စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကားတွေ ကြည့်ရတာ အားမရဘူး၊ ကိုယ်တိုင်ကိုယ်ကျ ဗီလိန် နဲ့ ဖိုက်တင်ချရင်း စူပါဟီးရိုး လုပ်ချင်ကြတဲ့ ကွီးတို့ရှိပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြမယ့် ဂိမ်းများကို ဆော့ကစားနိုင်ပါတယ်။
စိတ်ညစ်စရာတွေကို ဝေးဝေးသို့ လွှင့်သွားဖို့အတွက် ဗီလိန် နဲ့ ဖိုက်တင်ချရင်း စူပါဟီးရိုး အဖြစ် ပြောင်းလဲကာ ကမ္ဘာကြီးကို ကယ်တင်လိုက်ပါ။
Marvel Contest of Champions

ဒီဂိမ်းကတော့ ၂၀၁၄ တုန်းက ထွက်ရှိထားတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး Kabam က ထုတ်လုပ်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ iOS နဲ့ Android ဖုန်းများအတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့ ၂၀၁၄ တုန်းက ထွက်ရှိထားတာ ဖြစ်ပါတယ်။ Marvel Universe နဲ့ ချိတ်ဆက်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး Comic စီးရီးကို အခြေခံထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။
Marvel Strike Force

Marvel Strike Force ကတော့ FoxNext က ထုတ်လုပ်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး Android ၊ iOS နဲ့ iPadOS အတွက်ပါ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီဂိမ်းကိုတော့ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ကတည်းက တစ်ကမ္ဘာလုံးအနှံ့ ဖြန့်ချီခဲ့တာပဲ ဖြစ်ပါတယ်။ Marvel Universe ကြိုက်နှစ်သက်သူများအတွက် အကြိုက်တွေ့ကြမယ့် ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။
Telltale Batman

Adventure ဂိမ်းအမျိုးအစားဖြစ်ပြီး ကွီးတို့က Batman အဖြစ် ဆော့ကစားရမှာ ဖြစ်ပါတယ်။ သဲလွန်စတွေကို ရှာဖွေကာ ခေါင်းခြောက်စရာကောင်းတဲ့ ပဟေဠိများကို အဖြေညှိကာ ဗီလိန်တွေကို အမြစ်ပြတ်အောင် ချေမှုန်းရမှာပဲ ဖြစ်ပါတယ်။ iOS မှာရော Android ဖုန်းမှာပါ ဆော့ကစားနိုင်ပါတယ်။
Marvel: Future Fight

စူပါဟီးရိုးပေါင်း အယောက် ၂၀၀ ကို လိုက်လံရှာဖွေကာ အလုပ်ခန့်ပြီး ကမ္ဘာကြီးကို ကယ်တင်ရမှာပဲ ဖြစ်ပါတယ်။ ကာရိုက်တာ တစ်ခုချင်းစီကို Level မြှင့်သွားအောင် ဆော့ကစားနိုင်ပြီး စွမ်းအားတွေ တိုးလာအောင် ဖန်တီးယူနိုင်ပါတယ်။ စွမ်းအားကြီးလေ ကမ္ဘာကြီးကို မြန်မြန်ဆန်ဆန် ကယ်တင်နိုင်လေပါပဲ။
Power Rangers: Legacy Wars
ပါဝါရိန်းဂျားတွေကို မှတ်မိတယ်မဟုတ်လား။ ဒီဂိမ်းကတော့ ပါဝါရိန်းဂျားတွေ အကုန်လုံး စုစည်းထားကာ Rita Repulsa ဖန်တီးထားတဲ့ မွန်းစတားများ၊ မွန်းစတား ကိုယ်ပွားများနဲ့ အနိုင်တိုက်ရမှာပဲ ဖြစ်ပါတယ်။ Megazords စက်ရုပ်ကြီးတွေလည်း ပါတယ်ဆိုတော့ ပါဝါရိန်းဂျား ဖန်တွေအကုန်လုံး အကြိုက်တွေ့ကြမယ့် ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။
ကွီးတို့ရော ဗီလိန် တွေကို အနိုင်တိုက်ရင်း စူပါဟီးရိုး အဖြစ်ပြောင်းလဲကာ ကမ္ဘာကြီးကို မကယ်တင်ချင်ဘူးလား။
Source: Pocketgamer
Featured Image: Gameinformer

