လေ့လာမှုတွေအရ အိမ်ထောင်သည် စုံတွဲတွေဟာ နှစ်ဦးသား ရင်ခုန်စရာအချိန်တွေ ဖန်တီးဖို့အတွက် စိတ်လွတ်လက်လွတ်ရှိတဲ့ စနေ/တနင်္ဂနွေ ရုံးပိတ်ရက် Weekend လိုနေ့တွေကို ရွေးချယ်ဖြစ်ကြတာများတယ်လို့ ဆိုပါတယ်။ မှန်ပါတယ် Weekday တွေ အထူးသဖြင့် တနင်္လာနေ့လို့ ရက်တွေမှာတော့ Monday Blues ဖြစ်တာတစ်ကြောင်း ကိုယ်စီ အလုပ်တာဝန်တွေနဲ့ ဖိအားများနေတာက တစ်ကြောင်းကြောင့် ဒီလိုနေ့တွေမှာ ချစ်တင်းနှောဖို့ စိတ်ကူးသိပ်မရှိကြပါဘူး။ သို့သော် လူတော်တော်များများ မုန်းတဲ့ တနင်္လာနေ့ မနက်ခင်းတွေမှာ လိင်ဆက်ဆံခြင်းဟာ ကွီးတို့ထင်မှတ်မထားလောက်တဲ့ ကောင်းကျိုးသက်ရောက်မှုတွေ ရှိနေပါတယ်။

(၁) မနက်ခင်း လေ့ကျင့်ခန်း တစ်ခုပါပဲ

Photo : Freepik

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဖို့ အချိန်သိပ်မရတဲ့ Monday မနက်ခင်းတွေမှာ လိင်ဆက်ခြင်းဟာ လေ့ကျင့်ခန်း လုပ်ဖြစ်စေမယ့် နည်းလမ်းကောင်းတစ်ခုပါပဲ။ ဟုတ်ပါတယ် လိင်ဆက်ဆံမှု တစ်ကြိမ်ပြုလုပ်ခြင်းဟာ ပြေးစက်ပေါ်မှာ ၁၅ မိနစ်ခန့် ပြေးတာနဲ့ တူညီပြီး ကယ်လိုရီ ၂၀၀ ခန့် လောင်ကျွမ်းစေမှာ ဖြစ်ပါတယ်။ တစ်ပတ်ကို ပျှမ်းမျ တစ်ကြိမ်ခန့် တစ်ကြိမ်လျှင် မိနစ် ၂၀ ပုံမှန် လိင်ဆက်ဆံပါက တစ်နှစ်လျှင် ကယ်လိုရီ ၇၅၀၀ ခန့်လောင်ကျွမ်းမှာဖြစ်ပြီး ကျန်းမာကြံ့ခိုင်မှုတွေကို သီးသန့်လေ့ကျင့်ခန်း လုပ်ယူစရာမလိုပဲ ရရှိစေမှာ ဖြစ်ပါတယ်။

(၂) စိတ်ကို ရှင်းလင်းစေတယ်

Morning with special person you love

Photo : Freepik

Monday မနက်ခင်းတွေဟာ ပုံမှန်အားဖြင့် စိတ်ရှုပ်စရာ ၊ စိတ်ဖိစီးစရာတွေနဲ့ ပြည့်နေတာပါ။ တနင်္လာနေ့ မနက်ခင်းမှာ လိင်ဆက်ဆံတာဟာ ဒီလို အခြေအနေတွေကို အကောင်းဆုံး တွန်းလှန်ဖို့အတွက် နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ မနက်ခင်း လိင်ဆက်ဆံခြင်းဟာ သဘာဝအတိုင်း စိတ်ဖိစီးမှုတွေကို ပြေလျော့သက်သာစေပြီး အနည်းဆုံး နောက်ထပ် ခုနစ်ရက်အထိ စိတ်ကြည်လင်ရှင်းလင်းစေတဲ့ အကျိုးအာနိသင်ကို ခံစားရရှိစေနိုင်မှာ ဖြစ်ပါတယ်။

(၃) ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်

Couple Hugging Bed

Photo : Freepik

ကွီးတို့က မကြာခဏ ဖျားနာတက်တယ် ၊ နေမကောင်းဖြစ်တက်တယ်ဆိုရင် ကိုယ်ခံအား အားနည်းနေတာ ဖြစ်နိုင်ပါတယ်။ ဒီအတွက်တော့ စိတ်မပူပါနဲ့။ ကိုယ်ခံအားစနစ်မြှင့်တင်နိုင်ဖို့ အာဟာရပြည့်ဝအောင်စားတာ ၊ အိပ်ရေးဝဝ အိပ်တာတွေအပြင် လိင်ဆက်ဆံခြင်းဟာလည်း နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် မနက်ခင်းမှာ လိင်ဆက်ဆံတဲ့ စုံတွဲတွေဟာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ Immunoglobulins ပမာဏကို ၃၀ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်ပြီး ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

(၄) ငယ်ရွယ်နုပျိုစေတယ်

Close-up portrait from back of brunette guy embracing pretty european girl in bedroom. Indoor photo of smiling beautiful lady in woolen shirt touching husband's hair.

Photo : Freepik

ကျန်းမာပြီး ငယ်ရွယ်နုပျိုခြင်းတွေကို ပိုင်ဆိုင်နိုင်ဖို့ အသားအရေ ထိန်းသိမ်းတာအပြင် ကွီးတို့လုပ်နိုင်တာတစ်ခုက မနက်ခင်း ချစ်တင်းနှောခြင်းပါပဲ။ လိင်ဆက်ဆံခြင်းဟာ အိုမင်းရင့်ရော်ခြင်းကို ဆန့်ကျင်တဲ့ DHEA ဟော်မုန်းဓာတ်တွေကို မြှင့်တင်ပေးပြီး ရှိရင်းစွဲအသက်ထက် ၅ ဆ စိတ်ရောကိုယ်ပါ နုပျိုလန်းဆန်းစေဖို့ ကူညီပေးပါတယ်။

(၅) အောက်စီတိုစင် ထုတ်လွှတ်ပေးတယ်

Couple Hugging Bed
Photo : Freepik

Monday မနက်ခင်းတွေဟာ ရုံးပြန်တက်ရမှာကို စိုးရိမ်တဲ့စိတ်တွေ ၊ ရုံးတက်ဖို့ လန်းဆန်းတက်ကြွမှုမရှိတာတွေကြောင့် စိတ်ကြည်လင်လန်းဆန်းမှုတွေ ပျောက်ဆုံးနေတက်ပါတယ်။ ဒီအခြေအနေကို ကုစားဖို့အတွက်ဆို မနက်ခင်း လိင်ဆက်ဆံခြင်းဟာ အကောင်းဆုံး အဖြေတစ်ခုပါပဲ။ လိင်ဆက်ဆံတာက ခံစားမှုကောင်းမွန်စေတဲ့ အောက်စီတိုစင် ဟော်မုန်းဓာတ်တွေကို ထုတ်လွှတ်ပေးပြီး စိတ်ခံစားမှုကို မြှင့်တင်ပေးကာ စိတ်တည်ငြိမ်မှုနဲ့ ပျော်ရွှင်မှုတွေကို ရရှိခံစားရစေဖို့ ကူညီပေးပါတယ်။

ကဲဒါဆို Weekend မှာပဲ  ချစ်ကြည်နူးတစ်တူတီးနေကျ စုံတွဲတွေအနေနဲ့ Monday မှာပြောင်းပြီး ရင်ခုန်စရာ အချိန်တွေ ဖန်တီးလိုက်ပါ။

Featured Photo : Freepik