ကွီးတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးသည် အင်မတန်မှ အရေးကြီးပါတယ်။ ဖွားဖက်တော် မကျန်းမာနေကြောင်း ပြသနေတဲ့ လက္ခဏာ များကို မြင်တွေ့ရတဲ့အခါ ချက်ချင်းကို သတိကပ်ဖို့ လိုအပ်ပါတယ်။ လိုအပ်တဲ့ ကုသမှုများကို ခံယူပြီး ကျန်းမာရေး ဆွေးနွေးခြင်းများကို ခံယူသင့်ပါတယ်။ ဖွားဖက်တော် မကျန်းမာကြောင်း ပြသနေတဲ့ လက္ခဏာ များကို မြင်တွေ့ရတာတောင်မှ ဂရုမစိုက်ဘဲ ပစ်ထားမယ် ဆိုရင်တော့ ကွီးတို့ရဲ့ လိင်မှုဘဝ ပျော်ရွှင်မှုက ဘာမှန်းမသိ ဖြစ်သွားပါလိမ့်မယ်။

ကွီးတို့ရဲ့ ဖွားဖက်တော် က ဘယ်လိုမျိုး လက္ခဏာ တွေ ပြနေပြီဆို ဂရုစိုက်သင့်သလဲ

men health

အခုဖော်ပြမယ့် လက္ခဏာများထဲက တစ်ခုခုကို မြင်တွေ့ရပြီဆိုတာနဲ့ ကုသမှု၊ ဆွေးနွေးမှုတို့ကို မဖြစ်မနေ ခံယူရမှာပဲ ဖြစ်ပါတယ်။

  • ကွီးတို့ရဲ့ ဖွားဖက်တော်ကို ထောင်မတ်နိုင်အောင် မပြုလုပ်နိုင်ခြင်း၊ ထောင်မတ်ခဲ့ရင်လည်း အချိန်ကြာကြာ မထောင်မတ်ခြင်း
  • ကွီးတို့ ညီလေးရဲ့ ထိပ်ကနေ အဝါရောင် (သို့) အစိမ်းရောင် အရည်များ ထွက်ခြင်း
  • အပေါ့သွားတဲ့အခါ နာကျင်ခြင်း
  • အပေါ့သွားတဲ့အခါ သွေးထွက်ခြင်း
  • ကွီးတို့ရဲ့ ညီလေးက ရောင်ရမ်းခြင်း (သို့) ယားယံခြင်း (သို့) အနံ့ထွက်ခြင်း
  • ညီလေးပေါ်မှာ အနီကွက်များ၊ ပုံမှန်မဟုတ်တဲ့ အဖုအပိန့်များ၊ အကွက်များ မြင်တွေ့ရခြင်း
  • ညီလေးက ရောင်ရမ်းနေပမယ့် နာကျင်မှု မရှိခြင်း
  • ညီလေး ထောင်မတ်နိုးကြားနေချိန်မှာ နာကျင်မှုကို ခံစားရခြင်း
  • ညီလေးရဲ့ ထိပ်ဖျားပိုင်းက ရောင်ရမ်းနေခြင်း
  • ချစ်တင်းနှောတဲ့အခါမှာ ညီလေးက နာကျင်နေခြင်း အစရှိတဲ့ လက္ခဏာများကို မြင်တွေ့ရရင်တော့ ပေါ့ဆမနေသင့်ပါဘူး။

အချို့သော ရောဂါ လက္ခဏာများသည် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။ အချို့သော ရောဂါပိုး ကူးစက်ခံရပြီးသား လူတွေဆိုရင်လည်း ရောဂါလက္ခဏာ မပြတာမျိုးတွေတောင် ရှိတဲ့အတွက်ကြောင့် အမြန်ဆုံး စစ်ဆေး ကုသမှု ခံယူသင့်ပါတယ်။

ကွီးတို့ ညီလေးရဲ့ ကျန်းမာရေးကို ပိုမိုဆိုးရွားလာစေနိုင်တဲ့ အခြားသော အခြေအနေများ

ဖွားဖက်တော် လက္ခဏာ

နှလုံးရောဂါ အခံ ရှိသူများ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ အဝလွန်ရောဂါတို့ ခံစားနေရပါက ကွီးတို့ရဲ့ ညီလေး ကျန်းမာရေးကို ပိုမို ဆိုးရွားလာစေနိုင်တာကြောင့် အထူး သတိပြုသင့်ပါတယ်။ အချို့သော ဆေးဝါးများကို ပုံမှန် မှီဝဲနေရခြင်းကလည်း ကွီးတို့ရဲ့ ညီလေး ခံစားနေရတဲ့ ရောဂါ လက္ခဏာများကို ပိုမို ဆိုးရွားလာစေ နိုင်ပါသေးတယ်။​

အခြားသော အခြေအနေ များဆိုရင်တော့…

  • ဆီးကျိတ်ကင်ဆာ ကုသမှု ခံယူနေရခြင်း
  • ဟော်မုန်း အပြောင်းအလဲဖြစ်ခြင်း၊ ဟော်မုန်း မညီမျှခြင်း
  • စိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှုများ ခံစားနေရခြင်း
  • ညီလေးပေါ်တွင် နားပေါက်ကဲ့သို့ အပေါက်ဖောက်ခြင်း
  • အယ်လ်ကိုဟော ဖျော်ရည်များကို ဆေးဖြစ်ဝါးဖြစ်ထက် လွန်ကဲစွာ သောက်သုံးခြင်း

အစရှိတဲ့ အခြေအနေများက ကွီးတို့ ညီလေးရဲ့ ကျန်းမာရေးကို ပိုမိုဆိုးရွားလာစေ နိုင်ပါတယ်။

ကွီးတို့ ညီလေး ကျန်းမာနေအောင် ဘယ်လို ပြုမူနေထိုင်ရမလဲ

ဖွားဖက်တော် လက္ခဏာ

  • ချစ်တင်းနှောတဲ့အခါ ကျန်းမာရေး အသိ ဆောင်ထားပြီး ချစ်တင်းနှောပါ
  • ကာကွယ်ဆေးများ ထိုးထားပါ
  • ကျန်းမာရေးနဲ့ ညီညွှတ်အောင် နေထိုင် စားသုံးပါ
  • တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပါ
  • ဆေးလိပ်ဖြတ်ပါ
  • အယ်လ်ကိုဟော ဖျော်ရည်များကို ဆေးဖြစ် ဝါးဖြစ်သာ မှီဝဲပါ

ဒါဆိုရင်တော့ ကွီးတို့ရဲ့ ညီလေးက ကွီးတို့ကို ကျေးဇူးတင်နေမှာ အသေအချာပါပဲ။

ကွီးတို့ရော ကိုယ့်ညီလေးက ကိုယ့်ကို ကျေးဇူးတင်မှာမျိုးကို မခံချင်ဘူးလား။

Source: Nidirect.gov.uk

Featured Image: Healthline.com