ကွီးတို့ရေ ဘီယာကို အစားအစာနဲ့တွဲသောက်မှ ပိုကြိုက်တဲ့ကွီးတို့ ရှိပါသလား။ ဘီယာကို ကြက်ကြော်လေးနဲ့မှ လိုက်ဖက်တယ်လို ထင်တဲ့ကွီးတို့ရှိသလား။ ဟုတ်ပါတယ် တစ်ခါတစ်လေကျရင် သောက်စရာရဲ့အရသာကို တွဲဖက်စားတဲ့ အစားအစာက ပိုကောင်းသွားအောင် စွမ်းဆောင် နိုင်ပါတယ်။ ကွီးတို့ရော ဘီယာကို ဘယ်လိုအစားအစာတွေနဲ့ တွဲစားရတာ ကြိုက်ပါသလဲ။ ဒါကြောင့် ကွီးတို့ ဘီယာ သောက်တဲ့အခါ ဘယ်လိုအစားအစာနဲ့ စားရမလဲ ခေါင်းမစားရအောင် ဘီယာနဲ့ တွဲဖက်သုံးဆောင်ဖို့ အလိုက်ဖက်ဆုံးသော အစားအစာတွေကို အကြံပြုမျှဝေလိုက်ပါတယ်။

(၁) ဘာဂါများ၊ အသင့်စား အစားအစာများ

တွဲဖက်သုံးဆောင်ဖို့ အလိုက်ဖက်ဆုံးသော

Photo : Uber Eats

ပထမဆုံး အနေနဲ့ ဘီယာနဲ့ တွဲဖက်သုံးဆောင်ဖို့ အလိုက်ဖက်ဆုံးသော အစားအစာတွေကတော့ ပေါ့ပေါ့ပါးပါးစားလို့ရတဲ့ ဘာဂါတို့ အရွက်သုတ်တို့ပဲ ဖြစ်ပါတယ်။ လူ တော်တော်များများကလည်း ဘာဂါကို ဘီယာ နဲ့တွဲဖက် စားသုံးရတာကြိုက်တယ် လို့ဆိုပါတယ်။ ဘာဂါ အပြင် ကြက်ကြော်၊ ဟောဒေါ့လိုမျိုး အသင့်စားအစာတွေ ကလည်း ဘီယာနဲ့ လိုက်ဖက်ပါတယ်။

(၂) စပ်တဲ့အစားအစာများ၊ သစ်သီးဝလံ အချိုပွဲများ

တွဲဖက်သုံးဆောင်ဖို့ အလိုက်ဖက်ဆုံးသော

Photo : Iron Hill Brewery

စပ်တဲ့အစားအစာများ သစ်သီးဝလံ အချိုပွဲတို့နဲ့ လိုက်ဖက်တဲ့ ဘီယာ ကတော့ ဂျုံဘီယာပဲ ဖြစ်ပါတယ်။ ပျော့ပြောင်းတဲ့ အစေ့အဆံကနေ ထုတ်လုပ်ထားတဲ့ ဂျုံ ဘီယာကတော့ အစားအစာ တော်တော်များများနဲ့ လိုက်ဖက်တယ်လို့ လည်းဆိုကြပါတယ်။ ဒါပေမဲ့ အဓိက အားဖြင့်တော့ စပ်တဲ့အစားအစာများ၊ အသုတ်များ၊ သစ်သီးအချိုပဲများ၊ မုန့်များနဲ့ တွဲဖက်သုံးဆောင်ဖို့ အလိုက်ဖက်ဆုံးက ဂျုံဘီယာ ပဲလို့ အကြံပြုထားပါတယ်။

(၃) Stakes၊ Barbecue နှင့် မက္ကဆီကန် အစားအစာများ

beer

Photo : The Boston Calendar

လေးနက်သော အငွေ့အသက်နှင့် ခါးသက်သက်အရသာရှိတဲ့ India Pale Ales (IPAs) ကတော့ အဆီအဆိမ့် သို့မဟုတ် အဆီများတဲ့ အစားအစာများ၊ Stakes များ၊ Barbecue များ နဲ့ တွဲဖက်သုံးဆောင်ဖို့ အလိုက်ဖက်ဆုံး ပဲဖြစ်ပါတယ်။ ထို့အပြင် နံရိုးကင်များ၊ အာလူးကြော်များ၊ Mozzarella ချောင်းများ နဲ့လည်း လိုက်ဖက်ပါတယ်။

(၄) ချောကလက် အချိုပွဲများ၊ မက္ကဆီကန် အစားအစာများ

beer

Photo : The Beeroness

ဘီယာ ကို အချိုပွဲနဲ့ဆိုတော့ လိုက်ဖက်ပါ့မလားလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ Stouts ကို ချောကလက်အချိုပွဲ နဲ့လိုက်ဖက်တယ်လို့ ဆိုထားပါတယ်။ ကွီးတို့လည်း အခါအခွင့်သင့်ရင် ဒီအတွဲအဆက်ကို မြည်းစမ်းကြည့်ပါ။ Stouts ကို ၎င်းရဲ့ အနက်ရောင်နဲ့ လေးနက်တဲ့ အရသာကြောင့် လူသိများပါတယ်။ Stouts ဟာ နက်မှောင်တဲ့ အသွင်အပြင်ရှိပြီး၊  Alcohol ပါဝင်မှု ၈ ရာခိုင်နှုန်း ရှိပါတယ်။ သို့သော်လည်း အနည်းငယ်ပျော့တဲ့ အမျိုးအစားတွေ အများကြီးရှိပါတယ်။ ဒါကြောင့် Stouts ဟာ ချောကလက် အချိုပွဲများအပြင် ပင်လယ်စာနဲ့ မက္ကဆီကန် အစားအစာတွေ၊ Barbecue တွေနဲ့ပါ တွဲဖက်တည်ခင်းဖို့ လိုက်ဖက်ပါတယ်။

ယခုဖော်ပြပေးလိုက်တာကတော့ ဘီယာနဲ့ တွဲဖက်သုံးဆောင်ဖို့ အလိုက်ဖက်ဆုံးသော အစားအစာတွေပဲ ဖြစ်ပါတယ်။ လူတစ်ယောက် အကြိုက်တစ်မျိုး ဆိုတဲ့အတိုင်း ကွီးတို့ ကြိုက်နှစ်သက်တဲ့ အစားအစာကို ဘီယာနဲ့ တွဲဖက်ပြီး သုံးဆောင်ကြည့်ပါ။

Source : MRBEER

Featured Photo : Unsplash