အွန်လိုင်းပေါ်မှာ စာရေးရတာ ၊ Content တွေ ဖန်တီးတင်ဆက်ရတာ ဝါသနာပါတဲ့ ကွီးတို့အတွက် အကောင်းဆုံး Blogging ပလက်ဖောင်း ၅ ခု အကြောင်း မျှဝေပေးချင်ပါတယ်။
(၁) WordPress

Photo : Rock Content
အားလုံးနဲ့ ရင်းနှီးပြီးဖြစ်တဲ့ WordPress ကတော့ Open-Source Software ဖြစ်ပြီး Blogging ပလက်ဖောင်း တွေထဲမှာ အကောင်းဆုံးထဲကတစ်ခုလို့ ပြောနိုင်ပါတယ်။ Users တွေကိုယ်တိုင် နှစ်သက်ရာကိုယ်ပိုင် Theme ကို Create လုပ်နိုင်ပြီး အခမဲ့အနေနဲ့ရော Premium Themes တွေပါ ဝယ်သုံးလို့ ရပါတယ်။ Free & Paid Plugins တွေလည်း အမျိုးမျိုးရှိသလို အသုံးပြုရလွယ်ကူတဲ့ Interface လည်း ပါရှိပါတယ်။ အခုမှစလုပ်မယ့်သူတွေအနေနဲ့ WordPress Tutorials တွေကတဆင့် လေ့လာသင်ယူနိုင်ပါတယ်။
(၂) Blogger

Photo : 1000 Logos
Blogger ဟာလည်း အကောင်းဆုံး Blogging ပလက်ဖောင်း တွေထဲက တစ်ခုပါ။ ၂၀၀၃ ခုနှစ်မှာ Google ကဝယ်လိုက်တဲ့အတွက် ဘလော့ဂ် ရေးမယ်ဆိုရင် Gmail အကောင့်တစ်ခုရှိဖို့ လိုပါတယ်။ Easy-To-Use Templates တွေကို ရွေးချယ်အသုံးပြုနိုင်ပြီး ဘာသာစကားပေါင်း ၆၀ နီးပါး ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင်In-Built Analytics စနစ်နဲ့ ပိုစ့်တွေရဲ့ Traffic ကို ကြည့်နိုင်မှာ ဖြစ်ပါတယ်။
(၃) LinkedIn
Photo : LinkedIn
LinkedIn ဟာ Domain တစ်ခုဝယ်စရာမလိုပဲ ဘလော့ဂ်တွေ ရေးသားတင်နိုင်သလို Ads တွေ အခကြေးငွေ ပေးဆောင်ဖို့ မလိုတဲ့ အမိုက်စား Blogging ပလက်ဖောင်း တစ်ခု ဖြစ်ပါတယ်။ LinkedIn ကို အလုပ်အကိုင်အခွင့်အလမ်းနဲ့ ချိတ်ဆက်မှုတွေ အတွက်လည်း အသုံးပြုကြပါတယ်။ သင့်အနေနဲ့ LinkedIn မှာ High-Quality ဘလော့ဂ် တစ်ခုရေးတင်လိုက်တာနဲ့ သင့် အကြောင်းအရာနဲ့ ကိုက်ညီမှုရှိနဲ့ ချိတ်ဆက်မှု အခွင့်အလမ်းတွေ ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။
(၄) Hubspot

Photo : Cactus Capital
Hubspot CMS ဟာ လုံခြုံစိတ်ချရတဲ့ Blogging ပလက်ဖောင်း တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Free တော့ မဟုတ်ပါဘူး။ လစဉ် Starter Plan အနေနဲ့ ၂၃ ဒေါ်လာလောက်က စတင်ပါတယ်။ Professional Plan နဲ့ Enterprise Plan တွေအတွက်ကတော့ တစ်လကို ဒေါ်လာ ၃၆၀ ကနေ ဒေါ်လာ ၁၂၀၀ ဝန်းကျင်လောက် ကျသင့်မှာ ဖြစ်ပါတယ်။ Content တင်ဆက်ခြင်း ၊ Search Engine နဲ့ Multi-Language ထောက်ပံ့ပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်မှာ ဖြစ်ပါတယ်။
(၅) Wix

Photo : Paubox
၂၀၀၆ ခုနှစ်က စတင်မိတ်ဆက်ခဲ့တဲ့ Wix ဟာလည်း သုံးလို့ကောင်းတဲ့ Blogging ပလက်ဖောင်း တွေထဲက တစ်ခုဖြစ်ပါတယ်။ Free ရော Paid Plans အနေနဲ့ပါ သုံးနိုင်ပါတယ်။ ရွေးချယ်စရာ Templates တွေများစွာပါသလို ဘလော့ဂ် ရေးသားခြင်းအတွက် သုံးနိုင်မယ့် Features တွေအများကြီး ပါဝင်ပါတယ်။ နောက်ပြီး သင့်ရဲ့ Content တွေကို Optimize လုပ်နိုင်မယ့် SEO Features တွေလည်း ပါရှိပါတယ်။
Featured Photo : Creative Bloq

