သောက်ပြီးသား ဘီယာပုလင်း တွေဆိုတာ သုံးတက်ရင်တော့ အမှိုက်ထဲက ရွှေပါပဲ။ ပုလင်းအခွံတွေကနေ အထာကျတဲ့ ပစ္စည်းတွေအဖြစ် ပြောင်းလဲလို့ ရပါတယ်။ ဒီဆောင်းပါးမှာ ဘီယာပုလင်းတွေကို ကွီးတို့ ဘာတွေလုပ်လို့ ရမလဲဆိုတာ လေ့လာကြည့်လိုက်ပါဦး။
(၁) ဘီယာပုလင်း မီးအိမ်
Photo : Cool Material
မီးအိမ် တစ်ခုဈေးက မသေးပါဘူး။ ဒါပေမယ့် စိတ်မပူပါနဲ့။ ဘတ်ဂျတ်နည်းနည်းနဲ့ လှပတဲ့ မီးအိမ်တစ်ခု ကိုယ်တိုင် ဖန်တီးလို့ ရပါတယ်။ ဘီယာပုလင်းကို အိပ်ခန်း သို့မဟုတ် စာကြည့်စားပွဲမှာ အထာကျကျ အလှဆင်ထားလို့ရမယ့် DIY မီးအိမ်အဖြစ် ပြောင်းလဲ နိုင်ပါတယ်။
(၂) အိမ်တွင်းအပင် ပန်းအိုး
Photo : Cool Material
ဘီယာပုလင်းတွေကို အိမ်တွင်းအပင်လေးတွေ စိုက်ဖို့အတွက် ပန်းအိုးအဖြစ် ပြောင်းလဲလို့ရပါတယ်။ ပုလင်းရဲ့အောက်ခြေကို ဖြတ်ပြီး ထိပ်ပိုင်းမှာ အပင်စိုက်လို့ ရသလို အောက်ခြေကိုတော့ ရေထည့်လို့ရမယ့် အောက်ခံခွက်အဖြစ် အသုံးပြုလို့ ရပါတယ်။
(၃) မီးဆိုင်း
Photo : Cool Material
ဘီယာပုလင်း တွေစုပြီး အိမ်တွင်းမှာ လှပတဲ့ မီးဆိုင်းတစ်ခု ဖန်တီးနိုင်ပါတယ်။ ကွီးတို့ အိမ်ရဲ့ဧည့်ခန်းမှာ ဖြစ်ဖြစ် ၊ ထမင်းစားခန်းမှာ ဖြစ်ဖြစ် အလှဆင်လို့ရမယ့် အထာကျတဲ့ မီးဆိုင်းတစ်ခု ဖန်တီးကြည့်လိုက်ပါဦး။
(၄) ဖယောင်းခွက်
Photo : Cool Material
ညဘက် မီးပြတ်ချိန်တွေမှာ အမှောင်ထဲ ထိုင်နေစရာ မလိုတော့အောင် ဖယောင်းခွက်လေးတွေ ဆောင်ထားလိုက်ပါ။ ဘီယာပုလင်းကို ဖြတ်ပြီး အောက်ခြေပိုင်းကို ဖယောင်းရည်ဖြည့်ကာ လွယ်ကူရိုးရှင်းတဲ့ ဖယောင်းခွက်လေးတွေ ဖန်တီးလို့ ရပါတယ်။
(၅) ဆား / ငရုပ်ကောင်း ပုလင်း
Photo : Cool Material
ကွီးတို့ရဲ့ ချစ်ဇနီး အိမ်ရှင်မတို့အတွက် မီးဖိုချောင်သုံး ပစ္စည်းလေးတွေကိုလည်း ဘီယာပုလင်းတွေနဲ့ ဖန်တီးလို့ ရပါတယ်။ ပုလင်းအဖုံးတပ်ဆင်ကာ အပေါက်ငယ်လေးတွေ ဖောက်ပြီး ဆား သို့မဟုတ် ငရုပ်ကောင်း ထည့်တဲ့ ပုလင်းတွေအဖြစ် ပြောင်းလဲလိုက်ပါ။
(၆) ဝိုင်ခွက်
Photo : Cool Material
ဝိုင်ခွက်တွေ ဈေးကြီးလို့ စိတ်မညစ်ပါနဲ့တော့။ ဘီယာပုလင်း တွေနဲ့ အထာကျတဲ့ ကိုယ်တိုင်လုပ် DIY ဝိုင်ခွက်လေးတွေ ဖန်တီးလို့ ရပါတယ်။ ပုလင်းထိပ်ပိုင်းကို ဖြတ်ပြီး ထိပ်ဝကို ပုလင်းရဲ့အောက်ခြေ အပိတ်နဲ့ တွဲကပ်လိုက်ပါ။ မျက်နှာပြင်အဝကိုတော့ သေချာလေး အချောသပ်ဖို့ လိုပါမယ်။ ဒါဆိုရင်တော့ ရိုးရှင်းလှပတဲ့ ဝိုင်ခွက်လေးတွေ ရပါပြီ။
Source : Cool Material
Featured Photo : Funky Picnic Brewery & Café