ဗော့ကာသည် လူကြိုက်များတဲ့ အယ်လ်ကိုဟော ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ သို့သော် ဗော့ကာ ကို သူ့ချည်းပဲ သောက်မယ့်အစား သူနဲ့ လိုက်ဖက်တဲ့ အမြည်း များနဲ့ တွဲဖက်သောက်သုံးမယ်ဆိုရင်တော့ အကောင်းစား အရသာကို ခံစားရမှာပါ။
ချိစ်

ချိစ်သည် ဝိုင်တွေနဲ့ပဲ လိုက်ဖက်တာမဟုတ်ပါဘူး။ ဗော့ကာ နဲ့လည်း အင်မတန်လိုက်ဖက်တဲ့ အမြည်း တစ်ခုဖြစ်ပါတယ်။ ကယ်လိုရီတက်မှာ ကြောက်တဲ့ ကွီးတွေကလည်း ချိစ်ကို ပါးစပ်မှာ တင်ကျန်ရုံဆိုသလောက်လေး မြည်းစမ်းကြည့်နိုင်ပါတယ်။
သနပ်ချဉ်

Photo: Titosvodka
သနပ်ချဉ်ဆိုလို့ လန့်မသွားပါနဲ့။ တကယ်တော့ သူသည် ဗော့ကာနဲ့ တွဲစားရင် အင်မတန်မှလိုက်ဖက်တဲ့ အမြည်းတစ်ခုပါ။ သခွားသီးသနပ်တို့သည် ဆားရေစိမ်ကာ ပြုလုပ်ထားတဲ့အရာဖြစ်တဲ့အတွက်ကြောင့် ဗော့ကာနဲ့ တွဲစားမယ်ဆိုရင်လည်း အလွန်အကျွံ မစားမိဖို့လိုပါတယ်။ အများကြီးစားမယ်ဆိုရင်တော့ အငန်ဓာတ်ကြောင့် ရေငတ်သွားမှာမို့လို့ပါပဲ။
ငါးကင်

Photo: Firstcry
ငါးကင်ကတော့ လူတိုင်းကြိုက်နှစ်သက်တဲ့ အမြည်းတစ်ခုပဲဖြစ်ပါတယ်။ သူ့ကို ဗော့ကာနဲ့ပဲ တွဲတွဲ၊ ဘီယာနဲပဲ တွဲတွဲ လိုက်ဖက်တဲ့ အစားအစတစ်မျိုးပဲဖြစ်ပါတယ်။
ပုစွန်ကော့တေး

Photo: Thefast800
ပုစွန်ကော့တေးဆိုတာကတော့ ပုစွန်များများနဲ့ ပြုလုပ်ဖော်စပ်ထားတဲ့ ကော့တေးတစ်မျိုးပဲဖြစ်ပါတယ်။ ဗော့ကာရော၊ ကော့တေးရော အယ်လ်ကိုဟောဖျော်ရည်နှစ်မျိုးစလုံးကို တွဲသောက်ရတဲ့ ခံစားချက်က တစ်မျိုးလေး ဆန်းသစ်နေပါလိမ့်မယ်။ ဒါပေမဲ့ စမ်းကြည့်လိုက်ပါ။ လျှာကျွမ်းပြန်သွားပြီး ဆွေမျိုးတောင် မေ့သွားပါလိမ့်မယ်။
ဆူရှီ

Photo: Japancentre
ပုစွန်နဲ့ မတည့်သူတွေကတော့ ဆူရှီ စားသုံးနိုင်ပါတယ်။ ဆူရှီနဲ့ ဗော့ကာ သည်လည်း လိုက်ဖက်တဲ့ အတွဲအစပ်ဖြစ်ပြီး အမြည်းရဲ့ အရသာက Rich ဖြစ်တဲ့ ခံစားချက်ကို ခံစားရမှာပဲဖြစ်ပါတယ်။
Dumplings

Photo: Twoplaidaprons
တရုတ်အစားအစာဖြစ်တဲ့ Dumplings နဲ့ ရုရှားအယ်လ်ကိုဟောတစ်မျိုးဖြစ်တဲ့ ဗော့ကာတို့ လိုက်ဖက်လိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။ တကယ်တော့ ဖက်ထုပ်သည်လည်း ဗော့ကာ နဲ့ ရှေ့သွား နောက်လိုက် ညီတဲ့ အမြည်း တစ်မျိုးဖြစ်ပါတယ်။ ဖက်ထုပ်အချဉ်နဲ့ တွဲဖက်စားသုံးမယ်ဆိုရင် ပိုမိုလိုက်ဖက်ပြီး လျှာလည်သွားပါလိမ့်မယ်။
Grapefruit ဖျော်ရည်
ဗော့ကာသောက်တဲ့အချိန်မှာ အချိုဓာတ်တစ်မျိုးမျိုးကို လိုအပ်နေတယ်ဆိုရင်တော့ Grapefruit ဖျော်ရည်လေးကိုသာ သတိရလိုက်ပါ။ Grapefruit ဖျော်ရည်အပြင် နာနတ်သီးဖျော်ရည်၊ လိမ္မော်ဖျော်ရည်တို့ကိုလည်း တွဲဖက်သောက်သုံးနိုင်ပါသေးတယ်။
ကွီးတို့ရော ဗော့ကာ သောက်တဲ့အခါ ဘယ်လိုအမြည်းများနဲ့ တွဲဖက်သောက်သုံးရတာကို ကြိုက်နှစ်သက်ပါသလဲ။
Source: Pristinevodka
Featured Image: Ediblemarinandwinecountry

