ဆေးပညာအရ အမျိုးသားတွေမှာ ဖွားဖက်တော် ထောင်မတ်မှု လျော့ကျတဲ့ ပြဿနာကို ပန်းသေပန်းညိုး ပြဿနာ (Erectile Dysfunction ) သို့မဟုတ် လိင်အင်္ဂါ ကမောက်ကမဖြစ်မှုလို့ အဓိပ္ပါယ် ဖွင့်ဆိုပါတယ်။ အမျိုးသားတစ်ယောက်ရဲ့ လိင်တံ ထောင်မတ်နိုင်စွမ်းဟာ အသက်အရွယ် ၊ ခန္ဓာကိုယ်အလုံးစုံ ကျန်းမာရေး ၊ ဟော်မုန်း ညီမျှမှု ၊ သွေးစီးဆင်းမှု ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့ စိတ်ခံစားမှု ကဲ့သို့ အကြောင်းအရင်းများစွာ အပေါ်မှာ မူတည်နေတာ ဖြစ်ပါတယ်။ ဒီအချက်တွေမှာ ပြဿနာ တစ်စုံတစ်ရာ ရှိလာတာနဲ့အမျှ လိင်တံ ထောင်မတ်နိုင်စွမ်းနဲ့ လိင်တံသန်မာမှုဟာ အားနည်းလာတက်ပါတယ်။

erectile dysfunction

Photo : MedicalNewsToday

အမျိုးသားတွေမှာ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ လိင်အင်္ဂါချို့ယွင်းမှု ပြဿနာ ပိုပြီး ဖြစ်နိုင်ခြေ ပိုများလာပါတယ်။ ဒါပေမယ့် အသက်အရွယ် တစ်ခုတည်းကပဲ ဖွားဖက်တော် သန်မာမှုကို အားနည်းစေတဲ့ တစ်ခုတည်းသော အကြောင်းအရင်း မဟုတ်ပါဘူး။ အချို့သော အခြေအနေတွေနဲ့ ကျန်းမာရေး နောက်ခံ ပြဿနာတွေဟာလည်း လိင်အင်္ဂါချို့ယွင်းမှုကို ဖြစ်စေနိုင်ပါတယ်။ အောက်မှာ ဆက်လက် လေ့လာကြည့်ရအောင်ပါ……..

  • အမျိုးအစား ၂ ဆီးချိုရောဂါ
  • နှလုံးရောဂါ
  • အဝလွန်ခြင်း
  • ဆီးကျိတ်ကြီးခြင်း
  • Hyperlipidemia ( Lipid သို့မဟုတ် ကိုလက်စထရော ပမာဏ မြင့်မားခြင်း)
  • သွေးကြောများပိတ်ဆို့ခြင်း
  • သွေးတိုးရောဂါ
  • နာတာရှည်ကျောက်ကပ်ရောဂါ
  • အသည်းရောဂါ
  • ပါကင်ဆန်ရောဂါ
  • အိပ်ချိန်မမှန်ခြင်း
  • ကျားဟော်မုန်း ကျဆင်းခြင်း
  • လိင်တံ ၊ ဆီးကျိတ် သို့မဟုတ် ကျောရိုးမှာ ထိခိုက်ဒဏ်ရာရခြင်း
  • အာရုံကြောစနစ် ယိုယွင်းခြင်း
  • ပါရိုးနိစ်ရောဂါ
  • ဆီးအိမ်ကင်ဆာ
  • ဆီးကျိတ်ကင်ဆာ

စတဲ့ အကြောင်းအရင်းတွေ အပါအဝင် အချို့သော ဆေးဝါးတွေကလည်း ဘေးထွက်ဆိုးကျိုးအနေနဲ့ လိင်အင်္ဂါချို့ယွင်းမှု ပြဿနာကို ဖြစ်စေနိုင်ပါတယ်။ ဆေးဝါးတွေမှာဆိုရင် သွေးပေါင်ကျဆေး ၊ ဆီးကျိတ်ကင်ဆာ ကုထုံးအတွက် သောက်သုံးရတဲ့ ဆေးတွေ ၊ စိတ်ကျရောဂါကုဆေးတွေ ၊
အိပ်ဆေး ၊ အအေးမိခြင်းနဲ့ ဓာတ်မတည့်ခြင်းများအတွက် ဆေးဝါးတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဆေးလိပ်သောက်ခြင်း ၊ အရက် အလွန်အကျွံသောက်ခြင်း ၊ မူးယစ်ဆေးဝါးတွေ သုံးစွဲခြင်း စတဲ့ အချက်တွေကလည်း ဖွားဖက်တော် သန်မာမှုနဲ့ ကမောက်ကမ ဖြစ်မှု ပြဿနာကို ဖြစ်စေနိုင်ပါတယ်။

erectile dysfunction

Photo : Cleveland Clinic Health Essentials

စိတ်ဓာတ်ကျခြင်း ၊ စိတ်ဖိစီးမှုများခြင်း ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု နည်းပါးခြင်း ၊ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေအပေါ် စိုးရိမ်စိတ်များခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဟာလည်း ပန်းသေပန်းညိုး ပြဿနာနဲ့ လိင်အင်္ဂါ ကမောက်ကမဖြစ်မှု ပြဿနာကို ဖြစ်စေနိုင်တဲ့ အခြေအနေ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။

ဖွားဖက်တော် ကျန်းမာသန်စွမ်းဖို့ ကျန်းမာတဲ့ နေထိုင်မှု ပုံစံတွေကို လိုက်နာဖို့ လိုသလို လိုအပ်ပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး ကုသမှု ခံယူနိုင်ပါတယ်။

Source : Medicine Net

Featured Photo : Masculin.com