စပိန်လက်ရွေးစင်ဟောင်း ဖာဘရီဂတ်စ်ဟာ လီယွန်နယ် မက်ဆီ အပေါ် လှောင်ပြောင်ခဲ့တဲ့ ပီအက်စ်ဂျီ ပရိသတ်တွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး အသင်းရဲ့ တစ်သက်တာမှာ ဒီလိုကစားသမားမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူးလို့ ပြောကြားခဲ့ပါတယ်။


Photo : Esquire

ပီအက်စ်ဂျီအသင်းဟာ ယခုလအစောပိုင်းမှာ မက်ဆီ ရဲ့ပြိုင်ဘက်အသင်းဟောင်း ရီးရဲလ်မက်ဒရစ်အသင်းကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရတာဖြစ်ပြီး အာဂျင်တီးနားသားဟာ ဘော်ဒိုးနဲ့ပွဲအပြီးမှာ ပီအက်စ်ဂျီ ပရိသတ်တွေရဲ့ ပစ်မှတ်ထား လှောင်ပြောင်တိုက်ခိုက်ခဲ့တဲ့ ကစားသမားတွေထဲက တစ်ယောက် ဖြစ်ပါတယ်။

မက်ဆီအနေနဲ့ ပြင်သစ်မှာ သူ့ရဲ့အကောင်းဆုံး ခြေစွမ်းကို ပြန်လည်ရယူဖို့ ရုန်းကန်နေခဲ့ရပြီး လီဂူးဝမ်းပြိုင်ပွဲမှာ ပီအက်စ်ဂျီအတွက် ၂ ဂိုးသာ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖာဘရီဂတ်စ် ကတော့ မက်ဆီကို ပီအက်စ်ဂျီ ပရိသတ်တွေ အားပေးမှသာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို မြင်ရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဘာစီလိုနာအသင်းမှာ မက်ဆီရဲ့ ကစားဖော်ဟောင်းဖြစ်ခဲ့တဲ့ ဖာဘရီဂတ်စ်က ” သူတို့ (ပရိသတ်) က လစာအများကြီး ပေးရတယ် ၊ ရီးရဲလ်မက်ဒရစ်ကို ရှုံးသွားတယ် ၊ အဲ့ဒါပဲသိတာ ဟုတ်ပါပြီ ၊ ဒါပေမယ့် သူတို့ အနိုင်မလိုချင်ဘူးလား ၊ အဲ့ဒါက အရင်ဖြစ်ရမှာ ”

” ပီအက်စ်ဂျီ နဲ့ သူတို့ လောလောဆယ် ဘာမှမရသေးပေမယ့် လိဂ်ဖလား သေချာပေါက် ဆွတ်ခူးနိုင်လိမ့်မယ် ၊ ခင်ဗျားတို့ အခုမှရောက်လာတဲ့ ကစားသမားတစ်ယောက်အကြောင်း ပြောနေတာပါ ၊ ပီအက်စ်ဂျီမှာ ဒီလိုကစားသမား တစ်ခါမှ မရှိခဲ့ဖူးပါဘူး ၊ သူ့ကို အပြစ်မတင်ပဲ ကျေးဇူး တင်ပြီး အားပေးရမှာ ၊ ဒီနှစ် ဒါမှမဟုတ် နောက်နှစ်တွေမှာ သူတို့က ခင်ဗျားတို့အတွက် ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ယူဆောင်ပေးလိမ့်မယ် ”

” ပီအက်စ်ဂျီနဲ့ ဘာဖြစ်နေလဲ ကျွန်တော်သိတယ် ၊ ပရိသတ်တွေက ကစားသမားတွေနဲ့ တင်းမာတဲ့ အခိုက်အတန့်တွေကို ဖန်တီးချင်ကြတာ ၊ ပြိုင်ပွဲမှာ သူတို့ ကစားသမားတွေရဲ့နာမည်ကို အော်ပြီး အားပေးချင်ပေးလိမ့်မယ် ၊ ဒါပေမယ့် ဟိုတစ်နေ့က နေမာ ဘောလုံးလွတ်သွားတုန်းကနဲ့ ဘောလုံးထိနေမိတဲ့အခါတွေမှာ ဟိုဟိုဒီဒီ လေချွန်တာတွေ တွေ့ခဲ့ရတာက အရမ်းအကျည်းတန် ရုပ်ဆိုးလွန်းပါတယ် ” လို့ Marca သတင်းဌာနက ကိုပြောခဲ့ပါတယ်။


Photo : JOE.co.uk

အသက် ၃၄ နှစ် ရှိပြီဖြစ်တဲ့ မက်ဆီကတော့ ယခုနှစ်အနှောင်းပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အာဂျင်တီးနားနဲ့ သူ့ရဲ့ လက်ရွေးစင်အသင်း အနာဂတ်ကို စဉ်းစားမယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးအဆင့် လက်ကျန်ပွဲစဉ်မှာ အာဂျင်တီးနားက ဗင်နီဇွဲလားကို ၃ – ၀ ဂိုးနဲ့ အနိုင်ရပြီးနောက် မက်ဆီက ” ကမ္ဘာ့ဖလားပြီးရင် ကျွန်တော်ဘာလုပ်ရမလဲ မသိသေးဘူး ၊ ဘာဖြစ်လာမလဲဆိုတာကို စဉ်းစားနေပါတယ် ၊ ကာတာပြီးရင် ကျွန်တော် အများကြီး ပြန်သုံးသပ်ရဦးမယ်” လို့ ပြောခဲ့ပါတယ်။

Featured Photo : SPORTbible