ပျင်စရာကောင်းတဲ့ ဂိမ်းတွေကစားပြီး ငြီးငွေ့နေပြီလား ? ဒါဆိုရင်တော့ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အမိုက်စား ဂိမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ အခုညွှန်းပေးမယ့် ဂိမ်းတွေက ပိုက်ဆံပေးပြီး ဝယ်ယူရတာမပါဝင်ဘဲ သက်တောင့်သက်သာနဲ့ ဆော့ကစားနိုင်မယ့် အကောင်းဆုံး အခမဲ့ Android ဂိမ်းတွေ ဖြစ်ပါတယ်။ ပျော်စရာကောင်းသလို စိတ်လှုပ်ရှားဖို့လည်းကောင်းပြီး ဘယ်တော့မှ မပျင်းချင်ရင်တော့ အခုပြောပြမယ့် ဂိမ်းတွေ သာဆော့ဗျာ။

(၁) Brawl Stars

 

 

Source : Brawl Stars

Brawl Stars ဂိမ်းလေးကတော့ Clash of Clans နဲ့ Clash Royale တို့လို လူကြိုက်များတဲ့ ဂိမ်းတွေဖန်တီးတဲ့ Supercell ကနေ နောက်ဆုံးထွက်ရှိလာတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂိမ်းလေးက Clash of Clans နဲ့ Clash Royale တို့နဲ့တော့ တော်တော်လေး ကွဲပြားပါတယ်။ ချစ်စရာကောင်းတဲ့ ကာတွန်းဇာတ်ကောင်လေးတွေနဲ့ 3v3 Battles တွေ ယှဉ်ပြိုင် ကစားရမှာပါ။ ရိုးရှင်းတဲ့ Touch Controls တွေ စိတ်ဝင်စားစရာ မြေပုံတွေနဲ့ ဂိမ်းမုဒ်အသစ်တွေ ပါရှိပါတယ်။ Supercell ရဲ့အခြားဂိမ်းတွေလို လွယ်လွယ်ကူကူ ဒေါင်းလုဒ်လုပ်နိုင်ပြီး အခမဲ့ဆော့ကစားနိုင်မယ့် အကောင်းဆုံး Android ဂိမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။

(၂) Disney Mirrorverse

Source : Disney Mirrorverse

Disney Mirrorverse ဂိမ်းလေးကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ မိုဘိုင်း Gacha ဖြစ်ပါတယ်။ Action RPG Mechanics တွေကို အသုံးပြုပြီး Battlefield တစ်လျှောက်ပြေးလွှားကာ ရန်သူတွေနဲ့ တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ Players တွေအနေနဲ့ Disney ဇာတ်ကောင်တွေကို စုဆောင်းပြီး ဂိမ်း Story ကို တိုးတက်အောင် ဆော့ကစားရမှာ ဖြစ်ပါတယ်။ Side Quests ၊ Online PvP နဲ့ Event Quests များလည်း ပါရှိပါတယ်။ Graphic ပိုင်းလည်း မဆိုးလှသလို Free To Play ကစားနိုင်မယ့် အကောင်းဆုံး Android ဂိမ်း တစ်ခုဖြစ်ပါတယ်။

(၃) Legends of Runeterra

 

 

Source : Legends of Runeterra

Legends of Runeterra ဂိမ်းလေးက Hearthstone နဲ့ဆင်တူတဲ့ အမိုက်စား ကတ်ဂိမ်းတစ်ခု ဖြစ်ပါတယ်။ Players တွေအနေနဲ့ ကတ်တွေ စုဆောင်းတာ ၊ Deck တွေတည်ဆောက်ပြီး တစ်ယောက်နဲ့တစ်ယောက် အနိုင်ရတဲ့အထိ အချင်းချင်း ပြိုင်ကြရမှာ ဖြစ်ပါတယ်။ ကတ်ဂိမ်းကောင်းကောင်း ဆော့ကစားချင်သူတွေအနေနဲ့တော့ အခမဲ့ကစားနိုင်မယ့် Legends of Runeterra ဂိမ်းလေးကို ဆော့ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။

(၄) Rocket League Sideswipe

Source : Rocket League Sideswipe

Rocket League ဂိမ်းရဲ့ PC ဗားရှင်းကတော့ ဂိမ်းချစ်သူတွေကြားမှာ နာမည်ကြီးပြီးသားပါ။ အခုမိုလ်ဘိုင်းဗားရှင်းအနေနဲ့ Android မှာ ဆော့ကစားနိုင်နေပြီ ဖြစ်ပါတယ်။ မူရင်း PC ဗားရှင်းမဆော့ဖူးသူတွေအတွက် ဒီဂိမ်းရဲ့ ပုံစံလေးကို အနည်းငယ် အကျဉ်းချုံးပြောပြပေးချင်ပါတယ်။ ဒီဂိမ်းလေးက ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဘောလုံးဂိမ်းတစ်ခုဖြစ်ပြီး ထူးခြားတာက ဧရာမဘောလုံးနဲ့အတူ ပြိုင်ဘက်ရဲ့ ဂိုးကိုသွင်းနိုင်ဖို့ ကားတွေနဲ့ ထိန်းချုပ်ကစားရမှာ ဖြစ်ပါတယ်။ပြိုင်ပွဲတိုင်းက အရမ်းကိုပြင်းထန်ပြီး စိတ်ဝင်စားဖို့ကောင်းသလို Free To Play ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Prime Gaming – Amazon.com