သရဲနီ ကစားသမား အာမက် ဒီယာလိုဟာ မလေးရှားနိုင်ငံမှာ ကစားခဲ့တဲ့ ရာသီလွန် ချစ်ကြည်ရေးပွဲစဉ် ပြီးဆုံးပြီးနောက်မှာ ပြင်းပြင်းထန်ထန် လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့တဲ့ မလေးရှား ပရိသတ်တွေကို လက်ခလယ်ထောင်ပြခဲ့ပြီး ၎င်းရဲ့ အဆိုပါအပြုအမူနဲ့ ပတ်သတ်လို့ ပြန်လည်ချေပ တုန့်ပြန်လာခဲ့ပါတယ်။

Amad Diallo

Photo : Goal.com

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ ဆိုးရွားတဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာနဲ့ ပြီးဆုံးခဲ့သလို ယူရိုပါလိဂ်ဖိုင်နယ်မှာလည်း စပါးအသင်းကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါတယ်။ ယခုအခါ ချစ်ကြည်ရေးပွဲစဉ်အဖြစ် အာဆီယံ အောစတားအသင်းနဲ့ ကစားခဲ့ရာမှာလည်း မြန်မာလက်ရွေးစင် ကစားသမား မောင်မောင်လွင်ရဲ့ ၁ လုံးတည်းသော သွင်းဂိုးနဲ့ ထပ်မံ ရှုံးနိမ့်ခဲ့ပြန်တာ ဖြစ်ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ မလေးရှားက ပရိသတ်တွေဟာ အာမက်ရဲ့ အမေကို ထိပါးပြီး ပြင်းပြင်းထန်ထန် လှောင်ပြောင်ခဲ့တာကြောင့် တောင်ပံကစားသမားဟာ လက်ခလယ်ထောင်ပြပြီး ပြန်လည်တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အာမက်ဟာ ၂၀၂၄ – ၂၀၂၅ ဘောလုံးရာသီမှာ သရဲနီတို့အတွက် အားထားရတဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့လို့ ပရိသတ် ချီးကျူးမှုတွေ များစွာရခဲ့တာပါ။ အခုချိန်မှာတော့ သူ့အမေကို ထိပါးစော်ကားခဲ့တဲ့ မလေးရှားပရိသတ်တွေကို ပြန်လည်ရိုင်းပြတုန့်ပြန်ခဲ့ပေမယ့် အာမက်အနေနဲ့ သူ့ရဲ့လုပ်ရပ်နဲ့ ပတ်သတ်ပြီး နောင်တမရဘူးလို့ ထုတ်ဖော်ပြောကြား လိုက်ပါတယ်။

Amad Diallo
Photo : Goal.com

အာမက်ဟာ သူရဲ့ဆိုရှယ်မီဒီယာ (X) ကနေတဆင့် ” ကျွန်တော်အနေနဲ့ ပရိသတ်တွေကို လေးစားပါတယ်။ ဒါပေမယ့် ကျွန်တော့်အမေ့ကို စော်ကားတဲ့သူတွေတော့ မပါဘူးပေါ့။ ကျွန်တော် ဒီလိုပုံစံမျိုး မတုံ့ပြန်သင့်ဘူးဆိုတာ သိပေမယ့် ဒီလုပ်ရပ်အပေါ် ကျွန်တော် နောင်တမရပါဘူး။ မလေးရှားမှာ ကျွန်တော်တို့ လူကောင်းတွေနဲ့လည်း တွေ့ဆုံခွင့်ရခဲ့ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

Source : Goal.com

Featured Photo : Goal.com