ဖွားဖက်တော် အရေပြား ခြောက်သွေ့ယားယံတဲ့ အခြေအနေ ကွီးတို့ ကြုံဖူးပါသလား ? စာရေးသူတို့ ခန္ဓာကိုယ်ရဲ့ အခြားသော ကိုယ်အင်္ဂါ အရေပြား အစိတ်အပိုင်းတွေလိုပါပဲ လိင်တံ အရေပြား ၊ လိင်တံ ထိပ်ဖူးပိုင်းနဲ့ လိင်အင်္ဂါတဝိုက် အရေပြားမှာ ခြောက်သွေ့ယားယံမှု ပြဿနာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒီလို ဖြစ်ပြီဆိုရင် မသက်မသာ ခံစားရတက်ပြီး ယားယံခြင်း ၊ စပ်ဖျင်းဖျင်း ဖြစ်ခြင်း စတာတွေ ခံစားရနိုင်ပါတယ်။ အမျိုးသားတွေ အတွက်တော့ ဒါဟာ စိုးရိမ်စရာ အခြေအနေတစ်ခုလား ဆိုတာလည်း မေးခွန်းထုတ်စရာပါ။

Dry Skin on Penis

Photo : Man Matters

တကယ်တော့ လိင်တံအရေပြား ခြောက်သွေ့ယားယံတဲ့ ပြဿနာဟာ အမျိုးသားတိုင်း မကြာခဏဆိုသလို ကြုံတွေ့ရနိုင်ပြီး စိုးရိမ်စရာ အရမ်းကြီးမရှိပဲ သူ့အလိုလို ပျောက်ကင်းသက်သာ နိုင်ပါတယ်။ ချစ်တင်းနှော ချိန်မှာ ချောဆီအလုံအလောက် မရတာ ဒါမှမဟုတ် တစ်ကိုယ်ရည် အာသာဖြေချိန်မှာ ပွတ်တိုက်မှုကြောင့် ဖွားဖက်တော် အရေပြား ခြောက်သွေ့ယားယံပြီး နီမြန်းရောင်ရမ်းတာ စတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ချစ်တင်းနှောချိန် သို့မဟုတ် တစ်ကိုယ်ရည် အာသာဖြေချိန်တွေမှာ အရေပြား ခြောက်သွေ့ယားယံမှု ပြဿနာကို တားဆီးကာကွယ်ပြီး ချောမွေ့မှု ရှိစေဖို့ ချောဆီအနည်းငယ် ထည့်သွင်းအသုံးပြု သင့်ပါတယ်။

အချို့ကတော့ ဓာတ်မတည့်မှု ပြဿနာကြောင့် လိင်တံအရေပြား ခြောက်သွေ့ယားယံမှုကို ဖြစ်စေတက်ပါတယ်။ ဥပမာအားဖြင့် လိင်တံအရေပြားအပေါ် ဆပ်ပြာဆီ ၊ ရေချိုးဆပ်ပြာရည် ၊ အမွှေးဆီနဲ့ လိုရှင်း စတာတွေ ထိတွေ့မိမှု ကနေတဆင့် ဓာတ်မတည့်မှု ဖြစ်တဲ့အခါမှာ လိင်တံအရေပြား ခြောက်သွေ့ယားယံ တက်ပါတယ်။ လိင်တံ အရေပြားဟာ ထိလွယ်ရှလွယ်တာကြောင့် အမွှေးရနံ့မပါတဲ့ ထုတ်ကုန်တွေ ၊ ဓာတုပစ္စည်း ကင်းစင်တဲ့ ထုတ်ကုန်တွေကိုသာ အသုံးပြုပြီး ဆေးကြောသန့်စင် ပေးသင့်ပါတယ်။

Dry Skin on Penis
Photo : Men’s Health

နောက်ဆုံး အချက်တော့ ဆိုရီယေးစစ် (Psoriasis) ၊ နှင်းခူ (Eczema)နဲ့ Balanitis (လိင်အင်္ဂါထိပ် ရောင်ရမ်းခြင်း) စတဲ့ ကျန်းမာရေးဆိုင်ရာ နောက်ခံ အကြောင်းအရင်းတွေကြောင့် ဖွားဖက်တော် အရေပြား ခြောက်သွေ့ယားယံတာ ၊ အဖုအပိန့်တွေ ထွက်တာ ၊ လိင်တံထိပ်ဖူး သို့မဟုတ် လိင်တံထိပ်အရေပြား ရောင်ရမ်းနီမြန်းတာ စတဲ့ အခြေအနေတွေ ဖြစ်ပေါ်ကြုံတွေ့ ရနိုင်ပါတယ်။ ဒီလို ရောဂါအခြေအနေတွေနဲ့ ပတ်သတ်ပြီး သံသယရှိတယ်ဆိုပါက ဆရာဝန်နဲ့ သွားရောက် စစ်ဆေးကုသတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။

Source : Healthy Male

Featured Photo : Hone Health