စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု မရှိတဲ့ သူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ နေ့စဉ်ဘဝထဲမှာ ထိတွေ့ဆက်ဆံပြောဆိုနေရတဲ့ သူတွေထဲမှာ မရင့်ကျက် တဲ့ သူတွေပါနေတယ်ဆိုရင် သေချာတာကတော့ သင့်ကို စိတ်ဖိစီးစေပြီး စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုတွေကို ဖြစ်ပေါ်စေမှာပါ။ ဒီလို အခြေအနေတွေကို စိတ်ရှည်ရှည်နဲ့ ကိုင်တွယ်ဖြေရှင်းချင်တယ် ဆိုရင်တော့ ဒီဆောင်းပါးကို ဖတ်ဆက်ကြည့်ပါ။

(၁) သင့်ရဲ့ ကန့်သတ်ချက်တွေကို လိုက်နာပါ

Emotionally Immature People

Photo : Divine You

အခြားသူတွေရဲ့ အပြုအမူတွေ ၊ ပြောဆိုဆက်ဆံပုံတွေကို သင်ထိန်းချုပ်လို့ မရနိုင်ပေမယ့် သင့်ကိုယ်ပိုင်နယ်နိမိတ် စည်းမျဉ်းကို သင်ကိုယ်တိုင် လေးစားလိုက်နာမယ်ဆိုရင်တော့ အဆင်မပြေတဲ့ အခြေအနေတွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။ သင့်သတ်မှတ်ထားတဲ့ ဘောင်တစ်ခုကို ကျော်လွန်ပြီး ဘယ်အရာကိုမှ လက်မခံပါနဲ့။ သင်လက်ခံလို့ မရတဲ့အရာတွေကို ပြတ်ပြတ်သားသား ငြင်းပယ်ခြင်းဟာ သင့်ကို စိတ်အေးချမ်းမှုပေးနိုင်မယ့် အကောင်းဆုံး အဖြေတစ်ခု ဖြစ်ပါတယ်။

(၂) တုန့်ပြန်မှုတိုင်းကို လိုက်မခံစားပါနဲ့

Emotionally Immature People

Photo : Parade.com

မရင့်ကျက် တဲ့ လူတွေနဲ့ ဆက်ဆံ ပြောဆိုတဲ့အခါ သူတို့ရဲ့ တုန့်ပြန်မှုတိုင်းကို လိုက်ပြီး ခံစားမနေဖို့ အရေးကြီးပါတယ်။ သေးငယ်တဲ့ အပြုအမူလေးတွေကအစ သင်လိုက်ခံစားနေမယ်ဆိုရင် သင့်အတွက် လေးလံမှုတွေ ၊ ပင်ပန်းစရာတွေက လွဲရင် ဘာမှ အကျိုးမရှိနိုင်ပါဘူး။ လျစ်လျူရှုလို့ ရတဲ့ အခြေအနေတွေကို လျစ်လျစ်ရှုထားလိုက်တာ အကောင်းဆုံးပါပဲ။

(၃) ကိုယ့်ပုံစံအတိုင်း ကိုယ်ရှင်သန်ပါ

Emotionally Immature People

Photo : iMOM

လူတစ်ယောက် သင့်အပေါ် ဘယ်လောက်ပဲ ကလေးဆန်တဲ့ အပြူအမူတွေ ၊ မရင့်ကျက် တဲ့ အမူအရာတွေ လုပ်ဆောင်နေပါစေ သင့်ရဲ့ တုံ့ပြန်မှုတွေကတော့ တည်ငြိမ်ပြီး ရင့်ကျက်မှု ရှိနေရပါမယ်။ သူတို့ သင့်အပေါ် ပြုမူလုပ်ဆောင်သလို သင်လိုက်တုန့်ပြန်လို့ မရပါဘူး။ တစ်ဖက်လူက လွဲမှားနေတယ် ဆိုရင်တောင် သင်က သင့်ပုံစံအတိုင်း တည်ငြိမ်ရင့်ကျက်မှု ရှိရှိ တုန့်ပြန်ပြောဆိုမယ်ဆိုရင် သူတို့အမှားကို သူတို့ကောင်း ကောင်း သိလာစေမှာဖြစ်ပြီး အဲ့ဒီလူတစ်ယော်ကို ပိုကောင်းတဲ့ အခြေအနေဆီသို့ပင် ပြောင်းလဲနိုင်အောင် တွန်းအားဖြစ်စေနိုင်ပါတယ်။

Source : Times Of India

Featured Photo : Yahoo