ကွီးတို့ရေ ပိတ်ရက်မှာ ဘော်ဒါတွေနဲ့ ပျော်ပျော်ရွှင်ရွှင် အချိန်ကုန်ဆုံးဖို့ ပိုကောင်းတဲ့ နည်းလမ်းကို ရှာနေပါသလား။ ဒါဆိုရင်တော့ မိုဘိုင်းလ်ဂိမ်းတွေ အတူတူဆော့လို့ ရပါတယ်နော်။ အခုနောက်ပိုင်းမှာ စမတ်ဖုန်းနဲ့လည်း အလန်းစား ဂိမ်းအများအပြားကို ကစားလို့ရနေပါပြီ။ ထိုအထဲမှ ရေပန်းစားတဲ့ ဂိမ်းတွေဖြစ်တဲ့ Call of Duty၊ Genshin Impact တို့လို ဂိမ်းတွေက Single Player နဲ့ရော၊ Multi Players အနေနဲ့ပါကစားလို့ရတာ ကွီးတို့ သိပြီးသားဖြစ်မှာပါ။ ဒါ့အပြင် ဘော်ဒါတွေနဲ့ ဂိမ်း ကစားဖို့ ဘယ်လို အလန်းစား မိုဘိုင်းလ်ဂိမ်း‌ တွေရှိသေးလဲ ဆိုတာကြည့်လိုက်ရအောင်။

(၁) Mario Kart Tour

Source : TapGameplay

ကွီးတို့ ဘော်ဒါတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကစားလို့ရတဲ့ Multi Players မိုဘိုင်းလ် ဂိမ်း တစ်ခုကတော့ Mario Kart Tour ပဲဖြစ်ပါတယ်။ အရင်တုန်းက Mario ဂိမ်းလေးကို ကွီးတို့တော်တော်များများ ကစားဖူးကြမှာပါ။ ကစားသမား ၇ ယောက်အထိ ကစားလို့ရတာကြောင့် ဘော်ဒါတွေနဲ့အတူ ဒီဂိမ်းလေးကစားရင်း ငယ်ဘဝ အမှတ်တရတွေကို ပြန်လည် တူးဖော်လိုက်ပါ။

(၂) Asphalt 9: Legends

Source : Asphalt

ဘော်ဒါတွေနဲ့ ကားမောင်းပြိုင်ချင်ပါသလား။ ဒါဆိုရင်တော့ အပြိုင်အဆိုင် စိတ်လှုပ်ရှားပြီး ကစားရမဲ့ Asphalt 9: Legends ဆိုတဲ့ Racing ဂိမ်းလေးရှိပါတယ်။ ဒီဂိမ်းကို iOS၊ Android နဲ့ Windows မှာပါ ကစားလို့ရပါတယ်။ ကွီးတို့ကြိုက်နှစ်သက်ရာ ကားအမျိုးအစားကို ရွေးချယ်ပြီး ကားမောင်းပြိုင်လိုက်ပါ။ တကယ်ကိုမိုက်တဲ့ Graphics တွေနဲ့ ကွီးတို့စိတ်ကို ကျေနပ်စေမှာပါ

(၃) Among Us

Source : TapGamePlay

ကွီးအပါအဝင် ကွီးတို့ ဘော်ဒါတွေက Among Us ဖန်တွေဆိုရင်တော့ ဒီဂိမ်းလေးက ဆော့ကိုဆော့ကြည့်ရမဲ့ ဂိမ်လေးပါ။ ဒီဂိမ်းမှာ ထွက်ခွာရန်အတွက် အာကာသယာဉ်ကို ပြင်ဆင်ရာတွင် ကစားဖော်များနှင့် ပူးပေါင်းရမှာဖြစ်ပြီး ရန်သူပါတာကြောင့် အတုအယောင်ကိုလည်း သတိထားရမှာ ဖြစ်ပါတယ်။ ရိုးရှင်းတယ်လို့ ထင်ရသော်လည်းပဲ အမှန်တကယ် စိတ်ဝင်စားဖွယ် ကောင်းတာကြောင့် ဘော်ဒါတွေနဲ့ တစ်ခါလောက် ကစားကြည့်ပါ။ ဒီဂိမ်းမှာ ကစားသမား ၄ ဦးကနေ ၁၀ ဦးအထိ ကစားလို့ရပါတယ်။

(၄) Sky : Children of Light

Source : thatgamecompany

ဒီဂိမ်းလေးကတော့ ၂၀၂၀ မှာထွက်ရှိခဲ့ပြီး အကောင်းဆုံးစွန့်စားခန်း ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီ ဂိမ်းရဲ့ Graphics တွေကလည်း တကယ်ကိုကောင်းမွန်ပြီး စွန့်စားခန်းတွေ၊ စိတ်ဝင်စားဖွယ်တွေနဲ့ ပြည့်နှက်နေတဲ့ ဂိမ်းတစ်ခုပါပဲ။ ကွီးတို့ကို မပျင်းစေမှာ သေချာတာမို့ ကစားကြည့်လိုက်ပါဦး။

(၅) RunScape

Source : RunScape

ကွီးတို့ရေ သူငယ်ချင်းများနဲ့အတူ စွန့်စားသူများအဖွဲ့တစ်ဖွဲ့ ဖွဲ့ကာ ပူးပေါင်းတိုက်ပွဲများဆင်နွှဲပြီး ပြည့်စုံသောရှာဖွေမှုများ သို့မဟုတ် ရန်သူများကို ရင်ဆိုင်လိုက်ပါ။ ဒီဂိမ်းကလည်း စိတ်ဝင်စားဖွယ်ကောင်းတာကြောင့် ကွီးတို့ဆော့ကြည့်ဖို့ မမေ့နဲ့နော်။

ကွီးတို့ရေ ဒီဂိမ်းတွေက ကွီးတို့ ပျင်းချိန်မရှိအောင် စိတ်ဝင်စားဖွယ်ကောင်းတာကြောင့် ဒီပိတ်ရက်မှာ ဘော်ဒါတွေနဲ့ ကစားကြည့်လိုက်ပါ။

Source : Pockettactic

Featured Photo : Games