ခရီးသွားရတာ မကြိုက်တဲ့ သူတော့ ရှိမယ်မထင်ပါဘူး။ ခရီးသွားခြင်း က ကိုယ်ရော စိတ်အတွက်ပါ အထောက်အကူပြုပြီး အတွေ့အကြုံအသစ်တွေ၊ အမှတ်တရအသစ်တွေ ပေးစွမ်းနိုင်ပါတယ်။ တစ်ကိုယ်တော် ခရီးသွားသည် ဖြစ်စေ၊ အုပ်စုလိုက်ခရီးသွားသည်ဖြစ်စေ၊ တစ်မျိုးစီတော့ စိတ်ကြည်နူးပျော်ရွှင်စေတာ အမှန်ပါပဲ။ တကယ်လို့ ကွီးတို့က သူငယ်ချင်းတွေနဲ့ အမှတ်တရတွေ ငယ်ရွယ်စဉ်မှာ ဖန်တီးချင်တယ်ဆိုရင်တော့ အုပ်စုလိုက် ခရီးထွက်တာက တကယ်ကိုစိတ်ကူးကောင်းပါပဲ။ ဒီ‌ဆောင်းပါးလေးမှာတော့ ဘော်ဒါတွေနဲ့ ခရီးထွက်လို့ကောင်းတဲ့ နေရာအချို့ကို ဖော်ပြပေးချင်ပါတယ်။

Las Vegas

ဘော်ဒါတွေနဲ့

Photo : ww.visitlasvegas.com
ဘော်ဒါတစ်သိုက်နဲ့အတူ အမြဲတတ်ကြွပြီး တောက်ပနေတဲ့ မြို့မှာ ပျော်ပျော်ပါးပါး အတွေ့အကြုံတွေကို ခံစားချင်ရင်တော့ Las Vegas မြို့ကို ရွေးချယ်လိုက်ပါ။ Las Vegas က တောက်ပသော မီးရောင်များနှင့် ကာစီနိုလောင်းကစားရုံကြီးများ ဝန်းရံထားရုံမျှမက ကောင်းမွန်သော ပြင်ပစွန့်စားမှုများကို ခံစားဖို့အတွက်လည်း တော်တော်လည်း အဆင်ပြေပါတယ်။ ဒါ့အပြင် တကယ်ကို စိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ကောင်းတဲ့ Nightlife ကို Las Vegas မှာ ခံစားနိုင်ပါတယ်။

ကမ္ဘောဒီးယား

ဘော်ဒါတွေနဲ့

Photo : Encyclopedia Britannica
ကွီးတို့ဘော်ဒါတွေနဲ့ အာရှထဲမှာပဲ လည်ပတ်ချင်ရင်တော့ ကမ္ဘောဒီးယားနိုင်ငံကို ရွေးချယ်ခြင်းကလည်း စိတ်ကူးကောင်းပါပဲ။ အရင်ဆုံး ဦးစားပေး လည်ပတ်ရမှာကတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ အန်ကာဝမ် ဘုရားကျောင်းပဲ ဖြစ်ပါတယ်။ ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်လည်းဖြစ်ပြီး နိုင်ငံခြားသားတွေလည်း အများအပြား လာရောက်ကြပါတယ်။ ဒါ့အပြင် အန်ကာဝပ်အဝင် မြို့ဖြစ်တဲ့ Siem Reap မြို့မှာ လည်ပတ်ကာ အရသာရှိတဲ့အစားအစာတွေကို မြည်းစမ်းရင်းနဲ့ ဘော်ဒါတွေနဲ့ အချိန်ကောင်းတွေ ဖန်တီးတီးနိုင်ပါတယ်။

ချင်းမိုင်

ဘော်ဒါတွေနဲ့

Photo : KAYAK
ကွီးတို့ ဘော်ဒါတစ်သိုက်နဲ့အတူ နီးနီးနားနားပဲ လည်ပတ်ချင်ရင်တော့ ထိုင်းနိုင်ငံက ချင်းမိုင်ကိုသာ ရွေးချယ်လိုက်ပါ။ ချင်းမိုင်က တောင်ခြေမှာ ရှိတဲ့ မြို့ဖြစ်ပြီး စိတ်လှုပ်ရှားဖွယ် တတ်ကြွတဲ့ ပွဲတော်များ၊ ဘုရားစေတီများ၊ လှပတဲ့ Night Markets များကြောင့် စည်ကားလှပြီး ခရီးသွားများအတွက် အရောင်အသွေးစုံလင်လှတဲ့ ခံစားမှုပေးစွမ်းမှာပါ။ ဒါ့အပြင် ရူးရူးရှဲရှဲ ထိုင်းအစားအစာများကိုလည်း မြည်းစမ်းလို့ ရပါသေးတယ်။

Saud Beach

Photo : Flickr
ကွီးတို့ ဘော်ဒါတွေနဲ့ ကမ်းခြေမှာပဲ Chill ချင်တယ်ဆိုရင်တော့ ကမ္ဘာ့အလှပဆုံး ကမ်းခြေထဲမှာပါတဲ့ ဖိလစ်ပိုင်နိုင်ငံ၊ Luzon ကျွန်းက Saud ကမ်းခြေ ရှိပါတယ်။ ဒီကမ်းခြေက သဲဖြူဖြူတွေနဲ့ ကြည်လင်သောရေတွေက ကတကယ်ကို ကွီးတို့ကို အဆုံးမရှိ ကြည်လင်တဲ့ရေကူးကန်ထဲမှာ ရေကူးနေရတဲ့ခံစားချက်မျိုး ပေးစွမ်းနိုင်မှာပါ။ အေးချမ်းတဲ့ လှိုင်းဖွေးဖွေးတွေနဲ့ ထိတွေ့ရတာဟာ တကယ်ကို စိတ်ကျေနပ်မှုရရှိစေမှာ အသေအချာပါပဲ။ ကွီးတို့အနေနဲ့ အရှေ့တောင်အာရှမှာပဲ လှပတဲ့ကမ်းခြေကို သွားချင်ရင်တော့ ဒီကမ်းခြေလေးကိုရွေးချယ်လိုက်ပါ။

ဟနွိုင်း

Photo : VietReader Viet Nam
ကွီးတို့ ဘော်ဒါတွေနဲ့ အားလပ်ရက်မှာ ခရီးသွားဖို့ တိုင်ပင်ထားပြီး ဘယ်ကို လှိမ့်ရမှန်းမသိသေးရင် ဗီယက်နမ်နိုင်ငံ ဟနွိုင်း မြို့ကို ရွေးချယ်လိုက်ပါ။ ကွီးတို့အားလုံး ယဉ်ကျေးမှုအသစ်တွေကို တွေ့ကြုံခံစားနိုင်ရုံသာမက ဒီချစ်စရာကောင်းတဲ့မြို့လေးက ကွီးတို့ရဲ့ အာရုံကို အပြည့်အဝဖမ်းစားသွားမှာ သေချာပါတယ်။ ဗီယက်နမ်ရဲ့ ဒေသအစားအစာတွေ အများကြီးကို မြည်းစမ်းရင်း အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးခဲ့ဖို့ မမေ့ပါနဲ့။

ကွီးတို့ရေ အတွေ့အကြုံအသစ်တွေကို စူးစမ်းရင်း ဘော်ဒါတွေနဲ့ လှိမ့်ဖို့ ဒီနေရာလေးတွေက တကယ်ကို အမိုက်စားပါပဲ။ ကိုယ်ချစ်ခင်ရတဲ့ ဘော်ဒါတွေနဲ့ တစ်ခေါက်လောက်တော့ အတူတကွ ခရီးထွက်ဖြစ်အောင် ထွက်ပြီး ဘဝရဲ့ အမှတ်တရတွေကို ဖန်တီးလိုက်ပါ။

Featured Photo : New York Post