မွေးရာပါ ဖွားဖက်တော်လေးကို အမြဲတမ်း ကျန်းမာသန်စွမ်းနေအောင် ဂရုတစိုက် ထိန်းသိမ်းထားဖို့က အမျိုးသားတိုင်းရဲ့ တာဝန်ပါပဲ။ ကျန်းမာတဲ့ ဖွားဖက်တော်ကို ပိုင်ဆိုင်နိုင်ဖို့ ကွီးတို့ရဲ့ နေ့စဉ်စားသောက် နေထိုင်မှုပုံစံတွေက များစွာသက်ရောက်မှု ရှိပါတယ်။ ဒီတစ်ခေါက်တော့ ဖွားဖက်တော် ကျန်းမာနေဖို့ အမျိုးသားတိုင်း လိုက်နာရမယ့် ဆောင်ရန်ရှောင်ရန်တွေကို မျှဝေပေးချင်ပါတယ်။

(၁) အသီးအရွက် များများစားပါ

healthy food

Photo : Eat This Not That

လတ်ဆတ်တဲ့ အသီးအရွက်တွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပေါကြွယ်ဝစွာ ပါဝင်ပါတယ်။ အဆိုပါ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ သွေးထဲက ဖရီးရယ်ဒီကယ်တွေကို တိုက်ဖျက်ပေးပြီး သွေးစီးဆင်းမှု ပိုကောင်းစေဖို့ ထောက်ပံ့ပေးတာကြောင့် ဖွားဖက်တော် ကျန်းမာသန်စွမ်းမှုကို တိုးစေဖို့ ကူညီပေးပါတယ်။

(၂) သောကနည်းအောင် နေပါ

Relieve Anxiety

Photo : Healthline

စိတ်ဖိစီးမှု ၊ စိုးရိမ်ပူပန်မှုတွေဟာ စိတ်ရောကိုယ်ပါ ကျန်းမာရေးကို ထိခိုက်စေသလို လိင်မှုဘဝအပေါ်လည်း ဆိုးကျိုးရှိပါတယ်။ နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုတွေကြောင့် ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှုဟာ လျော့ကျသွားနိုင်ပြီး ဖွားဖက်တော် ပြည့်ပြည့်ဝဝ ထောင်မတ်နိုင်ဖို့ ခက်ခဲတာ ၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းတာတွေ ဖြစ်တက်ပါတယ်။ ဒါကြောင့် နေ့ရက်တိုင်းကို စိတ်ဖိစီးမှုနည်းနည်းနဲ့ သောကကင်းအောင် နေထိုင်ဖို့ လိုပါတယ်။

(၃) ဆေးလိပ် အရက် ဖြတ်ပါ

Nicotine & Alcohol

Photo : Cassiobury Court

ဆေးလိပ်နဲ့ အရက် အလွန်အကျွံသောက်သုံးခြင်းဟာ သွေးကြောတွေကို ပိတ်ဆို့စေပြီး ဖွားဖက်တော်ဆီ သွေးစီးဆင်းမှု လျော့ကျစေတဲ့ အဓိကအကြောင်းအရင်း တစ်ခုပါပဲ။ သွေးစီးဆင်းမှု မကောင်းရင် ဖွားဖက်တော် လုံလောက်စွာ ထောင်မတ်နိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် ဆိုးကျိုးများစွာ ရှိတဲ့ ဆေးလိပ်နဲ့အရက်ကို ကွီးတို့ လုံးဝရှောင်ရှားတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။

(၄) လေ့ကျင့်ခန်း လုပ်ပါ

A man exercise workout in gym
Photo : Men’s Journal

ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင် သင့်ပါတယ်။ နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း လုပ်ဆောင်တဲ့အခါ ခန္ဓာကိုယ်က မလိုလားအပ်တဲ့ အဆီပိုတွေကို လျော့ချပေးပြီး ကြွက်သားတွေ ကျစ်ကျစ်လစ်လစ်နဲ့ သန်မာလာစေမှာပါ။ ဒါတင်မကသေးပါဘူး လိင်တံဆီသို့သွေးစီးဆင်းမှု သိသိသာသာ တိုးတက်ကောင်းမွန်လာစေမှာ ဖြစ်တာကြောင့် ကျန်းမာသန်စွမ်းတဲ့ ဖွားဖက်တော်ကို ပိုင်ဆိုင်နိုင်စေမှာပဲ ဖြစ်ပါတယ်။

Source : Hims

Featured Photo : Men’s Health