တစ်ကိုယ်ရည် သန့်ရှင်းမှုဟာ ကျွန်တော်တို့ အမျိုးသားတွေအတွက် အရမ်းကို အရေးကြီးပါတယ်။ အထူးသဖြင့် ဖွားဖက်တော် ကျန်းမာရေးနဲ့ သန့်ရှင်းမှုက သေချာပေါက် အထူးဂရုစိုက်ရမယ့် ကိစ္စပါ။ ဖွားဖက်တော် သန့်ရှင်းမှုကို အလေးမထားရင် ကန့်သတ်ဧရိယာတဝိုက်က အနံ့ဆိုးတွေထွက်တာ ၊ လိင်အင်္ဂါကျန်းမာရေး ပြဿနာတွေနဲ့ လိင်မှုစွမ်းဆောင်ရည်ပိုင်းမှာပါ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့ ဖွားဖက်တော် ဧရိယာတဝိုက် သန့်ရှင်းရေးအတွက် ပုံမှန် လိုက်နာလုပ်ဆောင်ပေးရမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ဖွားဖက်တော်ကို ပုံမှန်ဆေးကြောသန့်စင်ပါ

clean the penis

Photo : Hello Doctor Philippines

ဖွားဖက်တော် သန့်ရှင်ရေးအတွက် သေချာပေါက် လုပ်ဆောင်ရမယ့် အဆင့်တစ်ကတော့ နေ့စဉ်ပုံမှန် ဖွားဖက်တော်နဲ့ ကန့်သတ်ဧရိယာ တဝိုက်ကို သေချာလေး ဆေးကြောသန့်စင်ပေးဖို့ပါပဲ။ လိင်အင်္ဂါသန့်စင်ဖို့အတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာအပျော့စားတွေကို အသုံးပြုပြီး သန့်ရှင်းရေးလုပ်တာဟာ အကောင်းဆုံးပါ။ တခြား ရနံ့ပါတဲ့ ဆပ်ပြာတွေ ၊ ရေချိုးဆပ်ပြာတွေကို အသုံးမပြုသင့်ပါဘူး။ ဖွားဖက်တော်ကို သေချာဆေးကြောသန့်စင်ပြီးရင် သန့်ရှင်းတဲ့အဝတ်နဲ့ ကောင်းမွန်စွာသုတ်ပြီး ခြောက်သွေ့အောင်ထားဖို့ လိုပါတယ်။ နောက်တစ်ချက်က လိင်ဆက်ဆံပြီးနောက်မှာလည်း STDsနဲ့ အခြား ရောဂါပိုးမွှားတွေ ကူးစက်နိုင်ခြင်းကို တက်နိုင်သမျှ လျှော့ချနိုင်ဖို့ ဖွားဖက်တော်ကို သေချာလေး ဆေးကြောသန့်စင်ပေးဖို့ လိုအပ်ပါတယ်။

(၂) အရောင်ဖျော့ဖျော့နဲ့ သက်တောင့်သက်သာရှိတဲ့ အတွင်းခံတွေကို ဝတ်ဆင်ပါ

Comfortable Underwear

Photo : Style Lujo

အတွင်းခံတွေဟာ ဖွားဖက်တော် ကျန်းမာရေးနဲ့ သန့်ရှင်းမှုအတွက် အဓိက ထည့်စဉ်းစားရမယ့် အချက်တစ်ခုပါပဲ။ တင်းကြပ်လွန်းတဲ့ အတွင်းခံတွေဟာ ချွေးနဲ့ အနံ့ဆိုးတွေကို သိသိသာသာ ထွက်ပေါ်စေတဲ့အပြင် ဖွားဖက်တော် ကျန်းမာရေးကိုလည်း ထိခိုက်လာစေနိုင်တဲ့ တရားခံဖြစ်ပါတယ်။ ဒါကြောင့် ပေါ့ပါးပြီး သက်တောင့်သက်သာနဲ့ လေဝင်လေထွက်ကောင်းတဲ့ အတွင်းခံတွေကို ဝတ်ဆင်ခြင်းဖြင့် ကန့်သတ်ဧရိယာတဝိုက်က အရေပြားကို လန်းဆန်းအေးမြစေပြီး လိင်အင်္ဂါအတွင်း သွေးစီးဆင်းမှုကို တိုးစေတဲ့အတွက် သုတ်ပိုးထုတ်လုပ်မှုကို ပိုမိုကောင်းမွန်စေဖို့ ကူညီပေးနိုင်ပါတယ်။

(၃) အမွှေးအမျှင်တွေ ဖယ်ရှားပါ

Shave Pubes

Photo : MensXP

တစ်ကိုယ်ရည် သန့်ရှင်းမှုအတွက် ဖွားဖက်တော် နဲ့ ဆီးခုံတဝိုက်က အမွှေးအမျှင်တွေကို အနည်းဆုံး ၂ – ၃ ပတ် တစ်ကြိမ်ခန့် ဖယ်ရှားရှင်းလင်းပေးဖို့ လိုပါတယ်။ လိင်အင်္ဂါ အမွှေးအမျှင်တွေဟာ ဘက်တီးရီးယား ပိုးမွှားတွေ ခိုးအောင်းလို့အကောင်းဆုံး နေရာတစ်ခု ဖြစ်တဲ့အပြင် ချွေးထွက်ချိန်မှာ အနံ့အသက်ဆိုးတွေကိုလည်း ထွက်ပေါ်စေနိုင်ပါတယ်။ ဖွားဖက်တော် သန့်ရှင်းကျန်းမာနေဖို့ ၊ ရောဂါပိုးမွှားတွေ အလွယ်တကူ ကူးစက်နိုင်ခြင်း မရှိစေဖို့ လိင်အင်္ဂါ အမွှေးအမျှင်တွေကို ပုံမှန်ရိတ်ပေးတာ ၊ ညှပ်ပေးတာတွေ လုပ်ဆောင်ပေးရမှာပဲ ဖြစ်ပါတယ်။

(၄) ညဘက်မှာ အတွင်းခံဘောင်းဘီတွေ ချွတ်ထားပါ

Sleeping Naked

Photo : Verywell Health

နေ့အချိန်မှာ အတွင်းခံဝတ်ဖို့က မရှိမဖြစ်လိုအပ်ပေမယ့် ညဘက်မှာတော့ အတွင်းခံမဝတ်တာက တစ်ကိုယ်ရည်သန့်ရှင်းမှုသာမက ဖွားဖက်တော် ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးများစွာ ရရှိစေနိုင်ပါတယ်။ အဓိကအားဖြင့် ညဘက်အိပ်ချိန်မှာ အတွင်းခံဘောင်းဘီတွေကို မဝတ်တဲ့အခါ ဖွားဖက်တော်နဲ့ ကန့်သတ် ဧရိယာတဝိုက်က အရေပြားတွေဆီ လေဝင်လေထွက်ကောင်းမွန်စေပြီး သွေးစီးဆင်းမှုကို တိုးစေတဲ့အတွက် ဟော်မုန်းထုတ်လုပ်မှု ၊ ကျန်းမာတဲ့ သုတ်ပိုးထုတ်လုပ်မှုကို မြှင့်တင်ပေးတဲ့အပြင် အနံ့သက်ဆိုးကင်းကင်းနဲ့ ကျန်းမာသန်စွမ်းတဲ့ ဖွားဖက်တော် လေးပိုင်ဆိုင်နိုင်စေဖို့ အကူအညီ ဖြစ်စေမှာပဲ ဖြစ်ပါတယ်။

Source : My Fit Brain

Featured Photo : Irreverent Gent