ဖွားဖက်တော် က သွေးထွက် ရခြင်းသည် ထိခိုက်ဒဏ်ရာ ရခြင်းကြောင့်လည်း ဖြစ်နိုင်သလို ရောဂါပိုး ဝင်နေလို့လည်း ဖြစ်နိုင်ပါတယ်။ ဆေးမှီဝဲမှု များလွန်းတဲ့အခါ (သို့) လိင်ဆက်ဆံမှု မရှိချိန် ကြာမြင့်တဲ့အခါမျိုးမှာလည်း သုတ်ပိုးထဲတွင် သွေးပါတာမျိုးကို ခံစားရတတ်ပါတယ်။

ပုံမှန်ကိစ္စရပ်မျိုးမှာဆိုရင် ဖွားဖက်တော်မှာ သွေးနည်းနည်းလေး ထွက်တာကတော့ အန္တရာယ်မရှိပါဘူး။ သူ့အလိုလို သွေးတိတ်သွားတာမျိုးလည်း ရှိပါတယ်။ သို့သော် ပုံမှန်မဟုတ်ဘဲ အလွန်အကျွံ သွေးထွက်နေမယ်ဆိုရင်တော့ ကျန်းမာရေး စောင့်ရှောက်မှုကို ချက်ချင်း ခံယူသင့်ပါတယ်။

သွေးထွက်ပုံ သွေးထွက်နည်းကလည်း အမျိုးမျိုး ရှိနိုင်ပါတယ်။ ကွီးတို့လည်း ကျန်းမာရေး ဗဟုသုတရအောင်၊ မပြောကောင်းမဆိုးကောင်း ကိုယ်တိုင် ကြုံခဲ့ရသော် ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲဆိုတာ သိရှိအောင်လို့ အခုဖော်ပြမယ့်အချက်များကို ဆက်လက်ဖတ်ရှု ကြည့်သင့်ပါတယ်။

(၁) ဖွားဖက်တော် အရေပြားမှာ သွေးထွက်ခြင်း

ဖွားဖက်တော် သွေးထွက်

ဒီလိုမျိုး ဖွားဖက်တော် အရေပြားပေါ်မှာ သွေးထွက်ခြင်းကတော့ အရေပြား ပွန်းပဲ့ခြင်းကြောင့်ပဲဖြစ်ပါတယ်။ ဘယ်လိုအချိန်မျိုးလဲဆိုရင် လိင်ဆက်ဆံနေချိန်မှာ အကြမ်းပတမ်း ဆက်ဆံမိတဲ့အခါ အရေပြားခြင်း ပွတ်တိုက်မှု အားများသွားတဲ့အတွက်ကြောင့် သွေးထွက်တတ်တာမျိုးတွေပါ။ ဒါမှမဟုတ် ကွီးတို့က ဘောင်းဘီဇစ်ကို အကြမ်းပတမ်း ဆွဲပိတ်မိတဲ့အခါ ဖွားဖက်တော် အရေပြားက ဇစ်ကြားထဲ ညှပ်သွားတဲ့အခါမျိုးမှာလည်း သွေးထွက်တတ်ပါတယ်။

(၂) ပြီးမြောက်သွားချိန်နှင့် သုတ်ပိုးလွှတ်ချိန်မှာ သွေးထွက်ခြင်း

ဖွားဖက်တော် သွေးထွက်

သုတ်လွှတ်ချိန်မှာ သွေးထွက်တတ်တာကတော့ လိင်ဆက်ဆံမှု မရှိတဲ့အချိန် ကြာရှည်လွန်းတဲ့အတွက်ကြောင့် ယခုတစ်ခါ လိင်ဆက်ဆံချိန်မှာ သုတ်ပိုးထဲတွင် သွေးပါရခြင်းဖြစ်ပါတယ်။ ရှိတော့ရှိတယ်၊ ရှားတဲ့ ဖြစ်ရပ်မျိုးကတော့ ဆီးကျိတ်ကင်ဆာပဲဖြစ်ပါတယ်။ သံသယရှင်းချင်တယ်ဆိုရင်တော့ ဆရာဝန်ထံ သွားပြတာ အကောင်းဆုံဂပါပဲ။

(၃) အပေါ့သွားတဲ့အချိန်မှာ သွေးထွက်ခြင်း

ဖွားဖက်တော် သွေးထွက်

အပေါ့သွားချိန်မှာ သွေးထွက်ခြင်းကတော့ ကွီးတို့က အပေါ့သွားချင်တဲ့အချိန်မှာ မသွားဘဲ ဆီးအောင့်ထားတာ များလို့လည်း ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် ဆီးလမ်းကြောင်း ပိုးဝင်နေလို့လည်း ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ဆီးအောင့်ထားတာမျိုးကို (လုံးဝ) ရှောင်ကြဥ်သင့်ခြင်းပါပဲ။

(၄) သုတ်လွှတ်နေချိန်လည်း မဟုတ်၊ အပေါ့သွားနေချိန်လည်း မဟုတ်ပါဘဲနဲ့ ဆီးလမ်းကြောင်းမှာ သွေးထွက်နေခြင်း

ဖွားဖက်တော် သွေးထွက်

ဆီးလမ်းကြောင်းပြွန်ကတော့ ဆီးအိတ်ကနေတဆင့် ဆီးသွားအောင် ပါရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီလိုမျိုး သုတ်လွှတ်နေချိန်လည်း မဟုတ်၊ အပေါ့သွားနေချိန်လည်း မဟုတ်ပါဘဲနဲ့ ဆီးလမ်းကြောင်းမှာ သွေးထွက်နေခြင်းကတော့ လိင်တံဆီသို့ သွေးစီးဆင်းသွားတဲ့ သွေးကြောပြွန်တစ်ခုခု ထိခိုက်ဒဏ်ရာ ရနေလို့လည်း ဖြစ်နိုင်သလို ဆီးလမ်းကြောင်းက ဒဏ်ရာ ရနေတာလည်း ဖြစ်နိုင်ပါတယ်။

ဖွားဖက်တော် သွေးထွက် ခြင်းမှ ကာကွယ်ဖို့အတွက် ဘယ်လိုပြုမူနေထိုင်သင့်သလဲ

man workout

ဆေးပညာလောကမှာ ကာကွယ်ခြင်းသည် ကုသခြင်းထက် အစွမ်းထက်တယ်ဆိုတဲ့ စကားတစ်ခွန်းရှိပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ဖွားဖက်တော်က အနာတရ အပွန်းအပဲ့မရှိဘဲ ကျန်းမာနေဖို့ဆိုရင် အခုဖော်ပြပါ နည်းလမ်းများနဲ့ ကြိုတင်ကာကွယ်သင့်ပါတယ်။

၁။ အားကစား ပြုလုပ်တဲ့အခါ အကာအကွယ်ပစ္စည်းများ ဝတ်ဆင်ပါ။

၂။ အပေါ့အပါး သွားချင်တဲ့အခါ အောင့်ထားတာမျိုး မလုပ်ရပါဘူး။

၃။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းမှ ကာကွယ်ဖို့ရန်အတွက် ရေများများ သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

၄။ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများမှ ကာကွယ်ဖို့အတွက် လိင်ဆက်ဆံချိန်မှာ အကာအကွယ် အသုံးပြုပါ။

၅။ ကိုယ့်ရဲ့ မျိုးပွားအင်္ဂါက အောင့်တာမျိုး၊ နာကျင်တာမျိုး (သို့) မူမမှန်တာ တစ်ခုခု ကြုံတွေ့ ခံစားနေရပါက ဆရာဝန်ထံ ချက်ချင်း ကုသမှု ခံယူပါ။

ကွီးတို့ရော ကိုယ့်ရဲ့ ညီလေးက စိုးရိမ်ရလောက်အောင် သွေးအလွန်အကျွံ ထွက်ဖူးပါသလား။

Source: Medicalnewstoday

Featured Image: Getmegiddy