လိင်မှုကိစ္စမှာ ပိုကြီးလေ ပိုကောင်းလေဆိုတဲ့ စကားက ထင်မှတ်မှားနေတဲ့ ဒဏ္ဍာရီတစ်ခုပါ။ တကယ်တော့ စာရေးသူတို့ ယောကျာ်းလေး တော်တော်များများထင်ထားသလို အရွယ်အစားဟာ လုံးဝအဓိကကျနေတာ မဟုတ်ပါဘူး။ ဖွားဖက်တော် ပုံမှန်ဆိုဒ်နဲ့လည်း အမျိုးသမီးတစ်ယောက်ကို စိတ်ကျေနပ်မှု အပြည့်အဝ ပေးနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ အရွယ်အစားဟာ အဓိက မကျဘူးဆိုတာကို သက်သေပြနိုင်တဲ့ အကြောင်းအရင်းအချို့ကို ပြောပြပေးချင်ပါတယ်။

(၁) အရွယ်အစားနဲ့ ပတ်သတ်ပြီး စိုးရိမ်ပူပန်နေစရာ မလိုဘူး

size does not matter during sex

Photo : Reead’s blog

အမျိုးသမီး အများစုကတော့ ပါတနာရဲ့ ဖွားဖက်တော် အရွယ်အစားနဲ့ ပတ်သတ်ပြီး အရမ်းကြီး အရေးမကြီးဘူးလို့ ခံယူထားကြောင်း လေ့လာမှုများစွာမှာလည်း ဖော်ပြထားပါတယ်။ လိင်တံ အရွယ်အစားကြီးလွန်းတာဟာ သာယာပျော်ရွှင်မှုထက် နာကျင်မှုကို ပိုမိုခံစားရစေတာကြောင့် လက်နက်အရွယ်အစား ကြီးလွန်းတာတွေကို အမျိုးသမီးတွေကပင် ပြန်ပြီး စိုးရိမ်ကြောက်ရွံ တက်ကြပါသတဲ့။ ဒါကြောင့် ကွီးတို့အနေနဲ့ ပုံမှန်ဆိုဒ် ရှိတယ်ဆိုရင်ပဲ ယုံကြည်မှုရှိရှိနဲ့ ချစ်ပွဲဝင်နိုင်ပါတယ်။

(၂) အော်ဂဇင်ရဖို့က အရွယ်အစားနဲ့ အဓိက မဆိုင်ဘူး

size does not matter during sex

Photo : Healthwire

အထွတ်အထိပ် ခံစားမှု အော်ဂဇင် ရဖို့ဟာ ဖွားဖက်တော် အရွယ်အစားနဲ့ တိုက်ရိုက်မသက်ဆိုင်ပါဘူး။ ချစ်တင်းနှောတဲ့အခါ အဓိက အရေးကြီးဆုံးက နှစ်ဦးသား စိတ်ချင်းဆက်နွယ်မှုပါပဲ။ တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းနီးနီးကပ်ကပ် ရှိမယ် ၊ ရှက်ရွံစိတ်တွေ ကင်းကင်းနဲ့ တစ်ယောက်ရဲ့ လိုအင်ဆန္ဒတွေ ၊ အကြိုက်တွေကို သိပြီး ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် အထွတ်အထိပ် ခံစားမှု ကောင်းကောင်းရနိုင်မှာ ဖြစ်ပါတယ်။

(၃) သိုင်းကွက် ကျွမ်းကျင်မယ်ဆိုရင် အိုကေတယ်

size does not matter during sex

Photo : Procure

ချစ်တင်းနှော ချိန်မှာ ဖွားဖက်တော်အရွယ်အစားထက် သိုင်းကျွမ်းကျင်မှုက ပိုပြီး အရေးကြီးပါတယ်။ လက်နက်ကြီးပြီး စကေးမကြမ်းရင်လည်း ပါတနာကို ခံစားမှု ကောင်းကောင်း ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အချိန်ကြာကြာ ချစ်ပြနိုင်ဖို့ ၊ သိုင်းကွက်ပေါင်းစုံ တက်ကျွမ်းပြီး စကေးကြမ်းတဲ့ ကွီးတစ်ယောက် ဖြစ်ဖို့ ကွီးတို့ပိုပြီး ဦးစားပေး လေ့လာထား သင့်ပါတယ်။

Source : Times of India

Featured Photo : costhetics