ကွီးတို့ရဲ့ စားသောက်မှု နည်းစနစ်၊ နေထိုင်မှု Lifestyle တွေသည် ကွီးတို့ ညီလေးရဲ့ အရွယ်အစားကို သတ်မှတ်ပေးပါတယ်။ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ နေထိုင်မှု၊ စားသောက်မှု နည်းစနစ်များက ကွီးတို့ရဲ့ ကျန်းမာရေးနဲ့ ထိခိုက်စေနိုင်သလို ကွီးတို့ညီလေးရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အတွေ့အကြုံရင့်သန်တဲ့ ဘီးကျဲ တို့ကတော့ ထိုအမှားမျိုး မလုပ်ဘဲ အခုဖော်ပြပေးမယ့် လျှို့ဝှက်ချက် များကို ကျင့်သုံးကြပါတယ်။ ဒီလျှို့ဝှက်ချက်များကတော့ ကွီးတို့ ညီလေးရဲ့ အရွယ်အစားကို သဘာဝအတိုင်းကြီးလာအောင် ကူညီပေးပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်တဲ့ ခံစားချက်ကို ပေးစွမ်းမှာပဲဖြစ်ပါတယ်။

လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်း

ဘီးကျဲ လျှို့ဝှက်ချက်

လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းသည် ညီလေး အရွယ်အစားကို သဘာဝအတိုင်းက ကြီးမားလာစေပြီး အချိန်ကြာကြာ နိုးထနိုင်အောင်လည်း ကူညီပေးမှာပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းအားဖြင့် ခန္ဓာကိုယ်တွင်းရှိ သွေးများက ကိုယ်တွင်းအင်္ဂါဆီသို့ ကောင်းမွန်စွာ စီးဆင်းနိုင်အောင် ကူညီပေးပြီး သွေးကြောများကိုလည်း သန့်ရှင်းသွားအောင် ကူညီပေးပါတယ်။

အကျင့်ဆိုးများကို ဖယ်ရှားခြင်း

ဘီးကျဲ လျှို့ဝှက်ချက်

ဆေးလိပ်သောက်ခြင်းသည် ညီလေးရဲ့ ကြီးထွားမှုအတွက် အဟန့်အတားဖြစ်စေပြီး ဆေးလိပ်၊ ဆေးရွက်ကြီးထဲတွင် ပါဝင်တဲ့ ဓာတုပစ္စည်းများသည် လိင်တံဆီသို့ သွေးမလျှောက်တော့အောင် တားဆီးနေတာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးအပြင် အခြားသော ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများပါ ထိခိုက်စေနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ များများစားသုံးခြင်း

ဘီးကျဲ လျှို့ဝှက်ချက်

ကျန်းမာပြီး ဖွံ့ထွားတဲ့ မြွေကြီးကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ များများစားသုံးသင့်ပါတယ်။ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များထဲတွင် ပါဝင်တဲ့ Antioxidants များသည် ကွီးတို့ မြွေကြီးရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပြီး သုံးမိနစ် ယမ်ယမ်ခေါက်ဆွဲလို့ အခေါ်မခံရအောင်၊ အချိန်ကြာကြာနဲ့ အမောခံနိုင်အောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

စိတ်ဖိစီးမှုများကို လျော့ချခြင်း

စိတ်ဖိစီးမှုများကို လျော့ချခြင်း

စိတ်ဖိစီးမှုများသည် ကွီးတို့ မြွေကြီးရဲ့ အရွယ်အစားကို ကျုံ့သွားစေနိုင်ပါတယ်။ ဒါသည် ဘာ့ကြောင့်လဲဆိုတော့ စိတ်ဖိစီးမှုကြောင့် ခံစားနေရတဲ့ ပျော်ရွှင်ဖွယ်မကောင်းတဲ့ စိတ်ခံစားချက်သည် လိင်တံဆီသို့ သွေးများ စီးဆင်းမှုကို အဟန့်အတားဖြစ်စေလို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုများကြောင့် ဘာညာ ဘာညာ လုပ်ဖို့လည်း စိတ်ပါတော့မှာမဟုတ်ပါဘူး။

ရေနွေးနွေးဖြင့် ရေချိုးခြင်း

ရေနွေးနွေးဖြင့် ရေချိုးခြင်း

ရေနွေးနွေးဖြင့် ရေချိုးခြင်းသည် လိင်တံဆီသို့ သွေးစီးဆင်းမှုများ တိုးမြှင့်လာအောင် ကူညီပေးပြီး အရွယ်အစား ကြီးမားလာအောင် ကူညီပေးနိုင်ပါတယ်။ ရေနွေးနွေးဖြင့် ရေချိုးခြင်းသည် ခန္ဓာကိုယ်အတွက် ကောင်းကျိုးများ ပေးစွမ်းနိုင်သည်သာမကဘဲ ကွီးတို့ရဲ့ ဖွားဖက်တော်အတွက်လည်း ကျန်းမာရေး အထူးကောင်းမွန်စေပါတယ်။

အထက်ဖော်ပြပါ အချက်များကတော့ အတွေ့အကြုံရှိတဲ့ ဘီးကျဲ တွေပဲ ကျင့်သုံးကြတဲ့ လျှို့ဝှက်ချက် များပဲဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ မှန်မှန်ပြုလုပ်ပေးဖို့ လိုအပ်ခြင်းပဲဖြစ်ပါတယ်။ ကိုယ့်ရှော်တီလေးနဲ့ ဘာညာ ဘာညာလုပ်တော့မယ်ဆိုမှ ကောက်ကာငင်ကာ ထလုပ်လို့မရပါဘူး။ နီးမှ ကောက်လုပ်ရင် သိကြားမင်းတောင် ကွီးတို့ကို ကူညီနိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ဂရုတစိုက်နဲ့ မှန်မှန်ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ ညီလေးက အရွယ်အစား ကြီးလာအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးစားလေ့ရှိပါသလဲ။

Source: Lybrate

Featured Image: Sexinfoonline