နေထိုင်မှုပုံစံတွေ ကျန်းမာရေးနဲ့ မညီတဲ့အခါ သိသိသာသာ ကြုံရတဲ့လက္ခဏာတစ်ခုက ကိုယ်တွင်းအဆီ Body Fat တွေ တက်လာပြီး ဝလာတာပဲ ဖြစ်ပါတယ်။ ရှိသင့်တဲ့ အရပ်အမောင်း နဲ့အသက်အရွယ်အလိုက် ကိုယ်အလေးချိန်တက်တာက ရုပ်ပိုင်းရော စိတ်ပိုင်းပါ ခံစားချက် မကောင်းပါဘူး။ Body Fat ကြောင့် နောက်ဆက်တွဲ စိတ်ညစ်တဲ့ဒဏ်ကို မခံနိုင်ချင်ရင်တော့ နေ့စဉ်စားသောက်နေထိုင်မှုမှာ အခုပြောမယ့် အပြောင်းအလဲ လေးတွေ လုပ်ပေးဖို့ ပြောချင်ပါတယ်။

(၁) Workout တစ်ခုမှာ ကော်ဖီတစ်ခါသောက်ပါ

Black Coffee

Photo : Pexels

ကော်ဖီက လူကို တက်ကြွပြီး Energy တက်လာစေနိုင်ပါတယ်။ လေ့လာမှုသစ်အရ အားကစားမလုပ်ခင် နာရီဝက်လောက် ကြိုပြီး ကော်ဖီသောက်တာဟာ အားကစား Session အတွင်းမှာ Fat Oxidization လို့ ခေါ်တဲ့ အဆီအောက်ဆီဂျင်ဓါတ်ပြုမှုဖြစ်စဉ်ကို ပိုတက်လာစေနိုင်တယ်လို့ ဆိုပါတယ်။

(၂) Training ကစားပြီး အစားစားပါ

Breakfast

Photo: Pexels

ကွီးက မနက်ပိုင်းမှာ Treadmill ပေါ် ပြေးပြီး အားကစားလုပ်တတ်သူမျိုး ၊ ဒါမှမဟုတ်လည်း Morning Workout ကစားရတာ သဘောကျသူမျိုးဆိုရင် အားကစားမလုပ်ခင် အစာမစားဘဲ Workout ပြီးမှ မနက်စာစားပေးသင့်ပါတယ်။ ပထမဆုံးစားတဲ့ မနက်စာ မတိုင်ခင် Cardio ကစားသူတွေဟာ အားကစားမလုပ်ခင် ကြိုပြီး အစားစားထားသူတွေထက် အဆီလောင်ကျွမ်းမှု နှစ်ဆပိုမြင့်တယ်လို့ ဆိုပါတယ်။

(၃) ကိုယ်စားတဲ့ အစားအသောက်တွေကို ချရေးထားပါ

Foods

Photo : Pexels

တစ်ရက်တစ်ရက် ကိုယ် ဘာတွေ စားမိသလဲ ပြန်ဆန်းစစ်တာကလည်း မလိုအပ်ဘဲ Body Fat တက်စေမယ့် အစားအသောက်တွေကို ရှောင်ရှားရာမှာ ထိရောက်တဲ့ အကျိုးဖြစ်စေပါတယ်။ အစားအသောက် ရွေးချယ် စားသုံးဖြစ်ဖို့ နဲ့ စားတဲ့ အချိန်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြုပြင်နိုင်ဖို့အတွက်လည်း တွန်းအားတစ်ရပ် ဖြစ်လာစေပါတယ်။

(၄) ရေများများသောက်ပါ

Workout

Photo : Pexels

ရေဓါတ် မြှင့်တင်မှုက အားကစားသမားတွေမှာ ပိုလို့တောင် အရေးကြီးပါတယ်။ လူဟာ ရေဓါတ် ခမ်းခြောက်လာရင် ပင်ပန်းနွမ်းနယ်လာပြီး ဇီဝကမ္မဖြစ်စဉ် နှေးကွေးလာနိုင်ပါတယ်။ ဒီကနေမှ အလွန်အကျွံ စားသောက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ရေဓါတ် ဖြည့်ထားပါ။ ညဘက်တွေ အိပ်ရေးဝအောင် အိပ်ပါ။ အစေ့အဆံနဲ့ အမျှင်ဓါတ်ပါတဲ့ အစားအသောက်တွေ တိုးစားပါလို့ အကြံပေးချင်ပါတယ်။

Featured Photo : healthline