်တို့ဆိုတာ လိင်တံ ထောင်မတ်နိုင်စွမ်းပါ ကျဆင်းစေနိုင်လို့ ရှောင်တာ အကောင်းဆုံးပါပဲ။

(၃) ခံစားမှုမတူ

Sex

Photo : Pexels

ကာမစိတ်ခံစားမှုမှာ ယောကျာ်းတွေဟာ မိန်းမတွေလောက် မကြာဘူးလို့ ဆိုပါတယ်။ သင့်ရဲ့ အထွဋ်အထိပ်ခံစားမှုဟာ ၆ စက္ကန့်ပဲ ကြာပေမယ့် မိန်းကလေးတွေကတော့ ၂၃ စက္ကန့်အထိ အမြင့်ဆုံး ခံစားမှုရနိုင်တယ်လို့ လေ့လာမှုတွေက ပြောပါတယ်။

(၄) ရနံ့နဲ့ သင့်ကောင်ရဲ့ အစွမ်း

Perfume

Photo : Pexels

နှစ်သက်စရာ ရနံ့တွေက သင့်ရဲ့ သိုင်းကွက်အစွမ်းတွေကို ပိုကောင်းစေနိုင်ပါတယ်။ လာဗင်ဒါအနံ့တွေဟာ လိင်မှုကိစ္စစွမ်းဆောင်ရည်ကို ၄၀% အထိ မြှင့်တင်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ချစ်ပွဲဝင်မယ်ဆိုရင် ရနံ့သင့်တဲ့ အမွှေးဖယောင်းတိုင်လေးတွေ ထွန်းထားတာ အကောင်းဆုံးပါပဲ။

Featured Photo : Pexels