ယောကျာ်းတစ်ယောက် ကြည့်ကောင်းတယ် ၊ မကောင်းဘူးဆိုတာဟာ ရုပ်ရည်ကိုပဲ ကြည့်ပြီး ဆုံးဖြတ်တာ မဟုတ်ပါဘူး။ သင်က ဟောလိဝုဒ်စတားတွေလောက် ချောမောနေဖို့ မလိုပေမယ့် ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်ကို အကောင်းဆုံး အနေအထားမှာ ထိန်းထားမယ်ဆိုရင်တော့ ပိုပြီးကြည့်ကောင်းတဲ့ လူတစ်ယောက် ဖြစ်လာမှာ သေချာပါတယ်။ ဒီတစ်ခေါက်တော့ ကွီးတို့ ကို ပိုပြီး ကြည့်ကောင်းတဲ့ လူတစ်ယောက် ဖြစ်လာစေမယ့် အရိုးရှင်းဆုံး နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။

(၁) ဘော်ဒီကို ထိန်းပါ

Workout

Photo : Eat This Not That

အရမ်းကြီး ရုပ်ချောတဲ့အထဲ မပါရင်တောင် ဘော်ဒါမိုက်ရင် ဆွဲဆောင်မှုရှိတဲ့ ယောကျာ်းတစ်ယောက်လို့ ပြောလို့ ရပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ် အချိုးအစား ကျစ်ကျစ်လျစ်လျစ်နဲ့ တောင့်တင်းကြံ့ခိုင်တဲ့ ဘော်ဒီကို ထိန်းထားနိုင်ဖို့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်ကစားဖို့ လိုပါတယ်။ ကွီးတို့ လေ့ကျင့်ခန်း ပုံမှန်လုပ်တာဟာ ရုပ်ပိုင်းကြံ့ခိုင် ရုံတင်မကပဲ စိတ်ပါ ကြည်လင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုမြင့်လာစေနိုင်ပါတယ်။

(၂) စတိုင်မိမိ ဝတ်ပါ

Fashion

Photo : DMARGE

လူတစ်ယောက်ရဲ့ ပုံပန်းအသွင်အပြင်ကို အများကြီး ပြောင်းလဲစေတာဟာ ဝတ်ပုံစားပုံ ဖက်ရှင်စတိုင် ပါပဲ။ ကြည့်ကောင်းနေတဲ့ လူတစ်ယောက်ဖြစ်ဖို့ ကိုယ်ပုံစံနဲ့ လိုက်ဖက်မှုရှိတဲ့ ဖက်ရှင်ကို ရွေးချယ် ဝတ်ဆင်တက်ရမှာပါ။ အဝတ်အစားဝတ်တဲ့အခါ ဘယ်တော့ မရိုးသွားတဲ့ Timeless ဖက်ရှင်တွေကို ဦးစားပေး ဝတ်သင့်သလို ခေတ်ပေါ်  Trend ဖြစ်နေတဲ့ ဖက်ရှင်တွေကိုလည်း အပြောင်းအလဲလုပ် ဝတ်ဖို့ လိုပါတယ်။ ကွီးတို့ စတိုင်မိမိနဲ့ ကြည့်ကောင်းတဲ့ လူတစ်ယောက် ဖြစ်ချင်ရင်တော့ ဖက်ရှင်အပေါ် ရင်းနှီးမြုပ်နှံဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

(၃) အသားအရေ ထိန်းသိမ်းပါ

skin care

Photo : Aaron Wallace

အသားအရေ ထိန်းတယ်ဆိုတာ အလှအပ တစ်ခုတည်းအတွက်တော့ မဟုတ်ပါဘူး။ ယောကျာ်းလေးတွေအနေနဲ့ ရုပ်ရည်သွင်ပြင် ကြည့်ကောင်းပြီး မိမိကိုယ်ကိုယ် ယုံကြည်မှု မြင့်နေဖို့ အသားအရေ ထိန်းသိမ်းမှုဟာ လိုအပ်တာပဲ မဟုတ်လား ? ရှုပ်ထွေးတဲ့ Skincare အဆင့်တွေ မလိုပါဘူး။ မျက်နှာသစ်ဆေး သုံးတာ ၊ SPF ပါ နေလောင်ကာခရင်မ် လိမ်းတာ ၊ အစိုဓာတ်ထိန်းခရင်မ် Moisturizer သုံးတာနဲ့ အရေပြားဆဲလ်သေတွေ ဖယ်ရှားဖို့ Exfoliate လုပ်ရင်ပဲ လုံလောက်ပါပြီ။

(၄) စိတ်ဖိစီးမှု နည်းအောင်နေပါ

Stress Relief
Photo : North Shore News

စိတ်ဖိစီးမှုတွေက ရုပ်ကျစေတယ်ဆိုတာ ငြင်းလို့ မရပါဘူး။ စိတ်ရဲ့ အတွင်းပုံရိပ်က မျက်နှာပေါ်မှာ လာထင်ဟပ်ပါတယ်။ စိတ်ဖိစီးမှုများရင် အိပ်ရေးပျက်မယ် ၊ မျက်ကွင်းညိုမယ် ၊ ဝက်ခြံထွက်မယ် ၊ မျက်နှာအသားအရေ ညစ်နွမ်းမယ် စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ ဒါကြောင့် ကွီးတို့ စိတ်ကျန်းမာရေးကို သေချာလေး ဂရုစိုက်ပေးပါ။ စိတ်ပျိုရင် ကိုယ်နုတယ်ဆိုတဲ့ စကားနဲ့အညီ စိတ်ကို ကျန်းမာရွှင်လန်းအောင် နေထိုင်မယ်ဆိုရင်တော့ နုပျိုလန်းဆန်းမှုတွေနဲ့ တက်ကြွတဲ့ အမျိုးသားတစ်ယောက် ဖြစ်နေမှာပါ။

Source : Tiege Hanley

Featured Photo : The Jacket Maker Blog