ဝမ်းဗိုက်ပေါ်က အဆီပိုတွေကို အပြုဖြုတ်ဖို့ဆိုရင် လေ့ကျင့်ခန်းနဲ့ စားသောက်နေထိုင်မှုပုံစံက အရေးကြီးဆုံးပါပဲ။ တစ်ရက်ကို အနည်းဆုံး ကိုယ်လက်လှုပ်ရှားမှု မိနစ် ၃၀ ခန့်လောက်ပြုလုပ်ပေးဖို့ လိုသလို ဆီကြော်တွေ ၊ အမြန်စားအသင့်စား အစားအစာတွေ ၊ အချိုအငံများတဲ့ အစားအစားတွေ ၊ အချိုရည်တွေ ရှောင်ရမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဗိုက်ခေါက် အဆီတွေကို ပိုမြန်မြန်ဆန်ဆန် အပြုတ်ဖြုတ်နိုင်ဖို့ ကူညီပေးမယ့် မနက်ခင်း သောက်စရာ Morning Beverages အချို့ကို ပြောပြပေးပါမယ်။

(၁) ပန်းသီးရှာလကာရည်

Photo : Delish

ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်ကို ကြက်သီးနွေးရေ တစ်ခွက်ထဲထည့်ပြီး မနက်တိုင်း သောက်ပေးပါ။ သောက်ပြီးနောက်ထပ် မိနစ် ၃၀ ကြာသည်အထိ တခြားဘာမှ မစားပါနဲ့။ ဒါက ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူ ဖြစ်စေတဲ့ နည်းလမ်းတစ်ခုအဖြစ် လူသိများသလို ဗိုက်ခေါက် ပြုတ်သွားဖို့လည်း ကူညီပေးနိုင်ပါတယ်။ ပန်းသီးရှာလကာရည်ဟာ ကိုလက်စထရောနဲ့ သွေးတွင်းသကြားဓာတ်ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။

(၂) ပျားရည်နဲ့ သံပုရာ

Honey Lemon

Photo : Healthline

မနက်ခင်းမှာ ပျားရည်နဲ့ သံပုရာရေကို ရောစပ်သောက်သုံးခြင်းကလည်း ကိုယ်အလေးချိန်ကျစေတဲ့ လူကြိုက်အများဆုံး နည်းလမ်းတစ်ခုပါ။ ရေနွေးတစ်ခွက်ထဲကို ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သံပုရာရည် အနည်းငယ် ညှစ်ထည့်သောက်ရုံပါပဲ။ ဒီဖျော်ရည်ဟာ ဗိုက်ခေါက် ပြုတ်ဖို့အတွက်သာမက ကိုယ်ခံစွမ်းအားကိုပါ မြှင့်တင်ပေးပြီး ကောင်းမွန်တဲ့ တစ်နေ့တာကို စတင်ဖို့အတွက် စွမ်းအင်တွေ များစွာရစေနိုင်ပါတယ်။

(၃) Green Tea

Green Tea

Photo : Longevity.Technology

ဗိုက်အဆီကျပြီး ဗိုက်ခေါက် ပြုတ်ဖို့အတွက်ဆို မနက်ခင်းကို Green Tea ပူပူလေးတစ်ခွက်နဲ့ စတင်နိုင်ပါတယ်။ Green Tea ထဲကို ပူစီနံအရွက် အနည်းငယ် ထည့်သောက်ပေးပါ။ မနက်ခင်းစောစော ဗိုက်ထဲမှာ အစာမရှိတဲ့အချိန် သောက်ရင်ပိုကောင်းပါတယ်။ Green Tea က စိတ်ရော ခန္ဓာကိုယ်ကိုပါ ကျန်းမာနုပျိုစေပြီး ထိထိရောက်ရောက် ကိုယ်အလေးချိန်ကျစေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။

(၄) သစ်ကြံပိုးခေါက်

cinnamon

Photo : Heart FM

သစ်ကြံပိုးခေါက်ဟာလည်း ကျန်းမာရေးအတွက် အကျိုးပြုဓာတ်တွေ အများကြီး ပါဝင်ပြီး အဆီလောင်ကျွမ်းစေဖို့ ကူညီပေးတဲ့ သဘာဝပစ္စည်းတစ်ခု အဖြစ်လူ သိများပါတယ်။ ခန္ဓာကိုယ်ဇီဝဖြစ်ပျက်မှုကို တိုးစေပြီး အင်ဆူလင် Levels ကို ထိန်းညှိပေးပါတယ်။ သစ်ကြံပိုးခေါက် ဒါမှမဟုတ် သစ်ကြံပိုးခေါက်အမှုန့် နှစ်သက်ရာကို သုံးနိုင်ပါတယ်။ သစ်ကြံပိုးခေါက် သို့မဟုတ် သစ်ကြံပိုးခေါက်အမှုန့် အနည်းငယ်ခန့်ကို ရေတစ်ခွက်နဲ့အတူ ၁၀ မိနစ်ခန့် ဆူပွတ်လာအောင် ပြုတ်ကြိုပေးပါ။ ပြီးရင်တော့ မိနစ်အနည်းငယ် အအေးခံထားပြီး ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းခန့်ရောထည့်ကာ သောက်နိုင်ပါပြီ။ အိပ်ရာမဝင်မှာလည်း သောက်လို့ရပြီး အိပ်နေစဉ်မှာတောင် ခန္ဓာကိုယ်က အဆီပိုတွေကို လောင်ကျွမ်းစေဖို့ကူညီပေးပါတယ်။

ဗိုက်ခေါက် အပြုတ်ဖြုတ်ချင်တဲ့ ကွီးတို့ကတော့ မနက်တိုင်း အခုပြောပြတဲ့ Morning Beverages တွေကို သောက်လိုက်တော့ဗျာ။

Featured Photo : MensXP