မနက်စောစော အိပ်ရာထ ဖြစ်ဖို့က ထင်သလောက် မလွယ်ကူပေမယ့် ပုံမှန်လုပ်ရိုးလုပ်စဉ် အလေ့အကျင့်တစ်ခု ဖြစ်လာတာနဲ့ ကွီးတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ အကျိုးပြုနိုင်ပါတယ်။ လေ့လာမှုတွေအရ ထိပ်တန်းရောက် အောင်မြင်နေသူ အများစုဟာ မနက်ခင်းမှာ ခပ်စောစော အိပ်ရာထလေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။ မနက်စောစောအိပ်ရာထခြင်းက ဘယ်လိုကောင်းကျိုးတွေ ရှိနိုင်လဲ ? ဘာကြောင့် ကျွန်တော်တို့ မနက်ခင်းစောစော အိပ်ရာထသင့်လဲဆိုတဲ့ အချက်တွေနဲ့ ပတ်သတ်ပြီး ဒီဆောင်းပါးလေးမှာ ဆွေးနွေးပေးချင်ပါတယ်။

(၁) ကိုယ့်အတွက်ကို အချိန်ပိုရစေတယ်

Fit man

Photo : Men’s Journal

မနက်စောစော အိပ်ရာထခြင်းရဲ့ အကျိုးကျေးဇူးတွေထဲက တစ်ခုကတော့ ပုံမှန်ထက် အချိန်ပိုအနည်းငယ် ပိုထွက်လာတာပါပဲ။ ရိုးရိုးလေးတွေးကြည့်ပါ။ ပုံမှန် မနက် ၈ နာရီမှ အိပ်ရာထ တာထက် မနက် ၅ နာရီမှာ ပြောင်းပြီး အိပ်ရာထမယ်ဆိုရင် အချိန်ပို ၃ နာရီလောက် ပိုထွက်လာမှာပါ။ ဒီအချိန်တွေ အတွင်းမှာ ကိုယ့်ဝါသနာအတွက် အချိန်ပေးတာ ၊ အသစ်အဆန်းတစ်ခုခု လေ့လာတာ ၊ အားကစား လုပ်ဆောင်တာ ၊ တရားထိုင်တာ စတာတွေကို လုပ်ဆောင်နိုင်ပါလိမ့်မယ်။

(၂) ကောင်းမွန်တဲ့ အိပ်စက်မှုရစေတယ်

Sleeping Man

Photo : Pexels

မနက်စောစော အိပ်ရာထ လေ့ရှိသူတွေဟာ ညဘက်မှာလည်း ခပ်စောစော အိပ်ပျော်သွားလေ့ရှိပါတယ်။ မနက်ခင်းမှာ အစောကြီး အိပ်ရာထခြင်းဟာ အလေ့အကျင့်တစ်ခုအနေနဲ့ ဖြစ်လာပြီဆိုတာနဲ့ ခန္ဓာကိုယ်က အလိုအလျောက် တုန့်ပြန်ချက်အရ ညဘက်မှာ စောစောအိပ်ရာဝင်ဖြစ်ဖို့ ၊ စောစောအနားယူဖို့ကို ပိုစိတ်ဝင်စားလာပါလိမ့်မယ်။ စောစောအိပ်ရာဝင်တာက ကောင်းမွန်တဲ့ အိပ်စက်မှုကို ရစေဖို့အထောက်အကူဖြစ်စေပြီး ကွီးတို့ရဲ့ ခန္ဓာကိုယ်စွမ်းအင်နဲ့ စိတ်ခံစားချက်တွေကို မြှင့်တင်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

(၃) မနက်စာပုံမှန် စားဖြစ်စေတယ်

man eating breakfast

Photo : Men’s Health

အိပ်ရာထနောက်ကျလို့ မနက်စာမစားဖြစ်တဲ့ရက်တွေ လူတိုင်းကြုံဖူးကြမှာပါ။ စောစောအိပ်ရာ ထတဲ့အခါမှာတော့ မနက်စာကောင်းကောင်း စားဖို့ အချိန်လုံလောက်စွာရစေပြီး ကျန်းမာရေးနဲ့ညီညွတ်ပြီး ခွန်အားဖြစ်စေတဲ့ အရသာရှိတဲ့ မနက်စာကို စားသုံးဖို့အတွက် အလိုအလျောက် စိတ်ဆန္ဒလည်း ရှိလာပါလိမ့်မယ်။ မနက်စာဟာ တစ်နေ့တာလုံးအတွက် အရေးကြီးဆုံး အစားအစာတစ်နပ် ဖြစ်ပါတယ်။ အာဟာရ ပြည့်ဝတဲ့ မနက်စာတစ်နပ်ဟာ တစ်နေ့တာလုံးအတွက် စိတ်ရောကိုယ်ပါ တက်ကြွမှုလန်းဆန်းမှုတွေကို မြှင့်တင်ပေးနိုင်ပါတယ်။

(၄) စိတ်ဖိစီးမှု နည်းစေတယ်

Photo : Success Magazine

မနက်စောစော အိပ်ရာထခြင်းဟာ ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုတွေကို ပိုမိုကောင်းမွန်စေပြီး အပြုသဘောဆောင်တဲ့ အတွေးတွေပိုမို ရရှိစေနိုင်ပါတယ်။ ညဘက်စောစော အိပ်ရာဝင်ပြီး မနက်စောစော အိပ်ရာထတဲ့အခါမှာ အိပ်စက်ချိန် လုံလုံလောက်လောက်ရရှိတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေဟာ ပိုမိုကောင်းမွန်နေပြီး တစ်နေ့တာလုံးမှာ ကြုံတွေ့ရမယ့် စိတ်ဖိစီးမှုနဲ့ ဖိအားတွေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

(၅) အာရုံစူးစိုက်မှု ပိုကောင်းစေတယ်

man

Photo : Job Smulders

မနက်ခင်းအချိန်ဟာ ဦးနှောက်ရဲ့လန်းဆန်းတက်ကြွမှု အရှိဆုံးအချိန် ဖြစ်ပါတယ်။ လန်းဆန်းတက်ကြွပြီး စိတ်ခံစားချက်တွေ ကောင်းမွန်နေစေတဲ့အတွက် ဘာပဲလုပ်လုပ် ထိထိရောက်ရောက်လုပ်နိုင်ဖို့ ပိုလွယ်ကူပါတယ်။ စောစောစီးစီး အိပ်ရာထတဲ့အခါ ကိုယ့်ရဲ့ အာရုံစိုက်နိုင်စွမ်း မြင့်မားနေတာကို တွေ့ရမှာဖြစ်ပြီး တစ်နေ့တာအတွက် အရေးကြီးတဲ့ လုပ်စရာလေးတွေကို အာရုံစိုက်ပြီး လုပ်ဆောင်နိုင်မှာ ဖြစ်တာကြောင့် အလုပ်တွင်ပြီး စွမ်းဆောင်ရည် မြင့်တက်လာမှာ ဖြစ်ပါတယ်။

Featured Photo : Life and Trendz – Lifestyle | Fashion