ညစ်ညမ်းရုပ်ရှင်တွေထဲမှာမြင်ရတဲ့ ပြကွက်တွေဟာ တကယ့်လက်တွေ့ဘဝမှာ အလုပ်ဖြစ်မယ်လို့ ထင်ပါသလား? အဆိုပါ ရုပ်ရှင်တွေထဲကအတိုင်း သင့်ရဲ့ လက်တွေ့ဘဝ အိပ်ခန်းထဲမှာ ပုံတူကူးဖို့ ကြိုးစားကြည့်တဲ့အခါ ထင်သလောက် အဆင်မပြေတာကို တွေ့ရနိုင်ပါတယ်။ ဒါဟာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။
Photo : New York Post
ကျွန်တော်တို့ မြင်နေရတဲ့ ညစ်ညမ်းရုပ်ရှင်တွေထဲက ကြီးမားဖွံ့ထွားလွန်းတဲ့ ဖွားဘက်တော်တွေ ၊ နာရီနဲ့ချီ ဆက်ဆံနိုင်တဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်တွေ ၊ အသွင်သဏ္ဌန်မျိုးစုံတဲ့ Orgasms ပြီးမြောက်မှုတွေ ၊ သာမန်ထက် ကွဲပြားဆန်းပြားတဲ့ ဆက်ဆံမှုပုံစံတွေ ဒါတွေအားလုံးဟာ ဖျော်ဖြေရေးသပ်သပ်သာ ဖြစ်ပြီး လက်တွေ့ဘဝနဲ့တော့ မတူကွဲပြားမှုတွေ အများကြီး ရှိနိုင်ပါတယ်။ လူတော်တော်များများကတော့ Porn ရုပ်ရှင်တွေထဲကလို သရုပ်ဆောင်တွေရဲ့ စွမ်းဆောင်ရည်မျိုးနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်ကာ မလုံလောက်တဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ကြုံတွေ့ခံစားရတက် ကြပါတယ်။
တစ်ခါတစ်လေမှာ ညစ်ညမ်းရုပ်ရှင်တွေထဲက ပြကွက်တွေဟာ လူအများစု လက်တွေ့ဘဝမှာ မကြုံနိုင်တဲ့အရာတွေကို ရိုက်ပြတာ တွေ့ရတတ်ပါတယ်။ ဥပမာအားဖြင့် တစ်ချိန်တည်းမှာပင် လူအများကြီးနဲ့ ဆက်ဆံတာ ၊ တစ်ကြိမ်တစ်ခါမှ မရင်းနှီးဖူးတဲ့ သူစိမ်းတွေနဲ့ ဆက်ဆံတာ စသည်ဖြင့် လက်တွေ့ဘဝနဲ့ ကွဲလွဲတဲ့ ဘယ်လိုအရာမျိုးကိုမဆို ညစ်ညမ်းရုပ်ရှင်တွေထဲမှာ တွေ့ရနိုင်ပါတယ်။
သို့သော် ညစ်ညမ်းရုပ်ရှင်တွေဟာ ရုပ်ရှင်သပ်သပ် ဖျော်ဖြေရေးသာ ဖြစ်တယ်ဆိုတာကို သတိပြုမိဖို့ လိုပါမယ်။ ပြောရရင် ကြည့်ရှုရုံသပ်သပ် ပုံဖော်ထားတဲ့ စိတ်ကူးယဉ်ဆန်ဆန် ဒဏ္ဍာရီပုံပြင်တွေပါ။ ညစ်ညမ်းရုပ်ရှင်တွေထဲကလို အဖြစ်အပျက်တွေ ၊ ဆက်ဆံမှုတွေကို တကယ့်လက်တွေ့ အပြင်မှာ လိုက်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
Photo : eTeknix
ဒါ့အပြင် ညစ်ညမ်းရုပ်ရှင်တွေထဲမှာ မြင်ရတဲ့သရုပ်ဆောင်တွေ အထူးသဖြင့် အမျိုးသားသရုပ်ဆောင်တွေရဲ့ လိင်အင်္ဂါ အရွယ်အစားတွေဟာ ယောကျာ်းလေးတိုင်း တောင့်တလောက်တဲ့ ဆိုဒ်အနေအထားမှာ ရှိနေတက်ကြပါတယ်။ တကယ်တော့ ဒါဟာ သဘာဝအတိုင်း မဟုတ်ပါဘူး။ ခွဲစိတ်ပြုပြင်မှုတွေလုပ်ထားတာဖြစ်သလို ကင်မရာလှည့်ကွက်တွေနဲ့ လူတွေရဲ့စိတ်အာရုံကို ဖမ်းစားထားရုံ သပ်သပ်သာ ဖြစ်ပါတယ်။ ဒီလို အပြာရုပ်ရှင်တွေထဲကလို ကြီးမားလွန်းတဲ့ ဖွားဘက်တော် ဆိုဒ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ပြီး အားမလိုအားမရ မဖြစ်သင့်ပါဘူး။ ဘာလို့ဆို အပြာကားနဲ့ လက်တွေ့ဘဝ ဟာအမြဲတမ်း ကွာခြားနေတယ်ဆိုတာကို လက်ခံထားဖို့ လိုပါတယ်။
နောက်တစ်ချက်က ညစ်ညမ်းရုပ်ရှင်တွေထဲမှာ ကွန်ဒုံးအသုံးပြုပြီး ဆက်ဆံတာ ရှားပါတယ်။ ဒါကို ပြင်ပလက်တွေ့ဘဝမှာ လိုက်လုပ်လို့ မရနိုင်ပါဘူး။ လိင်ဆက်ဆံတိုင်းမှာ အကာအကွယ်အသုံးမပြုဘူးဆိုရင် STDs နဲ့ STIs လို လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ကူးစက်ပြန့်ပွားနိုင်သလို မမျှော်လင့်တဲ့ ကိုယ်ဝန်ရနိုင်ခြေ ပြဿနာတွေလည်း အများကြီး ရှိလာပါတယ်။ ဒါကြောင့် ညစ်ညမ်းသရုပ်ဆောင်တွေကို ကြည့်ပြီး ပုံတူးကူးချဖို့ မကြိုးစားလိုက်ပါနဲ့။
Photo : FOX 5 San Diego
အချုပ်အားဖြင့်ဆိုရမယ်ဆိုရင် ညစ်ညမ်းရုပ်ရှင်တွေဟာ ကျွန်တော်တို့ရဲ့ လက်တွေ့ဘဝ နဲ့ လုံးဝကွဲပြား ခြားနားပါတယ်။ ညစ်ညမ်းရုပ်ရှင်တွေက စွဲလန်းမှုကို ဖြစ်စေတက်သလို သင့်ပါတနာနဲ့တကယ့်ပြင်ပ လက်တွေ့ဘဝက ဆက်ဆံရေးကိုပင် ထိခိုက်မှုတွေ ရှိလာစေနိုင်ပါတယ်။ ရုပ်ရှင်ပိတ်ကားပေါ်က ပြကွက်တိုင်းဟာ လက်တွေ့မှာ အလုပ်မဖြစ်နိုင်ဘူး ဆိုတာကိုလည်း အမှန်တကယ် နားလည်ထားဖို့ လိုပါတယ်။
ညစ်ညမ်းရုပ်ရှင်တွေကို ဆင်ခြင်တုံတရားနဲ့ ကြည့်ရှုမယ်ဆိုရင် လိင်မှုအသိပညာ တိုးတက်ပြီး ကိုယ့်လက်တွဲဖော်ပါတနာနဲ့ကြားက ဆက်ဆံရေးကို ပိုကောင်းစေနိုင်ပေမယ့် Porn Addiction လို့ခေါ်တဲ့ မကြည့်မနေနိုင်တဲ့ စွဲလမ်းမှုအဆင့်ကို ရောက်လာပြီဆိုရင်တော့ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ၊ အလုပ်ထဲမှာ ၊ ကိုယ့်ရဲ့အိမ်ထောင်ရေးပေါ်မှာပါ အများကြီးဆိုးကျိုးတွေ သက်ရောက်လာစေနိုင်တယ် ဆိုတာကိုလည်း သတိပေးချင်ပါတယ်။
ကွီးတို့ရော ညစ်ညမ်းရုပ်ရှင်တွေ ကြည့်ဖြစ်ပါသလား ? ရုပ်ရှင်တွေထဲကအတိုင်း ပုံတူကူးဖို့ ကြိုးစားဖူးပါသလား? ဘယ်လောက်အတိုင်းအတာအထိ အလုပ်ဖြစ်ပါသလဲ?
Featured Photo : In The Rooms